တရုတ် ဗုဒ္ဓမြတ်စွယ်တော် အထက်မြန်မာပြည်က အလှူငွေ ဆက်လက်သိမ်းကျူံးယူနေ

မန္တလေးရောက် တရုတ် ဗုဒ္ဓမြတ်စွယ်တော်
တရုတ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော် ဖူးမြော်ရန်အတွက် တောင်ကြီးမြို့မှ မန္တ လေးမြို့သို့ သွားရောက်ဖူးမြော်ကြသူများပြား၍ တောင်ကြီး-မန္တလေးမော်တော်ယာဉ်လိုင်းများ အားလုံးနေ့စဉ် ကြိုတင်ဘိုကင်များဖြင့် ပြည့်နေပြီး ပုံမှန်စီးရေထက် သုံးဆတိုး၍ စီစဉ်ပေးနေရကြောင်း၊ ယာဉ်လိုင်းတာဝန်ရှိသူ များထံမှ သိရသည်။

နေပြည်နေတော်၊ ရန်ကုန်မြို့များသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်အပူဇော်ခံစဉ်က တောင်ကြီး မြို့မှ သွားရောက်ဖူးမြော်သူ အများအပြားရှိခဲ့သော်လည်း အများစုမှာအနီးဆုံး အပူဇော်ခံဌာန ဖြစ်သော မန္တလေးမြို့သို့ ယခုကဲ့သို့ အများအပြား သွားရောက်ဖူးမြော်ခြင်းဖြစ်ကြောင်း ဘုရားဖူးအဖွဲ့များထံမှ သိရသည်။

" ကျွန်တော်တို့ ယာဉ်လိုင်းမှာတောင်ကြီးကနေ မန္တလေးကို ယာဉ်စီးခတစ်ဦး ကျပ် ၆၀၀၀ ပဲယူ ပါတယ်။ ခါတိုင်းအချိန်တွေမှာ ပုံမှန်တစ်နေ့သုံးစီးပြေးဆွဲပေးနေမယ့် အခုမြတ်စွယ်တော် မန္တလေးကို ကြွတဲ့ရက် တွေမှာတော့ တစ်ရက်ကို ရှစ်စီးအထိ တိုးချဲ့ပြေးဆွဲပေးရုံးမက တချို့အဖွဲ့တွေဆို သီးသန့်စီးလုံးငှားပြီး သွားကြ တာ၊ တစ်ရက် နှစ်စီး၊ သုံးစီးရှိပါတယ်။ တောင်ကြီးကနေ ညနေ ၅ နာရီခွဲထွက်ပြီး မန္တလေးကို နောက်တစ်နေ့ မ နက် ၄ နာရီခွဲ၊ ၅ နာရီလောက် ဆိုက်တာမို့ ဘုရားဖူးခရီးသည်တွေအတွက် စွယ်တော်ဖူးဖို့ အချိန်အဆင်ပြေပါ တယ်။ ဘုရားဖူးသွားတဲ့သူများ လွန်းလို့ ကျွန်တော်တို့ ယာဉ်လိုင်းတစ်ခုတည်းမဟုတ်ဘဲ တခြားယာဉ်တစ်ခု တည်းမဟုတ်ဘဲ တခြားယာဉ်လိုင်းတွေလည်း ယာဉ်စီးရေတိုးချဲ့ပြေးဆွဲပေးနေရတယ်လို့ သိရပါတယ်" ဟုရွှေ တောင်ရိုးမော်တော် ယာဉ်စီးရေတိုးချဲ့ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်" ဟုရွှေတောင်ရိုးမော်တော် ယာဉ် လိုင်းမှ ဦးခင်မောင်ချစ်က ရှင်းပြခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် နတ်တော်လပြည့်နေဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့သည် လည်း တနင်္ဂနွေနေ့ဖြစ်သောကြောင့် ရုံးပိတ်ရက်ကျောင်းပိတ်ရက်များ ဖြစ်၍မိသားစုများမှာ မြစ်စွယ်တော်ဖူးရန် သာမက မန္တလေးမြို့ရှိ ဘုရားများများဖူးမြော်နိုင်သည့်အပြင် ပြင်ဦးလွင်၊ ရွှေပေါ်ကျွန်း၊ ပလိပ်မြို့ မြွေဘုရား အထိသွားရောက်ရန် အချိန်လုံလောက်ခဲ့၍ ယခုကဲ့သို့ စုပေါင်းသွားရောက်ခြင်းဖြစ်ကြောင်း ဆရာမတစ်ဦးက ပြောပြခဲ့သည်ဟု Weekly Eleven News Journal မှာ ရေးသားဖေါ်ပြထားပါတယ်။

