ဧရာဝတီတိုင်း
ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်အတွင်းက ၁၂ နှစ်အရွယ်
မိဘမဲ့ကလေးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့
ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကျုံ
ပျော်မြို့နယ် အင်းရဲကြီးရွာမှာနေတဲ့ အသက် ၁၂ နှစ်အရွယ်
ဖောင်စီးလာဟာ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ အဒေါ်ဖြစ်သူရဲ့ နေအိမ်ကနေ
သူ့နေအိမ်ကို အပြန်မှာ သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပြပါတယ်။
“ကလေးမလေး
က အသက် ၁၂ နှစ်။ ကျောင်းတက်တာက အင်းရဲကျွန်း အလကခွဲ အဲဒီမှာ
ပဉ္စမတန်းကျောင်း တက်နေတာ။ သုံးနာရီမှာ ကျောင်းဆင်းပြီးတော့
ပြန်လာတော့ သူ့အဒေါ်အိမ်မှာ မုန့်ဟင်းခါးချက်တော့ အဲဒီမှာ
မုန့်ဝင်စားတယ်။ ပြီးတော့ သူ့အိမ်အတွက်
ချိုင့်လေးနဲ့ထည့်ပြီးတော့ ပြန်သွားတဲ့အချိန်မှာ တယောက်တည်း
ဖြစ်သွားတယ်။ အဲဒီမှာ လူပြတ်သွားတဲ့အချိန်မှာ ကောင်လေးက အသက် ၁၇
နှစ်လောက်ရှိမယ်။ အဓမ္မပြုကျင့်တာပေါ့။ ကောင်မလေးလည်း သေသွားတယ်။
သူကတော့ ထွက်ပြေးသွားတယ်။ မျက်မြင်သက်သေတွေကတော့
တွေ့တော့တွေ့တယ်။ ဘာမှန်းမသိလိုက်ဘူး။ နောက်မှကောင်မလေးမလာလို့
အိမ်က လိုက်လာတော့ ကောင်မလေးသေနေတာကို တွေ့ရတယ်။ သေသွားတော့
ကျုံပျော်ဆေးရုံကို ခေါ်လာပြီး ဆေးစစ်လိုက်တော့
ပြုကျင့်တဲ့အနေအထားလည်း တွေ့တယ်။ နောက်ပြီး လည်ပင်းကို
ခြစ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မျက်နှာကို
ပွန်းပဲ့နေတဲ့ဒဏ်ရာတွေကို တွေ့တယ်။ အဲဒါတွေကို ကောက်ချက်ဆွဲပြီး
သူတို့က ပုဒ်မ ၂ ခုတပ်တာပေါ့။ လူသတ်မှုရယ်။ မုဒိမ်းမှုရယ်။ အဲဒီ ၂
ခုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတာ။”
သေဆုံးသူ
ကလေးငယ်ဟာ အင်းရဲကြီးရွာရဲ့ အလယ်တန်းခွဲကျောင်းမှာ ပဉ္စမတန်း
သင်ယူနေသူဖြစ်ပြီး သူ့မိဘနှစ်ပါးလုံးဟာ ၂၀၀၈ နာဂစ်မုန်တိုင်း
တိုက်ခိုက်စဉ်က သေဆုံးသွားခဲ့ပါတယ်။ သူ့ကို အဒေါ် တော်စပ်သူ
ဒေါ်ကျင်လှက အုပ်ထိန်းသူအဖြစ် ကျွေးမွေးပြုစုထားတာလို့ ဆိုပါတယ်။
ကလေးငယ်ကို
အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူကိုတော့ ကျုံပျော်မြို့နယ်
ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဓမ္မပြုကျင့်တယ်လို့
စွပ်စွဲခံရသူဟာလည်း အသက် ၁၇ နှစ်ရှိပြီး ဆယ်လေး
ချောင်းရွာသားဖြစ်ပါတယ်။ အင်းရဲကြီးရွာမှာ အင်းသားအဖြစ်
အလုပ်လုပ်နေသူလို့ အဲဒီဒေသခံက ပြောပါတယ်။ သူ့ကို ရဲစခန်းမှာ
ထိန်းသိမ်းထားပြီး အရေးယူထားတယ်လို့ ကျုံပျော်ရဲစခန်းက
