မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ဆန်စပါး စိုက်ပျိုးထုတ်လုပ်၍
ပြည်တွင်းစားသုံးမှု ဖူလုံရုံမျှမက ပြည်ပ ကမ္ဘာ့ဈေးကွက်သို့ပင် တင်သွင်း
ရောင်းချနေသော နိုင်ငံဖြစ်ပါသည်။ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊
စပါးတောင်လိုပုံ၊ ဆန်စပါးနှင့် သားငါးသယံဇာတ ပေါကြယ်ဝရာ ရွှေနိုင်ငံဟု
နာမည်ရခဲ့သော မြန်မာနိုင်ငံ၏ ပြည်သူလူထုအတွက် ဆန်သည် အဓိကစားသုံးရာ အခြေခံ
စားကုန်ဖြစ်ပါသည်။ ဆန်မှ တစ်ဆင့်ပွား ရိုးရာ အစားအစာများဖြစ်သော
ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ် စသော
ရိုးရာအစားအစာများမှာလည်း မြန်မာ လူမျိုးတို့၏ နှစ်သက်ရာ စားသုံးသည့်
အစားအစာများ ဖြစ်ပါသည်။ သို့သော် ဆန်ပြုတ်မှာ ထူးဆန်းစွာ
မြန်မာလူမျိုးများ၏ Favourite Choice Of Food နှစ်သက်စွာ
ရွေးချယ်စားသုံးသော အစားအစာ မဟုတ်ပါ။ ဂမ္ဘီရသမားများက နိမိတ်မကောင်းဟု
ယူဆ၍လည်းကောင်း၊ ဆန်ပြုတ်ကို လူမမာ အစားအစာ သို့မဟုတ် ဆင်းရဲသော
ဝင်ငွေနည်းပါးသူတို့၏ အစားအစာ ဖြစ်သည်ဟူသော စိတ်အစွဲကြောင့်လည်းကောင်း၊
ဆန်ကို အဓိကထား စားသုံးသော မြန်မာလူမျိုးများသည် ဆန်ပြုတ် စားသုံးမှု
နည်းပါးပါသည်။ တရုတ်နိုင်ငံ၊ စင်ကာပူ၊ တိုင်ပေ၊ သြစတြေးလျ၊ အမေရိကန်နှင့်
ဥရောပနိုင်ငံများရှိ တရုတ်တန်း စားသောက်ဆိုင်များတွင် ဆန်ပြုတ်သည်
ဆင်းရဲချမ်းသာသော လူတန်းစားအားလုံး၊ တရုတ်၊ ဥရောပနှင့် အမေရိကန်
နိုင်ငံသားအများစု ရွေးချယ်စားသုံးကြသော အစားအသောက် တစ်ခုဖြစ်ပြီး
အရသာအမျိုးမျိုး၊ ချက်ပြုတ်နည်း အမျိုးမျိုး ထပ်ဖြည့်ပါဝင်ပစ္စည်း အသား၊
ဟင်းသီးဟင်းရွက်၊ ပင်လယ်စာ၊ ဥ၊ သစ်မြစ်သစ်ဖု၊ ပရဆေးများ အမျိုးမျိုးဖြင့်
စီမံရောင်းချပြီး ဝယ်ယူစားသုံးမှုများသော အစားအသောက် ဖြစ်ပါသည်။
ယခု မြန်မာစားသောက်ကုန် ဈေးကွက်ထဲသို့ ဆန်ပြုတ်စားသုံးမှု နည်းသော မြန်မာလူမျိုးတို့၏ စားသုံးမှုကိုရယူရန် ပြည်ပနိုင်ငံမှ ထုတ်လုပ်သော ဆန်ပြုတ်သည် ထင်ရှားသော Knorrs အမှတ်တံဆိပ်ဖြင့် ဝင်ရောက် လာပြီဖြစ်သည်။ ယခင်က မထင်မရှား နယ်စပ် လမ်းကြောင်းမှသာ ဝင်ရောက်လာပြီး မားကက်နှင့် စတိုးဆိုင်တချို့တွင်သာ ရောင်းချနေရာမှ ယခု အလုံးအရင်း ကြော်ငြာပြီး ဈေးကွက် ဗျူဟာခင်း၍ တင်သွင်းရောင်းချနေရာ မကြာမီ မြန်မာနိုင်ငံမှာပင် ထုတ်လုပ်ရောင်းချတော့မည့် အနေအထားရှိပါသည်။ ထုတ်လုပ်သော ပင်မကုမ္ပဏီကို လေ့လာကြည့်ရာ ကမ္ဘာကျော် Unilever Corporation ဖြစ်ကြောင်း တွေ့ရှိရသည်။ Unilever ထုတ်ကုန်များအဖြစ် Sunsilk, Sunlight, Ponds, Dove paom အလှကုန်နှင့် လူသုံးကုန်များအပြင် Lipton Tea, Knorrs Soaps, Pasta Paste ဟင်းခတ်အခဲအမှုန့် Seaswings paom စားသောက်ကုန်များကို ယခု မြန်မာနိုင်ငံ ဈေးကွက်တွင်လည်း ကြော်ငြာရောင်းချနေကြောင်း တွေ့ရပါသည်။ လွန်ခဲ့သောနှစ် (၅၀) က မြန်မာနိုင်ငံ၏ လူသုံးကုန် ဆပ်ပြာဈေးကွက်တွင် Lever Carbolic လီဗားကာဘော်လစ် ဆပ်ပြာအနီနှင့် အနက်ထုတ်ပိုးမှုဖြင့် လူကြိုက်များ ကျော်ကြားသော ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ရာ တော်လှန်ရေး ကောင်စီအစိုးရ ပေါ်လာပြီး လုပ်ငန်းအားလုံး ပြည်သူပိုင် သိမ်းပြီးနောက်ပိုင်းတွင် ဈေးကွက်မှ ပျောက်ကွယ်သွားရာ လီဗားကာဘော်လစ်ဟု အမည်မခံဘဲ ကာဘော်လစ်ဆပ်ပြာအနီရောင် ထုတ်လုပ် ရောင်းချခဲ့ကြဖူးပါသည်။
