အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီး ပြည်ထောင်စုတိုင်းရင်းသားဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာဖို့ ပြုလုပ်မဲ့ ဂီတဖျော်ဖြေရေးနဲ့ ဈေးရောင်းပွဲတော်အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ ဆာကူရာတာဝါမှာ ဒီကနေ့ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို မနက် ၁၀ နာရီမှာစတင်ကျင်းပခဲ့တာဖြစ်ပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က လူုထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား တက်ရောက်လာခဲတာ ဖြစ်ပါတယ်။
ပညာရေးရန်ပုံငွေအတွက် ပြုလုပ်မယ့် ဒီဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၅
ရက်နေ့မှာ သုဝဏ မိုးလုံလေလုံ အားကစားကွင်းအတွင်း
ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲမှာ Empire ၊ Medal Zone ၊ lazy Club ၊
Plus 3 ၊ Spectrum ၊ The Tree ၊ နဲ့ ကိုရဲလွင်ကိုသားထွေးတို့ဦးဆောင်တဲ့ တေးဂီတအဖွဲ့တွေ ၊ လူငယ်တီးဝိုင်းအဖွဲ့တွေနဲ့ Hip Hop အဖွဲ့တွေလည်း ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဒီပွဲမှာ နာမည်ကြီးအဆိုတော်အများအပြား ပါဝင်သီဆိုဖျော်ဖြေမှာဖြစ်ပြီး ညနေ ၃ နာရီကနေ ည ၁၀ နာရီထိ သီဆိုဖျော်ဖြေသွားကြမှာပါ။
ဒီရန်ပုံငွေပွဲဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က လူထုခေါင်းဆာင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင်တွေ တွေ့ဆုံခဲ့ရာကစပြီး
ဒီအစီအစဉ်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သတင်းဌာနတစ်ချိုးက ဒေါ်အောင်ဆန်းစုကြည်ဟာ
ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အနုပညာရှင်တွေကို ခေါ်ယူစည်းရုံးခဲ့တယ်ဆိုတာ
မှားယွင်းတဲ့သတင်း သာဖြစ်ပြီး ရွေးကောက်ပွဲသီချင်းကိုလည်း
အနုပညာရှင်တွေသီဆိုမှာမဟုတ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကသာ
သီဆိုမှာဖြစ်တယ်လို့ ကိုဆောင်းဦးလှိုင်ကဆိုပါတယ်။
အဲဒီလိုပဲ မန္တလေးမြို့မှာလည်း ပြည်ထောင်စုတိုင်းရင်းသားတွေရဲ့ ပညာရေးအတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲတစ်ပွဲကိုလည်း ထပ်မံပြီးကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်ခင်ဗျာ။
Burma VJ Media Network
ပညာရေးအတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲ သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
20:48
Rating:
5
1 comment:
good job! God bless you...
Post a Comment