တရုတ် ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ မှာ အလှူငွေ ကျပ်သန်းပေါင်း (၂၅၀၀) ကျော် တရုပ်နိုင်ငံ အတွက် ယူဆောင်သွားတဲ့ သတင်းအပေါ်မှာ MNN စာဖတ်ပရိတ်ရဲ့ မှတ်ချက်တွေကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
 ဒီလို အလှုမျိုးဟာ တကယ်ဘဲ လှုတဲ့သူအတွက် အကျိုးရှိသလားဆိုတာ ....

16 comments:

linkardipa-ashin said...
မှန်တယ်ကွ တကယ်တော့ ဒို့မြန်မာလူမျိုးတွေက ယုံကြည်မှုလွန်ကဲနေတာ တကယ်တမ်းကျတော့ အကျိုးရှိမည့် နေရာတွေကိုသာ လှူသင့်တယ် အခုစွယ်တော်က ဘာသာရေးကို အဓိကထားပီး လာတာမဟုတ်ဘူး သူတို့နိုင်ငံရေး အဆင်မပြေလို့ လေပြေထိုးတဲ့အနေနဲ့ လာတာ ဘာမှ မဟုတ်ဘူး စွယ်တော် အစစ်ပါလို့ ဘယ်သူအာမခံရဲလဲ
Lu Nga Tay said...
အထက်ပါအယူအဆကို ထောက်ခံပါတယ်.ဒါပေမဲ့ကိုယ်တိုင်ပြောချင်ပေမဲ့ ပြောလို့မထွက်ဘူးဖြစ်နေတယ်. ကိုယ်တိုက်ကအိတ်စိုက်လှူရတာမဟုတ်ဘဲ သူများလှူတာကို မုဒိတာ မပွားနိုင်တဲ့ ဝန်တို မစ္ဆရိယစိတကြီးထားရင် အပယ်လားမှာ စိုးကြောက်လို့ပါ။ တကယ် အမှန်တရားကို အရှိအတိုင်းခြေခြေမြစ်မြစ် ဝေဖန်ရမယ်ဆိုရင် MNN ကပြောသလိုပဲ ဒက်ထိပဲ..
တောရိုင်းနှင်းဆီ said...
စေတနာသဒ္ဒါတရားနဲ့ လှူဒါန်းကြတဲ့သူတွေ ရှိကြသလို ...... အာဏာပိုင်က ဆိုင်ရာ ပိုင်ရာတွေကို ဖိအားပေးပြီး အလှူငွေ ထည့်ဝင်ခိုင်းကြတာလဲ ရှိကြပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ... လှူဒါန်းကြတာတော့ ကောင်းပေမဲ့ ... တကယ်လိုအပ်တဲ့ နေရာ ... အကူအညီတွေ လိုအပ်နေတဲ့နေရာကို လှူဒါန်းတာက ပိုပြီး အကျိုးရှိစေတာ အမှန်ပါ ....