Unilever Corporation သည် နယ်သာလန်နိုင်ငံ Rotterdam မြို့အခြေစိုက် University N.V နှင့် အင်္ဂလန်နိုင်ငံ London မြို့အခြေစိုက် Unilever PLc (Public Listed Corporation) နှစ်ခုချိတ် ဆက်ထားသည့် Dual-Listed အစုရှယ်ယာရောင်းချသော အများပိုင် ကော်ပိုရေးရှင်းဖြစ်ပြီး Krafc Food အမေရိကန်မှ General Mills GM,Pepsicola Inc, Nestle, S.C Johnson 2 Sons, Procter & Gamble P & G paom Multinational Corporation နိုင်ငံ ကော်ပိုရေးရှင်းကြီးများနှင့် ပြိုင်ဘက် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်ထုတ်လုပ်သော Giant Corporation ဖြစ်ပါသည်။ ၎င်းမှ ထုတ်လုပ်သော စားသောက်ကုန်များသည် Nutritions, Tasteful and Careline အာဟာရပြည့်ဝ၊ အရသာထူးကဲ၍ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ညီညွတ်စေသော အစားအစာများအဖြစ် ကမ္ဘာကျော် ထင်ရှားအောင်မြင်ပါသည်။ ဟင်းသီးဟင်းရွက်မှ အာဟာရဖြင့် စီမံထုတ်လုပ်ပြီး ကျန်းမာနုပျို သန်စွမ်းစေသည်ဟူသော ဆောင်ပုဒ်ဖြင့် အမြဲသုတေသန ထုတ်လုပ်နေသော ကုမ္ပဏီ ဖြစ်ပါသည်။ အခြားဆန်မှ ထုတ်လုပ်သော သရေစာ Snack များထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းကြီးများမှာ တိုင်ဝမ်မှ ဝမ့်ဝမ့်နှင့် အမေရိကန်မှ General Mills ဖြစ်ပြီး ဝမ့်ဝမ့်စားသောက်ကုန် လုပ်ငန်းသည် ဂျပန်နည်းပညာဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် နှစ်သိန်းလေးသောင်းကျော် အသုံးပြု၍ သရေစာမုန့် ထုတ်လုပ်ပြီး မုန့်အချပ်ရေ လေးရာနှစ်ဆယ်ဘီလီယံ ချပ်ထုတ်လုပ်၍ ၎င်းမုန့်ချပ်များ တစ်ခုနှင့်တစ်ခု ဆက်ထားလျှင် ကမ္ဘာအားအပတ် ၁၃၀ ပတ်နိုင်သည်ဟု ဆိုပါသည်။ အမေရိကန်ဒေါ်လာ ဘီလီယံနှစ်ဆယ် ရောင်းချရသော ဆန်မှထုတ်လုပ်သည့် သရေစာထုတ်ကုန် ကုမ္ပဏီကြီး ဖြစ်ပါသည်။ ယခု Unilever မှ ဆန်ပြုတ်သည် အခြားနိုင်ငံ ဈေးကွက်များတွင် အောင်ပွဲခံနေရာမှ မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ရောက်လာပြီး ဆန်ပြုတ်စားသုံးမှု၊ ကြိုက်နှစ်သက်မှု နည်းပါးသော မြန်မာများအား ရောင်းချပါတော့မည်။ မြန်မာနိုင်ငံသည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ပင် တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ဆန်ကုန်ကြမ်း အပြည့်အဝ ဖူလုံစွာရှိနေသော နိုင်ငံဖြစ်ရာ ပြည်တွင်းမှ စားသောက်ကုန် လုပ်ငန်းရှင်များသည် ဆန်မှတစ်ဆင့် ထုတ်လုပ်သော အာဟာရပြည့် အစားအစာများ၊ သရေစာများ၊ အသင့်စား အစားအသောက်မျိုးစုံကို နည်းပညာသုတေသန ပြုလုပ်လေ့လာ၍ ထိုနိုင်ငံအား ကုမ္ပဏီများနည်းတူ ထုတ်လုပ်ရောင်းချပြီး မိမိပြည်တွင်းဈေးကွက်ဝေစုကို ရယူနိုင်ပါစေဟု တိုက်တွန်းလိုပါသည်။
ဒေါက်တာ စိုးခိုင်
Source: The article first appeared on news.yatanarpon.com.mm

မြန်မာနိုင်ငံသို့ ဆန်ပြုတ်ရောင်းခြင်း
Reviewed by သစ်ထူးလွင်
on
10:15
Rating:
3 comments:
တစ်ချိန်တုန်းက ဆီရေကို ရေချိုး.....ဆေးရိုးမီးလှုံ....စပါးတောင်လိုပုံတဲ့...
