အရက်သေစာကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားခဲ့ရ

မှုခင်း ကျဆင်းရေး ပညာပေး ဟောပြောပွဲ
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားလျက် ရှိခဲ့တဲ့ အမှုခင်းများဟာ အရက်သေစာ သောက်စားမှုများကြောင့် အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ စက်ဆန်း ကျေးရွာ စက္ကလေး ရပ်ကွက်မှာ ပြုလုပ်ခဲ့တဲ့ မှုခင်း ကျဆင်းရေး ပညာပေး ဟောပြောပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက် အရ သိရပါတယ်။

ဒီလို အရက်သေစာ သောက်စားမှုကြောင့် လူသတ်မှု ၊ မုဒိမ်းမှုတို့ အများဆုံး ဖြစ်တာ ဖြစ်ပါတယ်။ အခုလို လူသတ်မှုတွေ ဖြစ်ပွား ရခြင်း ဟာ လက်စား ချေလိုစိတ် ၊ မနာလိုစိတ် ၊ လောဘ စိတ်တို့ေ ကာင့် သတ်မှု ၊ ရုတ်တရက် ဒေါသကြောင့် သတ်မှု ၊ စိတ်ရော ဂါကြောင့် သတ်မှုနဲ့ မုဒိမ်းမှုတွေ ဖြစ်ပွား ရခြင်းဟာလည်း အ ရက်မူးပြီး စိတ်ကြွ ပြုလုပ်ခြင်း ၊ ကလေးများအား မုန့် ၊ ငွေေ ကြးပေးပြီး မြူဆွယ်ခြင်း ၊ ၀တ်စားဆင်ယင်မှု မလုံခြုံခြင်း ၊ သမီးရည်စား ချိန်းတွေ့ခြင်းတို့မှ ဖြစ်ပွားလေ့ ရှိတယ်လို့ သိရ ပါတယ်။

အဆိုပါ လူသတ်မှု ၊ မုဒိမ်းမှုတွေကို ဖြစ်ပေါ် လာစေခြင်းဟာ လိုင်စင်မဲ့ အရက်ရောင်းခြင်း ၊ လောင်းကစားခြင်း ၊ ဘာသာ တရား ကိုင်းရှိုင်းမှု မရှိခြင်း ၊ အသိပညာ ၊ အခြေခံ အသိတရား နည်းပါးခြင်း ၊ သည်းခံစိတ်နည်းကာ ခိုက်ရန် ဖြစ်ပွားခြင်းတို့ဟာ လူသတ်မှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ အချက်တွေ ဖြစ်ပြီး အနောက်တိုင်း ယဉ်ကျေးမှုကို အတုခိုးခြင်း ၊ ကာမရာဂ စိတ်ြ ကွဆေးများ သုံးစွဲခြင်း၊ ငွေကြေး လိုလားခြင်း ၊ လူသူကင်းမဲ့ အချိန်မတော် သွားလာခြင်းတို့ဟာ မုဒိန်းမှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မှုခင်းတွေ ဖြစ်ပွားမှုတွေကို ကျဆင်းစေရန် အတွက် စာများများဖတ်ရန် လိုအပ်ကြောင်း ၊ အသိပညာ တိုးတက်ရန် လိုအပ်ကြောင်းနဲ့ ဘာသာတရားနဲ့ ယဉ်တွဲ နေထိုင်ပါက အဆိုပါ မှုခင်းတွေ ဖြစ်ပွားမှုကို ကျဆင်း စေတယ်လို့ သိရပါတယ်။
Mrtv-4
အရက်သေစာကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားခဲ့ရ အရက်သေစာကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားခဲ့ရ Reviewed by သစ်ထူးလွင် on 15:07 Rating: 5

1 comment:

aung san lin said...

ရဲ အရာရှိကြီးများ ၊ ဥပဒေ လူကြီးများ လတ်စားမှု့များကြောင့်လဲ ဥပဒေ အမှန်တရားများပျောက်ဆုံးနေတာကြောင့် ဥပဒေ ကို ကိုင်တွယ်တက်မှသာလျှင် မှု့ခင်းဖြစ်ပွားမှု့နည်းပါးမည်ဖြစ်သောကြောင့် လတ်ပေး လတ်ယူ ပြုလုပ်မှုများကို ဦးစွာနှိမ်နှင်းသင့်ပါကြောင်း ထိုမှတဆင့် ပြည်သူတွေကို စာပေဟောပြောပွဲလုပ်သင့်ကြောင်း လို့ကျုပ်ကတော့ထင်တယ် ၊ ဥပဒေဘောင်ထဲမှာ စည်းကမ်းမဲ့နေသ၍ ပြည်သူတွေအတွင်းမှာ ရာဇ၀တ်မှု့တွေ ပေါ်များနေကြအုံးမှာပဲ....ရျွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက် ဆိုတာ ကျုပ်တို့အားလုံးကြားဘူးကြတာပဲ....ဒါကြောင်ြ့ပည်သူတွေကို နောက်မှပြော သင့်တယ်....ဥပဒေ ကိုအတည်ပြုနိုင်အောင် လုပ်ဆောင်သင့်တယ်..

Powered by Blogger.