ပြည်သူအများစုဟာ ပြည့်စုံလုံလောက်နေလို့ မိမိတို့သဒ္ဒါတရားရှိရာကို စိတ်ကြိုက်လှူဒါန်းကြတာ အကြောင်းမဟုတ်ပေမဲ့ .... ကိုယ့်နိုင်ငံနဲ့ ပြည်သူလူထု အခြေအနေနဲ့ ယခုလို လှူဒါန်းတယ်ဆိုတာတော့ ... တခုခုတော့ မှားနေသလို ဖြစ်နေတယ် ... ဒီအလှူငွေတွေက တရုတ်ပြည်ကို ပေးအပ်ရမယ် ထင်တယ် ...... ဒီအလှူတွေမှာ ကိုယ်ကတော့ မပါခဲ့ပါဘူး ... ဒါပေမဲ့ ... မုဒိတာပွါးပြီး သာဓုမခေါ်နိုင်ခဲ့တာတော့ အမှန်ပါ ... ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်စိတ်ထဲမှာ ဒီအလှူငွေတွေကို ကိုယ့်နိုင်ငံက တကယ်လိုအပ်တဲ့ နေရာတွေ မရှိနွမ်းပါး ဆင်းရဲချို့တဲ့ကြတဲ့သူတွေကိုသာ လှူဒန်းဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ အတွေးဝင်နေခဲ့မိလို့ပါ ... အဲဒီလို အတွေးရှိခဲ့လို့ တကယ်လို့ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိခဲ့ရင်လည်း အပြစ်လို့ ထင်မြင်ယူဆမယ်လို့ မထင်ပါဘူး ....
ရေရှားတဲ့ဒေသမှာ ရွာတဲ့မိုးဟာ ... ရေတွေ ပေါကြွယ်နေတဲ့ ဒေသမှာ ရွာတဲ့မိုးထက် ပိုတန်ဖိုးရှိ ပိုအကျိုးရှိတတ်တာ သဘာဝပါ ........
Dhammawadi said...
စွယ်တော်ရယ်၊ ဆံတော်ရယ်၊ ရုပ်ပွါးတော်ရယ်၊ ဘယ်ဟာက တန်ခိုးပိုကြီးသလဲ။ တန်ခိုးကိုကိုးကွယ်မှာလား၊ ဘုရားအဆုံးအမကို ကိုးကွယ်မှာလား၊ ဆရာတော် ဥုးသုမင်္ဂလကဟောတယ် ဘာဘဲရှုံးရှုံးတဲ့ ဥာဏ်မရှုံးစေနဲ့ တဲ့။ ဥဏ်နဲ့ ယှဉ်တဲ့အ လှူကပိုပြီ မြင့်မြတ်ပါတယ်။ တရုတ်တွေကတော့ မြန်မာတွေကို ဘယ်လိုအချဉ်ဖမ်းရမယ်ဆိုတာ နပ်ပြီးသားမို့ လို့  သိပ်ပြီးမအကြပါနဲ့ လို့ ပြောချင်ပါတယ်။ နယ်စပ်ကနေခိုးယူတာ၊ ဗြောင်းယူတာ၊ အားမရလို့  ပြည်တွင်းကငွေကို လာနှိုက်တာ။ သိပ်ပြီးမအကြပါနဲ့ လို့ ထပ်ပြောချင်တယ်။
tko said...
မှန်တယ်...တရုတ်တွေလူလည်လုပ်သွားတာ
ကိုရင် said...
စွယ်တော်မြတ်ကို သဒ္ဒါလို့လှူဒါန်းပါတယ်။ အလှူငွေတွေဟာ တရုတ်ကို လှူတာမဟုတ်ပါဘူး။ စွယ်တော်မြတ်ကိုသာလှူတာပါ။ အလှူငွေကို တရုတ်တွေယူတယ်လို့ သဘောထားရင်၊ ဒါမှမဟုတ် နိုင်ငံရေးနဲ့ ချိန်ထိုးပြီး ကြည့်ရင် ဘာသာရေးအတွက် မကောင်းပါဘူး။ နိုင်ငံရေးဟာ နိုင်ငံရေးပါ။ ဘာသာရေးဟာလည်း