အဘူဒါဘီမြို့  |
ယာက်ဖြစ်ပါသည်၊
ကျွန်တော်ယခုတင်ပြလိုသောအကြောင်းအရာမှာကျွန်တော်တို့လုပ်ငန်းခွင်အလုပ်လုပ်ကိုင်နေသောမြန်မာနိုင်ငံသားအလုပ်သမားများကြုံတွေ့ခံ
စားနေရသောအခက်အခဲများဖြစ်ပါသည်၊
ယခုကျွန်တော်ပေးပို့လာသောအကြောင်းအရာအားကျွန်တော်တို့ကဲ့သို့ပြည်ပနိုင်ငံများတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေနှင့်သတိပြုဆင်ခြင်နိုင်စေရန်နှင့်နိုင်ငံတော်အစိုးရမှလိုအပ်သည့်အကူအညီများပေးအပ်နိုင်စေရန်အတွက်လိ
ုအပ်သလိုတည်းဖြတ်ပြင်ဆင်ပြီးဖော်ပြပေးစေလိုပါကြောင်းကိုလည်းအနူးအညွှတ်အကူအညီတောင်းခံအပ်ပါသည်
ခင်ဗျာ။
ကျွန်တော်သည် မြန်မာနိုင်ငံမှအာဘာဖီး(Arbourfield)ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ၏စီစဉ်ပေးမှုဖြင့်ယူအေအီးနိုင်ငံ(Consolidated Contarctors Company)CCC.တွင်သွားရောက်အလုပ်
အကိုင်လုပ်ကိုင်လျှက်ရှိပါသည်။
ဖြစ်ပျက်ပုံအသေးစိတ်မှာ မြန်မာနိုင်ငံသား ကိုမောင်မောင်သည် (၃၁၊၉၊၂၀၁၁)ည ၁၀ နာရီအချိန်ခန့်တွင် အိမ်သာသို့သွားခဲ့ပါသည်၊အိမ်သာမှအပြန်တွင် နိပေါနိုင်ငံသားအလုပ်သမားအချို့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအလုပ်သမားများမှာခိုက်ရန်ဖြစ်ပွာြး
ပီး
ကိုမောင်မောင်နေထိုင်ရာအခန်းသို့အပြန်လမ်းသို့ရောက်ရှိလာကြပါသည်၊နိပေါနိုင်ငံသားများမှာ ၁၀ဦးခန့်ရှိပြီးဘင်္ဂလားဒေ့ရှ်များမှာအယောက်၆၀ခန့်ဖြစ်ပါသည်၊နိပေါများထွက်ပြေးလာကြရာမှာဘင်္ဂလားများမှလိုက်လံတိုက်ခိုက်ခြင်းဖြစ်ပါသည်၊ထိုအခြေအနေတွင်ကိုမောင်မောင်အားနိပေါလူမျိုးဟုထင်မှတ်၍ဝိုင်းဝန်းပြီးရိုက်နှက်ထိုးကြိတ်ကြပါသည်၊ထိုအဖြစ်အပျက်အားအခြားမြန်မာများမှသိရှိသွားပြီးအခင်းဖြစ်ပွားရာနေရာမှသွားရောက်ဆွဲထုတ်ခဲ့ကြပြီးနေထိုင်ရာအခန်းသို
့ပြန်ခေါ်ခဲ့ကြပါသည်။
ကိုမောင်မောင်မှာအခန်းသို့ပြန်ရောက်လာပြီးခေါင်းမှဒဏ်ရာမှမူးသည်၊ဟုဥာည်းတွားနေပါသည်၊ထို့ကြောင့်အတူနေသူများမှစိုးရိမ်၍ကုမ္ပဏီမှဆေးပေးခန်းသို့ကုသရန်ခေါ်ဆောင်သွားခဲ့ပါသည်၊ဆေးပေးခန်းမှခေတ္တစောင့်ဆိုင်းရန်မှာကြား၍စောင့်ဆိုင်းနေစဉ်တွင်ရဲစခန်းမှရောက်ရှိလာပြီးခေါ်ဆောင်သွားခဲ့ပါသည်၊ဤနေရာတွင်ကျွန်တော်ကြားဖြတ်တင်ပြလိုသည်မှာကိုမောင်မောင်သည်အလွန်ရိုးအ၊အေးဆေးသောသူတစ်ယောက်ဖြစ်ပါသည်၊အရက်သေစာသောက်စားခြင်းလဲမရှိပါ၊အင်္ဂလိပ်စကားကိုလည်းလိပ်ပတ်လည်အောင်မပြောဆိုတတ်ပါ၊ဤနိုင်ငံရှိရဲများမှာလဲအင်္ဂလိပ်လိုကောင်းမွန်စွာမပြောဆိုတတ်ကြပါ၊ထို့နောက်မည်သည့်အဆက်အသွယ်မှမရရှိတော့ပါ၊ထို့ကြောင့်အားလုံးမှစိုးရိမ်၍ကုမ္ပဏီ အလုပ်သမားရေးရာသို့မြန်မာ၁၅ဦးခန့်စုစည်း၍သွားရောက်ပြီးထိုကိစ္စ
ကိုပြေလည်အောင်
