သက်ဆင် ပြည်တော်ပြန် ခရီးစဉ် စမည်.

၂၀၀၆ ခုနှစ်က စစ်တပ် က အာဏာသိမ်း ပိုက်ပြီး ရာထူးက ဖယ်ရှား ခြင်း ခံရတဲ့ ထိုင်းဝန်ကြီး
ချုပ် ဟောင်း သက်ဆက် ရှင်နာဝတ်ထရာ ရဲ့  ပြည်တော် ပြန် ခရီးစဉ် မကြာခင် စတင် တော့ မှာ
ဖြစ်ကြောင်း ယနေ့ နံနက် ထုတ် ထိုင်း သတင်း စာ တွေ မှာ ဖော်ပြ ထား ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီး ချုပ် ဖြစ်သူ ယင်လပ် ရှင်နာဝတ်ထရာ က သူ မ ရဲ့  အကို ဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ကို ပြန်ပြီး ထိုင်း နိုင်ငံ သား နိုင်ငံ ကူး လက်မှတ် ထုတ်ပေး တာ ဟာ တရား မ၀င် ဘူးလို့  အတိုက် အခံ ဒီမိုကရတ် ပါတီ က စွပ်ဆွဲ ထား ပါတယ်။

သက်ဆင် ရဲ့  ထိုင်း နိုင်ငံ ကူး လက်မှတ် ကို အဘီဆစ် အစိုးရ လက်ထက် က ထိုင်း နိုင်ငံခြားရေး
ဝန်ကြီး ကဆစ် ပီရိုမာ က ပယ်ဖျက် ခဲ့တာ ဖြစ်ပါတယ်။

ယင်လပ် ရှင်နာဝတ်ထရာ ရဲ့  အစိုးရ အဖွဲ့  က သက်ဆင်ရှင်နာဝတ်ထရာ ကို အရင် အစိုးရ အဖွဲ့ က စွဲဆိုထား တဲ့ အမှု တွေ အတွက် သက်ညှာခွင့် ရအောင် ထိုင်း ဘုရင် ဘူမိဘော အဒူလျှာဒက် ထံ လျှောက် ထား မှု တွေ ရှိ နေ ခဲ့ ပေမယ့် မနေ့  ဘုရင် ရဲ့  သက်တော် ၈၄ နှစ် ပြည့် အထိမ်းအမှတ် အကျဉ်းသား ၂၆,၀၀၀ ကျော် ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေး တဲ့ ထဲ မှာ သက်ဆင် ပါဝင် ခဲ့ ခြင်းမရှိ ပါဘူး။

သက်ဆင် လိုလား တဲ့ ပွေ့  ထိုင်း ပါတီ က တော့ ” ယခင် အစိုးရ ဟာ တရား မျှ တမှု မရှိ ပါဘူး၊သက်ဆင် နိုင်ငံ ကူး လက်မှတ် ကို ဖျက် သိမ်း ရင် သက် ဆင် ကို တရား စွဲ ဆိုထား တဲ့ အမှု တွေကို လည်း ဖျက် သိမ်း ရမှာ ပဲ ‘ လို့ ထောက် ပြ ပါတယ်။

ပြည်ပ မှ ခိုလှုံနေတဲ့ သက်ဆင် ဟာ မွန် တီ နီဂရိုး နိုင်ငံ ရဲ့  နိုင်ငံ ကူး လက်မှတ် ကို ကိုင်ဆောင်ထား ပြီး ဒူဘိုင်း ၊ မွန်တီ နီဂရိုး နဲ့  အရှေ့ ဥရောပ နိုင်ငံ တွေ မှာ လှည့် လည် နေ ထိုင် ခဲ့ ပါတယ်။

ယင်လပ် အစိုးရ အဖွဲ့  နိုင်ငံ ခြားရေး ၀န်ကြီး ဆူရာပေါင် က တော့ သက်ဆင့် ကို နှစ် သစ် ကူး လက်ဆောင် အဖြစ် နိုင်ငံ ကူး လက် မှတ် ပြန် ထုတ်ပေး မယ် လို့  အတည် ပြု ပြောပါ တယ်။

သက် ဆင် ရှင် နာဝတ် ထရာ ယခု နှစ် ကုန် ပိုင်း (သို့  မဟုတ်) နှစ်ဆန်း ပိုင်းလောက် မှ နိုင်ငံ တွင်းကို ပြန်လာ နိုင်မယ် လို့  ဘန်ကောက် ပို့  စ် သတင်း စာ မှာ ဖော် ပြထား ပါတယ်။

သက် ဆင် ဟာ သူ ၀န်ကြီး ချုပ် အဖြစ် တာဝန် ထမ်းဆောင် နေစဉ် မှာ ထိုင်း နိုင်ငံ ရဲ့  စီးပွားရေး ကိုတိုး တက်အောင် စွမ်းဆောင် နိုင်ခဲ့ ပြီး ထိုင်း ပြည်သူ တွေ ကို လက်ကိုင် ဖုန်း တွေ ဈေးပေါ ပေါ နဲ့ သုံး နိုင် အောင် စွမ်းဆောင် ပေး ခဲ့ ပါတယ်။
by FNG
သက်ဆင် ပြည်တော်ပြန် ခရီးစဉ် စမည်. သက်ဆင် ပြည်တော်ပြန် ခရီးစဉ် စမည်. Reviewed by သစ်ထူးလွင် on 19:07 Rating: 5

No comments:

Powered by Blogger.