ဘာသာရေးပါဘဲ။ ဘာသာရေးကသာ ပိုမွန်မြတ်တာပါ။ ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချလိုက်ရင် နောက် တစ်ကြိမ် စွယ်တော်မြတ်ကြွလာရင်ဘဲဖြစ်ဖြစ်။ ကိုယ်တိုင်သွားရောက်လို့ဘဲဖြစ်ဖြစ် ကြည်ညိုမှု ပြက်ပြားနိုင်ပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး မရောတာ အကောင်းဆုံးပါ။ သတင်း ဆောင်းပါးရှင်များ ရောထွေးမရေးသင့်ပါ။
အဆွေးလူ said...
သြော်....
ကျုပ်တို့ နိုင်ငံမှာ ကိုးကွယ်ရာမရှိရော့လေသလား....
သူများနိုင်ငံက ခုတုံးလုပ်သွားတဲ့ ဗုဒ္ဓစွယ်တော်ကိုမှ ကိုးကွယ်ရာထင်နေကြတယ်....
မိမိအိမ်က ဘုရားကို ဆွမ်းပုံမှန်ပဲကပ်ကြပါဦးရွှေမြန်မာတို့ ရေ...........
Unknown said...
ဒါကြောင့်ဖြစ်မယ်...ခပ်ရွတ်ရွတ် တစ်ယောက်က မြန်မာတွေ ဘယ်နေရာတော်
လဲလို့ ဖွလိုက်တော့ စိတ်ဆိုးလိုက်ကြတာ...တရုတ်က စွယ်တော်အစစ်ဆိုပြီး
အပူဇော်ခံ....မြန်မာပြည်တွင်းမှာလဲ ဘုရားတွေ စွယ်တော်တွေ အများကြီးပါ..
နောက်ဆုံးတော့ ပိုက်ဆံတွေ တရုပ်ပြည်ရောက်ကုန်တာဘဲ။တရုပ်ပြည်ကအပေါ
စားတွေကို ဈေးကြီးပေးဝယ်။ကိုယ့်ပြည်တွင်းက အဖိုးတန်တွေ ဈေးပေါပေါနဲ့
ထုတ်။ဘုရားတောင်မှ တရုတ်စွယ်တော်က အစစ်ဆို ရိုက်သွားသေးတယ်။
ဒီအတိုင်းသာဆက်သွားယင် နောက် နှစ် ၅၀ ဆို ဗမာပြည်မွဲလောက်တယ်။
k said...
that is right
Saw Kyaw said...
ဘာဘဲပြောပြောဗျာ ကျွန်တော်တို့မြန်မာလူမျိုးတွေကိုက ညံ့တာပါ။
ဘာသာရေးကို တိုက်ခိုက်ပြောတာတော့ မဟုတ်ပါဘူး။ အဲဒီငွေတွေ လှူလိုက်တာ
ဘုရားဆီရောက်သွားပါတယ်ဆိုတာ ဘာနဲ့အထောက်အထားပြမလဲ ?
အမှန်ကတော့ အဲဒီငွေတွေဟာ ဆင်းရဲမွဲတေနေတဲ့ အောက်ခြေလူတန်းစားတွေ
အတွက်၊ စစ်ဘေးဒါဏ်သင့်လို့ ဒ့ကဃရောက်နေတဲ့ တိုင်းရင်းသားတွေအတွက်
ဖြစ်သွားမယ်ဆိုရင် သိပ်ကောင်းမှာပါဗျာ။
Zaw Zaw Aung said...
I agree with this statement.
