ငွေတောင်းသော သင်္ကန်းဝတ် ၁၄ ပါးနှင့် သီလရှင်ဝတ်သုံးပါးကို ဖမ်းဆီး

မြန်မာနိုင်ငံ၌ နေထိုင်သည့် လူဦးရေ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ
တွင် လက်ရှိဖြစ်ပေါ်နေသည့် မလျော်ကန် အလှူငွေလိုက်လံတောင်းခံမှုများ တွေ့ရှိဖြစ်ပွါးနေသဖြင့်
အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ထောက်ကြံ့မြို့မဈေး အနီးမှ သင်္ကန်းဝတ် ၁၄ ပါးနှင့်
သီလရှင်ဝတ်သုံးပါးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း မင်္ဂလာဒုံမြို့နယ်
သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ မလျှော်ကန် အလှူငွေ လိုက်လံတောင်းခံနေသည့် သင်္ကန်းဝတ် ၁၄ ပါးနှင့် သီလရှင်ဝတ် သုံးပါးကို
လူဝတ်လဲစေပြီး မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် စွဲချက်တင်၍ ဆက်လက်အရေးယူသွားရန် ၄င်းက ဆက်လက်
ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပပြုလုပ်သော ဂိုဏ်းပေါင်းစုံ မြို့နယ်သံဃာ့နာယက ဆရာတော်များ၊ မြို့နယ်
သာသနာရေးဦးစီးဌာနမှုး၊ ရပ်ကွက်အုပ်ချုပ်ရေးများပါဝင်သည့် မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းဝင်း နှင့် ထောက်ကြံ့မြို့မဈေးအနီးတွင်(သာသာနှင့်မဆီလျော်
သော) လိုက်လံငွေးတောင်းခံနေသော သံဃာများကို ထိန်းသိမ်းရန်အတွက် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ပြီး
ယင်းနယ်မြေများတွင် ကွင်းဆင်း၍ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်သွားရန် ရှိသည်ဟု
မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနမှုးရုံးမှ ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
By: သစ်ထူးလွင်
ငွေတောင်းသော သင်္ကန်းဝတ် ၁၄ ပါးနှင့် သီလရှင်ဝတ်သုံးပါးကို ဖမ်းဆီး ငွေတောင်းသော သင်္ကန်းဝတ် ၁၄ ပါးနှင့် သီလရှင်ဝတ်သုံးပါးကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 17:12 Rating: 5

5 comments:

Pho Nyan said...

တင်ထားတဲ့ပုံကို သိပ်ဘ၀င်မကျလှဘူး။ ဖမ်းတာခြင်းတော့တူတယ်။ ဖမ်းရခြင်းရဲ့ အကြောင်းတော့ သိပ်ကွာလွန်းပါတယ်။ သာသနာသန့်ရှင်းရေး အတွက် အကျိုးပြုဖွယ်ပုံလေးအစားထိုးရင်တော့ ပြည့်စုံသည်ထက်ပြည့်စုံသွာားမှာပေါ့။ သတင်းကောင်းလေးတွေအတွက် ကျေးဇူးပါ။

သစ်ထူးလွင် said...

အခုလို ကိုဖိုးဥာဏ် ရဲ့ အကြံပြုချက်ကို အထူးကျေးဇူးတင်ပါတယ်

htaik said...

that is a right taking action to prevent them from falling down to hell, getting bad luck ( ah ku tho ) and to make clean,clear,respectful,noble,honest buddhism of myanmar country.

Bravo said...

အဲဒါမှ သာသနာကို အမှန်အကန်သန့်ရှင်းစေတာ။ သင်္ကန်းကို အရိုအသေတန်စေတဲ့ ဒီလိုကိစ္စမျိုး များများအရေးယူပေးပါ။

devilye said...

ကိုသစ်ထူးလွင်ရေသတင်းကောင်းသတင်းထူးတွေဖတ်ရလို့ကျေးဇူးပါ။သာသနာရောင်မှိန်စေတဲ့အကျိုးမို့ဒီလိုလုပ်ရပ်တွေလုပ်သင့်ပါတယ်ရန်ကုန်တိုင်းတခုတည်းတင်သာသနာသန့်ရှင်းရေလုပ်နေလို့မဖြစ်ဘူးတပြည်လုံးအတိုင်းတာထိလုပ်နိင်ရင်ပိုကောင်းမှာပါ။တခြားဘာသာကွဲတွေတောင်ကိုယ့်ဗုဒ္ဓဘာသာထဲရောက်အောင်စွဲဆောင်ရမယ့်အချိန်ပါ။ကျွန်တော်တို့မန္တလေးမှာလဲသာသနာမှေးမှိန်အောင်လုပ်နေတဲ့ကိုယ်တော်တွေအများကြီးပါ။ဥပမာစင်တင်လိုနေရာမျိုးတွေမှာလူဝတ်တွေဝတ်ပြီးကဲနေတာတွေမြင်နေရပါတယ်။ကိုယ်ဝတ်နိင်လို့ဘုန်းကြီးဝတ်ရင်သာသနာထွန်းကားဖို့အတွက်ဝတ်စေချင်ပါတယ်အခုဟာသာသနာမှေးမှိန်ဖို့တမင်ဝင်ကြတဲ့သူတွေကိုသိဖို့ရာဒီနေရာကနေအသိပေးဖို့တောင်းဆိုပ်တယ်

Powered by Blogger.