ဆက်သွယ်ဆောင်ရွက်ပေးရန်ပြောဆိုခဲ့ပါသည်၊သို့ရာတွင်ရုံးခန်းသို့လူစုနှင့်လာသည်ဟုဆိုကာအားလုံးကိုwarning letter ပေးပါသည်၊ပြေလည်စွာသွားရောက်၍မေးမြန်းခြင်းသာဖြစ်ပါသည် လုံးဝဆူပူခြင်း၊ရိုင်းစိုင်းခြင်းမရှိပါ။ထို့နောက်မည်သည့်သတင်း
မှမကြားရပဲ
(၅၊၁၁၊၂၀၁၁)နေ့တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ကြောင်းနှင့်လိုအပ်သည့်အဝတ်အစားများအား အဘူဒါဘီ အကျဉ်းထောင်သို့လာရောက်ပေးပို့ပါရန် ကိုမောင်မောင်အားဖုန်းဆက်ခွင့်ပေး၍ဆက်သွယ်လာပါသည်၊နိပေါ ၁၀ဦးကိုလည်းထောင်ဒဏ်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်၊ဘင်္ဂလားဒေ့ရှ်များကိုအလုပ်မှထုတ်ပယ်၍နိုင်ငံသို့ပြန်ပို့လိုက်ပါသည်၊အမှုအတွက်ရှေ့နေငှားရမ်းခွင့်၊ထုခြေလျှောက်ထားခွင့်လုံးဝမပေးခဲ့ပါ၊စီရင်ချက်ချမှတ်ပြီးမှသာသိရှိရပါသည်၊ထို့နောက်ထောင်ဝင်စာတွေ့ဆုံရန်သွားရောက်ခဲ့ရာတွေ့ဆုံခွင့်မပေးပဲနောက် ၁၀ လ ခန့်နေမှလေယာဉ်လက်မှတ်နှင့်လာရောက်ရန်သာအာဏာပိုင်များမှပြောကြားပါသည်။ယခုပြဿနာတွင် ကိုမောင်မောင်မှအမှန်တစ်ကယ်ဆိုးသွမ်း၊ရန်ဖြစ်၍ ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရပါကမ
ည်သို့မှစောဒက
တက်စရာမရှိပါ၊သို့သော် ယခုအခြေအနေမှာအလွန်တစ်ဘက်စောင်းနင်းဆန်ဆန်ပြုမူခြင်းဖြစ်ပါသည်၊ထို့ကြောင့် မြန်မာနိုင်ငံသားများ ပြည်ပတွင်သွားရောက်အလုပ်အကိုင် လုပ်ကိုင်လိုပါက မိမိတို့နှင့်သက်ဆိုင်ရာနိုင်ငံ၏သံရုံးမရှိသော၊ပြည်ပအလုပ်သမားမ
ျားအပေါ်
အကာအကွယ်ပေးသော ဥပဒေ မရှိသောနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ရန်မသင့်တော်ပါ၊မြန်မာနိုင်ငံမှသက်ဆိုင်ရာ ဝန်ကြီးဌာနများမှလဲထိုကဲ့သို့သောနိုင်ငံတော်မှသံရုံးမရှိသော၊နိုင်ငံသားများအပေါ်အကာအကွယ်မပေးနိုင်သော နိုင်ငံများသို့အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှလုပ်သားစေလွှတ်ခြင်းအပေါ်ကြပ်မတ်တားမြစ်သွားနိုင်ရန်အတွက်ကျွန်တော်တို့ယုံကြည်လေးစားရသော၊အားကိုးရသော မီဒီယာများမှတစ်ဆင့်တတ်စွမ်းနိုင်သလောက်အကူအညီပေးပါရန်အကူအညီတောင်းခံလိုက်ရပါသည်ခင်ဗျာ။
real story
by Su Yee Win (facebook)
အဘူဒါဘီအကျဉ်းထောင်မှာ မတရားထောင်ချခံရတဲ့ ကိုမောင်မောင် ကို ဘယ်သူကူညီမလဲ
Reviewed by သစ်ထူးလွင်
on
05:19
Rating:
7 comments:
ဒါလေးတွေကအသေးမွှားလေးတွေပါ
မလေးဆို၇င်တ၇ားဝင်work permit
၇ှိပါလျှက်နဲ့သဌေးတွေ၇ဲ့မတ၇ားအနိုင်ကျင့်
မှုကိုမြန်မာအမျိုးသမီး အမျိုးသားတွေပါ
ခေါင်းငုံခံ၇တဲ့အဖြစ်တွေကတပုံကြီးပါ
မြန်မာသံ၇ုံ(ခေါ်)အကောက်ခွန်၇ုံးကတော့
သူနဲ့မဆိုင်တလိုဘဲအလုပ်သမားတွေ၇ဲ့
ချွေးနဲစာကိုဘယ်လို၇အောင်ယူ၇မလဲ