Iမြန်မာလူမျိုးတွေ ရဲ့  လှူဒါန်းပုံမှာ လွဲမှားနေသည်ဟု ယူဆပါသည်။
All we can do now is to educate your parents, relatives, neighbors to think wisely and direct the donation to needing monasteries around the country as much as we can.
Saw Kyaw said...
ကျုပ်တို့အစိုးရကလဲ ရခိုင်ပြည်က ခိုးလာတဲ့ ဆင်ဖြူတော်ကြီးတွေကို တရုပ်
နိုင်ငံကို လှည့်လည်ပြသ အပူဇော်ခံပြီး အဲဒီငွေတွေ ပြန်ရအောင်လုပ်ကြည့်ပါလား
ဒါမှမဟုတ် ကျုပ်တို့တိုင်းပြည်မှာလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ အစစ်အမှန်ကျန်ခဲ့
တဲ့ တံခိုးကြီးပစ္စည်းတွေရှိတာဘဲ သာသနာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး
အခုလိုမျိုး တရုပ်ပြည်မှာ သွားပြီး အပူဇော်ခံ အလှူခံကြည့်ပါလား ငွေတော့ရမှာ
မဟုတ်ဘူး တရုပ်ကနေ ဗမာပြည်ကို လေးဘက်ထောက်ပြီးပြန်လာရမှာသေချာတယ်။
my love said...
မလိုအပ်တဲ့နေရာမှာ လှူဒါန်းခြင်းဟာ ဥာဏ်ပညာမပါတဲ့အတွက် အကျိုးမရဘူးမဟုတ်ပေမယ့် အကျိုးမများတာတော့ ဘုရားဟောကျမ်းဂန်များမှာ အတိအကျပြဆိုထားပါတယ်၊ တရုတ်ဆိုတာ လူသားစိတ်မရှိသူတွေ ယုတ်မာရိုင်းစိုင်းတဲ့သူတွေဆိုတာ တကမ္ဘာလုံးသိပါတယ်
chronic said...
အော် မြန်မာတွေ မြန်မာတွေ ...အဲ့ဒီ ငွေတွေ လိုအပ်နေတဲ့ နေရာတွေ ..ငတ်နေတဲ့ လူတွေ အများကြီး ကို လှူရင် ပိုမမြတ်ပေဘူးလား...
ဗုဒ္ဒဘုရားရှင် ရှိနေရင် မြန်မာတွေ စိတ်ဓာတ် အယူအဆ တွေ လွဲမှားနေတာတွေ ဆုံးမလိုက်မဲ့ ဖြစ်ခြင်း..
အနောက် နိုင်ငံတွေ ရဲ့ အယူဝါဒ က သာ မှားနေကြတာ..စိတ်ဓာတ် ပိုင်းမှာ တော့ ဘုရား ဆုံးမတော် မူ ခဲ့ တဲ့ အတိုင်းကျင့်ကြံ ကြတယ်..
အလှူ ဒါန မှာ ဆိုလည်း သူတို့ လုပ်ကိုင်ပုံက လေးစားဖို့ကောင်းတယ်
............မြန်မာ မြန်မာ...ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ လူတွေက ဘယ်လိုတွေ ဖြစ်ကုန်တာ လဲ....
