ဘယ်လာရုစ်နိုင်ငံနှင့် ကုန်သွယ်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့်
စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း ဒီဇင်ဘာလ ၃
ရက်နေ့က နေပြည်တော် MICC ခန်းမ၌ ပြုလုပ်သည့် နှစ်နိုင်ငံဆွေးနွေးပွဲတွင်
နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင် အောင်မြင့်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ပတ်သက်၍ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များ ရေးထိုးခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်နိုင်ငံ၏ အဓိကပို့ကုန်များတွင် သတ္တုများပါဝင်သည့်အတွက် မြန်မာနိုင်တွင် သတ္တုအပါအ၀င် မြေအောက်သယံဇာတများနှင့် ရှားပါးသတ္တုများ စမ်းသပ်ရှာရှာဖွေရေး သုတေသနလုပ်ငန်းများအတွက် နည်းပညာများပူးပေါင်းဆောင်ရွက်ရေးကို လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဘယ်လာရုစ်နိုင်ငံသို့ မြန်မာပို့ကုန်များ တို့းမှင့်တင်ပို့နိုင်ရန်နှင့် ဘယ်လာရုစ် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံရန်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် သိပ္ပံနည်းကျသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်မှုများတွင် နည်းပညာသစ်များ အသုံးပြုရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Eleven Media Group

ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Reviewed by သစ်ထူးလွင်
on
12:34
Rating:
No comments:
Post a Comment