အတည်ပြုပြောဆိုပေမယ့် အသေးစိတ်ပြောဖို့ ငြင်းဆိုထားပါတယ်။
“အစ်မတို့မေး
တဲ့ကိစ္စနဲ့ပတ်သက်လို့ လောလောဆယ်တော့ အမှုဖွင့်ဆောင်ရွက်နေတယ်။
စခန်းမှူးကို လောလောဆယ် ဘာမှသတင်း မပို့ရသေးလို့
ကျနော့်အဆင့်နဲ့ ပြောလို့မရဘူးခင်ဗျ။”
ဒီလို
အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အခုလို ကလေးအခွင့်အရေး
ချိုးဖောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပေါ်ရတဲ့
အကြောင်းရင်းနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး
ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ရဲ့ ပြောခွင့်ရသူ
ဦးမောင်မောင်လေးက အခုလိုရှင်းပြပါတယ်။
“ကလေးအခွင့်
အရေး ချိုးဖောက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တွေ့ရသလောက်ဆိုရင်
အင်မတန်ကို များနေတယ်ဆိုတဲ့ အနေအထားမှာ ယျေဘုယျ
ကောက်ချက်ချလို့ရပါတယ်။ ဘာကြောင့် ဒီလိုအခွင့်အရေး
ချိုးဖောက်မှုတွေ ခံနေရတာလဲလို့မေးရင် တစ်အချက် ဥပဒေအရ ၁၉၉၃ ခု
ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေး ဥပဒေ နည်းဥပဒေတွေ
ပြဋ္ဌာန်းထားပေမယ့်လည်း အဲဒီဥပဒေတွေနဲ့အညီ ဆောင်ရွက်တာမရှိဘူး။
အဲဒီဥပဒေများနဲ့အညီ အကာအကွယ်ပေးနိုင်တဲ့ အခြေအနေက
အင်မတန်အားနည်းတယ်လို့ ပြောလို့ရပါတယ်။ နှစ်အချက်က ဒီလို
ကလေးသူငယ်တွေ ဥပဒေပိုမို ချိုးဖောက်ခံရခြင်း ကိစ္စများက
တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပါတယ်။ ချိုးဖောက်ခံရတဲ့
ကလေးသူငယ်တွေပေါ်မှာ ဥပဒေနဲ့အညီ တရားစီရင်ပြီးတော့ ဥပဒေရဲ့
အကာအကွယ် အပြည့်အဝ ပေးနိုင်တဲ့အခြေအနေ မရှိဘူး။”
ဒီဗွီဘီ
၁၂ နှစ်အရွယ် မိဘမဲ့ ကလေးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးဟုဆို
Reviewed by သစ်ထူးလွင်
on
20:30
Rating:
5 comments:
လူမှဟုတ်ပါသေးရဲ့လားဗျာ ... သား/သမီး ချင်း ကိုယ်ချင်းစာနာစိတ်လေး ထားပါတော့လား ဗျာ။
ဒီလိုပြသာနာမျိုးတွေခဏခဏဖြစ်နေတာဟာအင်မတန်မှရုပ်စိုးလှပါတယ်။
နောက်နှောင်ဘယ်သူမှမလုပ်ရဲအောင်ကြီးလေးသောပြစ်ဒါဏ်ကိုသာချမှတ်
သင့်ပါသည်။သေဒါဏ်ဥပဒေ သာချမှတ်ထားလျှင်မည်သူမျှလုပ်ဝံမည်
မဟုတ်တော့ပါ။
တရားဥပဒေစိုးမိုးမှုဘယ်လောက်ရှိသလဲဆိုတာ တိုင်းတာနေတာပဲ။ မြောက်ဥက္ကလာလူသတ်မှု၊ ၄၅ လမ်းလူသတ်မှု၊ (သတင်းမရေးရလို့ ပိတ်ပင်ထားတဲ့)အင်းလျားလမ်းလုသတ်မှု။ ပွင့်လင်းမြင်သာတဲ့ တရားမျှတမှုကို ပြသဖို့ အမှန်လိုနေပြီ။
ဥပဒေရဲ့ အပေါ်မှာ ဘယ်သူကျန်သေးလဲ...
ပြစ် မှုအလျေက် ဥပဒေကို တင်းကြပ် တိကျစွာ ဆောင်ရွက်သင့်ပြီး လူတိုင်း လူစိတ်မွေးနိုင် မှ ဖြစ် မယ်။
Post a Comment