အော် တခုရှိ သေးတယ်...ကြုံတုန်း ပြောပြလိုက်ပါတယ်..
ကမ္ဘာအေး မှာ စွယ်တော် ရောက်တော့ ဖူးကြ တဲ့ လူတွေ ပြောပြ တာ ကြားရတာက ...တခါဖူးဖို့ ၄ နာရီ ကြာတယ်တဲ့.....
ည ရောက်တော့ ပိတ်ပြီ ဆိုတာနဲ့ ဗိုလ်ချုပ် တွေ အတွက် အကောင် ပလောင်တွေ အတွက်ဆို ပြီး သီးသန့် ဖူးခွင့် ရကြတယ်လို့ ကြားရပါတယ်..
ဘုရားရှင်ရဲ့ စွယ်တော် အစစ် တာမှန်ရင် ဒီမြေပေါ်တောင် မကြွသင့် တော့ပါဘူး...သိပ်ကို အကျင့်ပျက်ပြီး...လုံးဝမသန့်ရှင်းတော့တဲ့ တိုင်းပြည် ဖြစ်နေပါပြီ..အာဖရိက က ဆိုမာလီ နိုင်ငံတောင် မျော်လင့်ချက်ရှိပါသေးတယ်
DeDe said...
ဆရာတော်ကြီးတွေလည်း အလှူအတန်း ကုသိုလ်ပြုဖို့ တရားပြကြပါတယ်။ ဘယ်လိုလှူရတန်းရမယ်ဆိုတာလည်း ဟောကြားကြပါတယ်။ နာယူတဲ့သူတွေက တလွဲဆံပင်ကောင်းနေကြတာရယ်၊ မီဒီယာတချို့ ရဲ့ အလံရှုးလုပ်တာတွေက လမ်းလွဲစေခဲ့တယ်လို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်က ထေရ၀ါဒ ဆရာတော်များကို နှိပ်ကွတ်ပြီး မဟာရနဗုဒ္ဒဘာသာကို အားပေးတဲ့ အာဏာပိုင်အဖွဲ့တွေမှာ တာဝန်အရှိဆုံးပါ။ မြတ်စွာဘုရားကလည်း ဒါတွေကို ကြိုတင်မြင်လို့ သာသနာတော်ရဲ့ သက်တမ်းကို သတ်မှတ်ခဲ့တာလို့ ထင်ပါတယ်။
မြတ်နန္ဒာ said...
ထားလိုက်ကြပါတော့ဗျာ လှူခဲ့ပြီးသားဟာတစ်ခုကို ပြန်ပြေားနေလို့ ဘာမှမထူးပဲ ကုသိုလ်စိတ်ကနေ အကုသိုလ်စိတ်တွေဖြစ်နေရတယ်လေ
ကိုယ့်ဘက်က င့ါလှူလိုက်တယ် ဆိုပြီး ဘုရားကိုအာရုံပြု သာဓုခေါ်လိုက်ကြပေါ့ဗျာ.....ခုမှ တော့ စွယ်တော်အစစ်ဟုတ်ချင်မှဟုတ်မှာပါလေတို့ နိုင်ငံရေးလေပြေထိုးတာပါတို့ ဆိုတာကို ဘေးဖယ်ပြီး ကုသိုလ်စိတ်သက်သက်ယူလိုက်ပါလားဗျာ ဘာပဲဖြစ်ဖြစ်မြတ်ပါတယ် ....
တရုတ် ဗုဒ္ဓမြတ်စွယ်တော် အထက်မြန်မာပြည်က အလှူငွေ ဆက်လက်သိမ်းကျူံးယူနေ တရုတ် ဗုဒ္ဓမြတ်စွယ်တော် အထက်မြန်မာပြည်က အလှူငွေ ဆက်လက်သိမ်းကျူံးယူနေ Reviewed by သစ်ထူးလွင် on 20:15 Rating: 5