စဉ်းစားနေတာပါ ဘာမှအကူညီမပေးနိုင်
ပါဘူး မတ၇ားအနိုင်ကျင့်လို့သွားတိုင်တာ
တောင်သံ၇ုံးကဘာမှမလုပ်ပေးပဲ ဒါပြသ
နာ၇ှင်းပေးတဲ့၇ုံးမဟုတ်ဘူးဆိုပြီးမောင်း
ထုပ်ခံ၇တာတွေအများကြီးပါ။
အားလုံးကိုခြုံပြီး ဒီနိုင်ငံမကောင်းဘူးလို့တော့ပြောလို့မရပါဘူး..ဒီနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတွေအများကြီးပါ..သူကိုယ်တိုင်က ရေရေလည်လည်ရှင်းကပြတတ်တော့ပိုရူတ်သွားတာပါ..ဒီမှာက ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ကိစ္စကိုလည်းကိုယ်ပဲရှင်းမှရတတ်တယ်သဘောရှိတယ် ဒီက ရဲတွေက အဲဒီအတိုင်း ကြားလူက ၀င်ပြောတာကိုသူတို့က လက်မခံတတ်ဘူး..ကုမ္မဏီ ကလိုက်ရှင်းပေးရင်တော့တစ်မျိုးပေါ့လေ..သူတို့အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်ဘူးလို့ဘယ်သူပြောလဲ ..ကျွန်တော် airport မှာ လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ ရဲတွေနဲ့နေ့တိုင်းထိတွေ့ဆက်ဆံနေရလို့ သူတို့ဘာဆိုတာကောင်းကောင်းသိပါတယ်..အပြင်မှာ တစ်ချို့တစ်လေ ရှိကောင်းရှိပါလိမ့်မယ်...ဒီသတင်းကြားရတာတော့ တစ်ကယ်ကိုစိတ်မကောင်းပါဘူးဗျာ..
သူ့ကျွန်မခံပြီဇတ်ကားမှာ မင်းသားကြီး ဇော်လင်းပြောသွားတာကိုပြေးသတိရမိတယ် ကိုယ်ဖြစ်ကိုယ်ခံဘာအာမခံချက်မှမရှိဘူးတဲ့
နင်ဘယ်လောက်ပဲမှားနေနေ ငါနင့်ကိုစိတ်မဆိုးဘူးစိတ်မကောက်၇က်နိုင်ပါဘူး ဘာလို့ဆို နင့်ကိုချစ်မိပြီဆိုမှတော့ ငါနင့်၇ဲ့ အမှန်တွေကိုပဲေ၇ွးလိုချင်နေလို့မ၇ဘူးဆိုတာ ငါသိထားပြီးသားပဲလေ.
( သူ့ကျွန်မခံပြီဇတ်ကားမှာ မင်းသားကြီး ဇော်လင်းပြောသွားတာကိုပြေးသတိရမိတယ် ကိုယ်ဖြစ်ကိုယ်ခံဘာအာမခံချက်မှမရှိဘူးတဲ့ )
သူ့ကျွန်မခံပြီ မဟုတ်ပါဘူး ၊ တိုက်ပွဲခေါ်သံဇာတ်ကားပါ
အခြားသံရုံးများကတော့ ကိုယ့်နိုင်ငံသား တိုင်းတပါးမှာဒုက္ခရောက်နေရင် အကူအညီလာပေးကြတာပဲ။ စုရဲဝင်းရေ- သံရုံးကိုအရင်အကြောင်းကြားပါ။ သူတို့မှာ လုပ်ပိုင်ခွင့် တစိတ်တဒေသရှိပါတယ်။ မကူညီရင် ထပ်တင်ပါအုံး။
မဟုတ်တဲ့ သတင်းတွေပါ...ဒါတွေက ကိုမောင်မောင် နဲ့ ကျွန်တော် တို့ က အတူနေတဲ့ သူငယ်ချင်းတွေပါ..တခန်းထဲနေတာဖြစ်ပါတယ်...ဘာမသိညာမသိနဲ့ တင်လိုက်ကြတာပါ...ကိုမောင် က ပြန်သွားတာကြာပါပြီ...ဘာမသိညာမသိနဲ့ အကျဉ်းကျနေတယ်ပြောတာ...တကယ် လေ့လာစုံစမ်းပြီးမှ ပြောသင့် တယ် လို့ ထင်ပါ တယ်....သူ့မိဘတွေ အသိုင်းဝိုင်းတွေ သိရင် ဘယ်လောက် စိတ်ညစ်ကြမလည်း....မိသားစုချင်း ကိုယ်ချင်းစာ စိတ်လေး တော့ ရှိသင့် ပါ တယ်......ကျွန်တော် တို့ မနေ့ည ကလည်း စိတ်တိုလို့ တခါ ပြောပြီးပြီ....ထို့ကြောင့် ဒီသတင်းကို ပြန်လည် ပိတ်ပေးပါရန်........ကိုမောင်ရဲ့ သူငယ်ချင်းများမှ....
Post a Comment