ကျောက်ဖြူ-မူဆယ်ရထား |
”စက်ခေါင်းမောင်းကို မြန်မာ လူမျိုးပဲသုံးမယ်ဆိုတဲ့ သဘောတူ ညီချက်က ရှိထားတယ်။ ဒီတော့ မြန်မာဘက်က အလုပ်အကိုင်ပိုရ မယ်။ နောက်ပြီး ဖြတ်သန်းရတဲ့ လမ်းတစ်လျှောက်က ကုန်တွေကို လည်း သယ်ယူပို့ဆောင်ပေးဖို့လည်း ရှိတဲ့အတွက်ဒေသခံတွေဝင်ငွေတိုးစေ မှာပါ”ဟု¤င်းကထပ်လောင်းပြောသည်။ ယင်းအတွက်ေ ကြာင့် တရုတ် ပြည် ယူနန်မှ ကုန်စည်များ မြန်မာ ဘက်သို့ပိုမိုဝင်ရောက်နိုင်ဖွယ်ရှိသည့် အပြင်၊ မြန်မာဘက်မှလည်း ကုန် စည်များပိုမိုတင်ပို့သွားနိုင်ဖွယ်လည်း ရှိသည့် အတွက် ကုန်သည်တို့မျှော်လင့် နေကြကြောင်း ကျောက်ဖြူမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။ ”ဒီစီမံကိန်းက ကောင်းတာ ပေါ့၊ နောက်ပြီး ဒီမှာကြားနေရတာ က လူစီးပါ ပါမယ်ဆိုတော့ ခရီး သွားရတာလည်းအဆင်ပြေတယ် လေ။ ဒီလိုမှမဟုတ်ရင် ရခိုင်က ရေလမ်းကိုပဲ အဓိကထား သွား နေရတာကြောင့်ပါ”ဟု ကျောက် ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ-ကူမင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်း လုပ်ဆောင်နေပြီဖြစ်ရာ ကျောက်ဖြူ- မူဆယ်ရထားလမ်း ပိုင်းမှာ ထိုစီမံကိန်းနှင့် ပတ်သက် ဆက်သွယ်မှု မရှိဟု မြန်မာ့ မီး ရထားမှ ငြင်းဆိုသည်။
သို့သော်လည်း ကုန်းတွင်း ပိတ်ဒေသများရှိနေသည့် တရုတ် နိုင်ငံအတွက်မူ တခြားနိုင်ငံများ ဆီမှကုန်စည်များအားသယ်ဆောင် နေရသည့်အတွက် ထိုထက်အချိန် မြန်ကာ ကုန်ကျစရိတ်သက်သာ စေမည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းကို အစဉ်အားကိုး သွားဖွယ်ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။
မင်းသုအောင်
ပေါ်ပျူလာဂျာနယ်
ကျောက်ဖြူ-မူဆယ် ရထားလမ်း
Reviewed by သစ်ထူးလွင်
on
11:11
Rating:
No comments:
Post a Comment