6 comments:

U Thar said...

တ၇ုပ်ကဘယ်လိုမှမြန်မာတွက်မိတ်ဆွေကောင်မဖြစ်နိုင်ဘူး
သူ့အတွက်တခုဘဲကြည့်တဲ့စီးပွါးေ၇းသမားကြီး ၇သလောက်
မြန်မာဆီကနေနိုက်နေတာ သူတို့ဆီကလူကြီးတွေကလဲ ဒီ
ကလူကြီးတွေလိုဘဲ ပြည်သူကိုပြန်မကြည့်ဘူး သူတို့၇ဘို့နဲ့
သူတို့နေ၇ာမြဲဘို့လောက်ပဲကြည့်တဲ့သူတွေ ခုလဲကြည့်လေ
မြန်မာလူမျိုးတွေက သာသနာကိုကိုင်း၇ှိုင်းတတ်မှန်းသိလို့
လူကြီးနစ်ယောက်ပေါင်းပီး ဘာတွေအကြံထုပ်နေပြန်လဲမသိ
ဘူး

HtetNWin said...

စွယ်တော်အတွက် အလှုငွေတွေ စွယ်တော်ပွားစေတီတွေမှာ ထားလို့ ရတယ်မလား

sonsonlay said...

ဖြူးဆရာတော်ကြီး မပျံလွန်မီက မိန့်ခဲတာ့ ရှိတယ်...
မြန်မာပြည်မှာ အလိမ်ခံချင်သူတွေက အများကြီးတဲ့...
လိမ်မဲ့သူက နဲနေတယ်တဲ့.....
===========================
အခု စွယ်တော်ကတော့ တရုတ်က ကော်ပီထုလိုက်တဲ့ စွယ်တော်အတုဆိုတာ
အထင်ကရဆရာတော်ကြီး တစ်ပါးက သူကိုယ်တိုင် သွားကြည့်ပြီး
ပြောပြတာကို နားဆက်ဆက် ကြားခဲ့ရပါတယ်....။
===========================
ဒါနဲ့... မြစ်ဆုံရေကာတာတည်းဟူသော နိုင်ငံရေးကို
စွယ်တော်တည်းဟူသော ဘာသာရေးနဲ့ ဖုံးချင်လို့.... ပြည်သူလူထုကို
အာရုံပြောင်းချင်လို့ လုပ်တယ်လို့ကော အတွေးမပေါက်ကြဘူးလား....
==========================
အရင်လည်း..... နိုင်ငံရေး တခုခုဖြစ်လာရင်....
ဘုန်းဘုန်းတွေနဲ့ မူဆလင်တွေ တိုက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်...
==========================
ဗမာတွေ မအကြဖို့.... ကိုယ်ပိုင် စဉ်းစား ချင့်ချိန်နိုင်တဲ့
အသိဉာဏ် ရှိကြဖို့ အချိန်တန်ပါပြီဗျာ

aung san lin said...

ဟားဟားဟား မြန်မာတွေ သူတို့ ကို သူတို့လည်လှချီပေါ့ဗျာ တရုတ်တွေနဲ့ခံလိုက်ရတာကြီးပဲဗျို့ ဂုဏ်တွေမောက်၊ ငါကဘယ်လောက်လှူတယ် သူကဘယ်လောက်လှူတယ် ပြိုင်ကြ တကယ်လိုအပ်တဲ့ စာသင်ကျောင်း သာသနာတော်ကျောင်း အမွေအနှစ်သာသနာ့စေတီတော်မြတ်တွေ သဘာဝဘေးဒဏ်သင့်တဲ့ သူတွေ မြန်မာပြည်မှာအများကြီးပါဗျို့ တလွဲဆံပင်မကောင်းကြပါနဲ့ ဖိတ်ချင်းဖိတ် ကိုယ့်နိုင်ငံ ကိုယ်သာသနာတော်အတွတ်ဖိတ်ကြပါဗျို့

ChanThar said...

သဒ္ဓါတရားနဲ့လှူတဲ့ လူတွေရှိသလို ထင်ပေါ်ချင်လို့လှူတဲ့လူတွေလဲရှိတယ်။video camera ရှေ့ရောက်မှ နားကပ်ချွတ်ရတာနဲ့၊လက်ကောက်ချွတ်ရတာနဲ့၊မြန်မာလူမျိုးတွေကို ကတလွဲဆံပင်ကောင်းနေကြတာ။

aung san lin said...

တရုတ်ကိုဆန့်ကျင်ကြပါ တရုတ်ပစ္စည်းဈေးသပ်သာလို့သုံးချင်သုံးပါ တရုတ်ကိုပြည်တွင်းပစ္စည်းတွေ ငွေတွေ မပန့်ပိုးကြပါနဲ့ တရုတ်ကိုဆန့်ကျင်ကြပါ....သုတို့ဟာ ကျုပ်တို့ ဘာသာထပ်နိမ့်ကျပါတယ် အဆင့်ရှိတဲ့ကောင်တွေမဟုတ်ပါဘူးကျပ်တို့တို့ ဘာသာ သာသနာ နဲ့ ထေရ၀ါဒ သာသနာတော်ကြီး မြတ်ဘုရားသား သံဃာ
တော်တွေသာ မြင့်မြတ်ကြပါတယ် ကိုယ်တွေနိုင်ငံက သံဃာတော် အရှင်မြတ်တွေလောက် တရားမပြ မဟောနိုင်ကြပါဘူး မိမိသာသနာတော်ကို မိမိတို့ ကိုယ်တိုင် ချီးမြှောက်ကြပါ တလွဲ ဆံပင်မကောင်းကြပါနဲ့

Powered by Blogger.