 |
ကချင်ပြည်နယ်မှာ မြေတူးစက်နဲ့ ရွှေတူးနေပုံပါ |
ကရင်ပြည်နယ် မယ်ဝိုင်-မဲကထိမှ တောင်ငူမြို့အထိ ရှည်သော မြန်မာ့အကြီးဆုံး
ရွှေကြောတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ စတင်နေပြီဟု အငြိမ်းစား
ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ပြောသည်။ အကြီးမားဆုံး
ရွှေကြောဖြစ်ကြောင်းကို သိပ္ပံနည်းကျ မှတ်တမ်းများ၊ ကောင်းကင်ဂြိုဟ်တုမှ
ရိုက်ကူးသည့် ဓာတ်ပုံအချက်အလက်များအရ ယခုနှစ်အတွင်းမှ
စတင်အတည်ပြုသတ်မှတ်ခဲ့ပြီး ၄င်းရွှေကြောသည် ကရင်ပြည်နယ် မယ်ဝိုင်းဒေသမှ
တစ်ဆင့် မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားတောင်ခြေ အရှေ့ဘက် ဖာပွန်မြို့အထိ၊
ပဲခူးတိုင်းဒေသကြီး မြောက်ဘက် ရွှေကျင်၊ ကျောက်ကြီး၊
တောင်ငူမြို့များအနီးထိ တိုင်အောင် အကျယ်အ၀န်းရှိသည်ဟု အထက်ပါပုဂ္ဂိုလ်က
ဆိုသည်။ မြန်မာပြည်မှာ အကြီးဆုံးလို့ ဆိုတဲ့ ရွှေ၊ သတ္တုကြောတွေထက်
အဆပေါင်းရာနဲ့ချီ ပိုကြီးမားတယ်၊ ရွှေထွက်နှုန်းကလည်း တချို့နေရာတွေမှာဆို
ကျောက်သားနဲ့ ရောနှောနေတဲ့ ရွှေတုံးတွေ မြေပြင်ပေါ်မှာတောင် တွေ့ရတယ်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပြည်တွင်းကုမ္ပဏီတစ်ခု နုန်းမြေသိုက်တူးပြီး
ရွှေတန်နဲ့ချီ ရခဲ့ဖူးတယ်။ ရွှေသားပါဝင်တဲ့ ကျောက်သားတစ်တန်ကို ပျမ်းမျှ
ရွှေတစ်ဆယ်သား ထွက်ရှိနိုင်ပြီး ရွှေနှစ်ဆယ်သား အထိတောင် ထွက်နိုင်တဲ့နေရာတွေ
အများကြီးရှိတယ်”ဟု ၄င်းက ပြောသည်။ “အခုဆိုရင် မယ်ဝိုင်ဒေသ တစ်လျှောက်မှာ
ပြည်တွင်းကုမ္ပဏီလေးခုလောက် ရွှေတူးဖော်တဲ့ လုပ်ငန်း ဆောင်ရွက်နေကြတယ်၊
ရွှေကြောကျွမ်းကျင်တဲ့ ဒေသခံတွေခေါ်ယူပြီး ကျယ်ပြန့်စွာ လုပ်နေကြပြီ။
နောက်ပိုင်း တူးဖော်ခွင့်ရ ကုမ္ပဏီတွေ များလာမှာပေါ့” ဟု ၄င်းက
ဆက်လက်ပြောကြားသည်။ အဆိုပါ ရွှေကြောတည်ရှိမှုနှင့် ရွှေထွက်ရှိနိုင်သည့်
နေရာဒေသများ၊ ရွှေထွက်ရှိနှုန်းများကို ၂၀၀၄ ခုနှစ်တွင်
အငြိမ်းစားဘူမိဗေဒပညာရှင် ဦးအောင်ဆန်းက သိပ္ပံနည်းကျ ကွင်းဆင်း၍ အသေးစိတ်
မှတ်တမ်းပြုစုခဲ့ကြောင်း၊ ထွက်ရှိသည့် ရွှေအမျိုးအစားမှာ နိုင်ငံတကာ
ရောင်းတမ်းဝင် အရည်အသွေးရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ်
Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar News Now
1 comment:
မြန်မာနိုင်ငံဟာသဘာဝအရင်းမြစ်အလွန်ပေါများတဲ့နိုင်ငံဖြစ်သလိုခေတ်အဆက်ဆက်အစိုးရများဟာ သဘာဝအရင်းမြစ်တွေကို ရောင်းစားပီး စာရင်းမရှိ အင်းမရှိ ကိုယ်ပိုင်ငွေတွေအဖြစ်ဖန်တီးခဲ့ကြတာအားလုံးအသိပါ..ဥပမာ ဦးသန်းရွှေလက်ထက်.ရွှေသဘာဝဓါတ်ငွေ့.ဥိးသိန်းစိန်သမ္မတဖြစ်သည့်တိုင်.တို့ထိစွက်ဖက်နိုင်ခွင့်မရှိတာအားလုံးအသိပါ..နောက်နှစ်စဉ်ရောင်းလို့ရတဲ့အခြားတွင်းထွက်များမှဝင်ငွေတွေဟာလည်း မြောက်များစွာရှိရတဲ့အထဲ.ဦးသိန်းစိန်ကိုတရားဝင်အာဏာလွဲအပ်တဲ့အချိန်မှာ.နိုင်ငံတော်ဘဏာငွေလိုငွေပြမှု ဘယ်လောက်ဆိုတာပြည်သူတွေအားလုံးအသိပါ..ခုလဲကမ္ဘာ့အကြိးဆုံးရွှေကြောကြိးတွေ့ရှိပေမယ့် ပြည်သူတွေကတော့ဒုံးရင်းအတိုင်းမပြောင်းလဲ ဆင်းရင်းတွင်းနက်နေအုံးမလားးးးးးးပြည်သူ့ တွေအတွက် ပညာရေး၊ကျမ်းမာရေး၊ဆက်သွယ်ရေး ကဌတွေမှာဘယ်လောက်သုံးစွဲမလဲ...စောင့်ကြည် ဖို့ လိုအပ်ပါတယ်..
Post a Comment