ကျွန်တော်တို့ ဆင်းရဲသားတွေ စားတာက မနက်ကို ထမင်းကြမ်းခဲနဲ့...ခရမ်းချဉ်
သီး ပန်ထွေဖျော်။နေ့လည်စာကို ခရမ်းချဉ်သီးကို ငါးခူနဲ့ ငါးပိချက်....ထမင်းနဲ့ရော
ပဲဆီအစစ်ကို ဆမ်းစားကြတယ်....ဆင်းရဲသားအများစုစားကြတာက ငါးသလောက်ငါးပိကောင်....ငြုတ်သီးအကြမ်းလေးနဲ့ ကြော်စားကြတယ်...
ကောက်စိုက်မ တွေ လယ်စိုက်တဲ့အခါ လူများလို့...ချဉ်ပေါင်ဟင်းနဲ့..ငါးသလောက်ငါးပိကောင်ကြော်နဲ့...တစ်ခါ ကြက်ရိုး
နဲ့...ပဲကုလားဟင်း...အသက်ကြီးလာတော့ ငါးသလောက် ငါးပိကောင်ဆိုတာ
မမြင်ဘူးတော့ဘူး...ဆန်ပြုတ်ဆိုတာ...နေမကောင်းယင်တောင်မသောက်ခဲ့..
အင်း...ခုတော့ ဆန်ပြုတ်တွေ အင်ပို့လုပ်ဘီဆိုတော့...
ဘာဖြစ်ဖြစ်ပါ နည်းပညာ တိုးတက်လို့....အင်ပို့လုပ်တာဘဲမှတ်ပါတယ်...
ကိုယ့်နိုင်ငံကိုကိုယ်ပြန်တွေးကြည့်ရင် တော်တော်လေးကို စိတ်မကောင်းလဲဖြစ်မိတယ် ရင်နာဖို့လဲကောင်းပါတယ်.. ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ သယံဇာတဆိုလဲ စိန်ကလွှဲပြီး အားလုံးရနိုင်တယ်။ လယ်ယာထွက်ကုန်တွေလဲပေါများကြွယ်ဝတယ်။ အစားအသောက်အပေါများဆုံးနိုင်ငံလို့တောင် ခေါ်လို့ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို အဟာရနဲ့ပြည့်စုံတဲ့အသီးအနှံတွေနဲ့တွင်းထွက်ရတနာမျိုးစုံကို နည်းမျိုးစုံနဲ့အပြင်ကို ပထုတ်ကြတယ်။ မြန်မာနိုင်ငံကို ဘာနဲ့လုပ်ထားမှန်းမသိတဲ့ အစားအသောက်တွေ၊ ရောဂါဖြစ်လွယ်တဲ့ စားသောကုန်မျိုးစုံကို ပြန်တင်ပို့ကြတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးချမ်းသာတာလက်ချိုးရေတွက်လို့ရပါတယ်။ မြန်မာနိုင်ငံမှာပဲ မြန်မာတွေ တိုင်းတပါးသားအိမ်မှာ ကျွန်ဖြစ်နေတဲ့သူတွေ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ အမျိုးသားရေးအရတွေးကြည့်ရင် ဆန့်ကျင်သင့်ပါတယ်။ ကိုယ်ပိုင်စိုက်ပျိုးထားသော စားသောက်ကုန်များကို စားသောက်ပြီး အိပ်လှလှလေးတွေနဲ့ပြီး ဘာမှန်းမသိတဲ့မုန့်တွေကို ကိုယ့်နဲ့လက်လှမ်းမီသူတွေ မစားမိဖို့ စပြီး သတိပေးပြောဆိုသင့်ပါတယ်။ မြန်မာနိုင်ငံကို အချဉ်ဖမ်းလို့ရတဲ့နိုင်ငံလို့ထင်တဲ့သူတွေကို ပြန်ပြီး ပညာပေးသင့်တယ်လို့ ထင်ပါတယ်။ မိမိ နိုင်ငံနဲ့အမျိုးသား ကိုချစ်တဲ့စိတ်နဲ့ ရေးမိတဲ့စာမှာ ဖတ်မိသူကို အနှောက်အယှက်ဖြစ်စေခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်။။။။။
ကျန်းမာရေးရှု့ထောင့်ကပဲကြည့်ကြည့်၊ အမျိုးသားရေးအရပဲကြည့်ကြည့် ဆန့်ကျင်သင့်ပါတယ်။။။။။
Post a Comment