|
ဓါတ်ပုံ(မက်ဆင်ဂျာ) |
၁.၁၂.၂၀၁၁ နေ့ဒေသစံတော်ချိန် ညနေ ၅း၄၀ တွင်ချင်းမိုင်မှပြန်ရောက်လာသော
သီးလေးသီးအဖွဲ့ဝင် ပန်းသီး၊ကြယ်သီးနှင့် မင်းသမီးမြစံပယ်ငုံ တို့ကိုမင်္ဂလာဒုံလေဆိပ်တွင်လာရောက်ကြိုဆိုသောအနုပညာသည်များနှင့်အတူတွေ့ရစဉ်
သီးလေးသီး
အဖွဲ့ဝင်များ ဖြစ်သည့် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့
ဒီဇင်ဘာလ ၁ရက်နေ့ (ယနေ) ညနေ ၅ နာရီ ၅၀ မိနစ်ဝန်ကျင်းက ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့မှတဆင့် ပြည်တော် ပြန်လာသည်ကို ဇာဂနာ (ခ) ဦးသူရနှင့်
လွန်ခဲ့သည့် နှစ်လခန့်က ပြည်တော်ပြန်ခဲ့ကြသော စိန်သီး၊ ဂေါ်ဇီလာနှင့်
မင်းသမီး ချောစုမျိုးတို့ ကရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်
ကြိုဆိုခဲ့ကြသည်။ အဆိုပါ လက်ကျန် သီးနှစ်သီးနှင့် မင်းသမီး
မြစပယ်ငုံတို့အား ဟာသသရုပ်ဆောင် အရိုင်း၊ ကင်းကောင်၊
ငှက်ပျော်ကြော်တို့လည်း လာရောက် ကြိုဆိုခဲ့ကြသည်။
Myanmar News Now
1 comment:
ဝမ်းသာ ပါတယ် မင်းသမီးလည်း အရမ်းချောတယ် ဟဲဟဲ
Post a Comment