ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ဆေးရုံကြီး၌ ခွဲစိတ်ဆောင်တွင်
ဆေးရုံကုသမှုခံယူနေ သော လူနာတစ်ဦး၏ ဗိုက်ထဲတွင် ငါးမျှးချိတ်တွေ့ရှိကြောင်း
သိရှိရသည်။
" ကျွန်တော်က မြန်အောင်မြို့နယ် ကြက်သွန်းဝင်းကျေးရွာမှာနေထိုင်တဲ့ ကိုစံဌေးပါ။ ကျွန် တော်နိုဝင်ဘာလ ၂၁ ရက်နေ့လောက်ကသန့် စင်ခန်းသွားရင်း နိုင်လွန်ကြိုးကိုတွေ့လို့ မသင်္ကာတာနဲ့ ဟင်္သာ တကဆေးခန်းတစ်ခုကို လာပြရင်း ဆရာဝန်ကြီးက ဆေးရုံတက်ခိုင်းလို့ နိုင်လွန်ကြိုးစတွေ့ပြီးတဲ့နောက် ခုနစ် ရက်မြောက်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ရဲဓာတ်မှန် အဖြေအအရငါးမျှားချိတ်တွေ့ရတယ်။ အတွင်းကလီစာတွေ ကို ထိခိုက်မှုမရှိဘူးလို့ ဆေးရုံ တာဝန်ရှိသူတွေ ထံက သိရတယ်" ဟုကိုစံဌေးက ပြောသည်။
" ဒီလူနာရဲ့ ရောဂါအခြေအနေကို သေချာအောင်ထပ်ပြီး စစ်ဆေးဖို့ရှိပါတယ်" ဟု ခွဲစိတ်အ ထူးကု ဆရာဝန်ကြီးဒေါက်တာ ဦးသန့်ဇင်က ပြောကြားပါသည်။
Weekly Eleven News Journal
Myanmar News Now

လူနာတစ်ဦး၏ဗိုက်ထဲတွင် ငါးမျှားချိတ်တွေ့ရှိ
Reviewed by သစ်ထူးလွင်
on
19:33
Rating:
1 comment:
ထူဆန်းတယ်နော်...တော်သေးတာပေါ့ ကလီစာတွေ မထိခိုက်လို့... ငါးအသေးလေးတွေကို အကောင်လိုက်စားလိုက်လို့များ ငါးဗိုက်ထဲကတဆင့် ၀င်သွားတာလားမသိဘူး... ဘာပဲဖြစ်ဖြစ် ကြောက်စရာကြီး..
Post a Comment