စက်မှုဇုန်၊ ဟိုတယ်ဆောက်မယ်စတဲ့ လုပ်ငန်းပြပြီးမြေလွတ်တွေ အများကြီးဝယ်ယူကာ
ဘာမှ မလုပ်ဘဲ ထားတဲ့လုပ်ငန်းရှင်းတွေကို စာရင်းကောက်ယူပြီးရှင်းမယ်လို့
စက်မှု-၂ ဝန်ကြီးဌာနတွေ့ဆုံပွဲက သိရတယ်။ စက်မှုဇုန်အဖြစ်နဲ့မြေတွေ
လျော်ကြေးပေးသိမ်းထားတာ၊ ဟိုတယ်တွေပြီးအောင် မဆောက်တဲ့ မြေလွတ်စာရင်းတွေ
ကောက်ပြီးရှင်းဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ
လုပ်မှာဖြစ်တယ်။ စက်ရုံတွေအနေနဲ့ လိုသလောက်ပဲ မြေယူခွင့်ရမှာဖြစ်တယ်။
ပိုပြီးယူထားလို့မရအောင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်နေတယ်လို့
စက်မှု ၁၊ ၂ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဆိုပါတယ်။ သူက
“ဘိလပ်မြေစက်ရုံးတစ်ခု လုပ်မယ်ဆိုပြီး မြေဧက
ထောင်ချီလျော်ကြေးပေးဝယ်သိမ်းခွင့် မပြုဘူး။ လိုသလောက်ပဲယူရမယ်၊
လုပ်ပိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ အနေနဲ့
ပတ်ဝန်းကျင်နဲ့လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုနည်းအောင် လုပ်ရမယ်” လို့
ပြောပါတယ်။ အရင်က ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ အနေနဲ့ အခုအချိန်မှာ အမြန်
အကောင်အထည်ဖော်ဖို့လိုမှာ ဖြစ်ပါတယ်။ သည်နေ့လက်ရှိခေတ်မှာ မြေလွတ်က
ရှားလာပါတယ်။ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ မြေလွတ်မရှိတော့ဘူး။
လယ်နဲ့ သစ်တောကလွဲလို့ မြေလွတ်က အတော်ရှားလာတယ်။ စက်မှုလုပ်ငန်း
လုပ်ချင်လို့ မြေလိုချင်ရင် နယ်စွန်နယ်ဖျားတွေသွားမှ ရမယ်။ ရန်ကုန်ရဲ့
မြေတစ်ဧက တန်ဖိုးကလည်း ဈေးအရမ်းများနေပြီလို့ ဆိုပါတယ်။ “သတ်မှတ်ကာလ
တစ်ခုမှာလုပ်ငန်းပြီးအောင် လုပ်ရမယ်၊ အဲဒီလိုမဟုတ်ဘဲ ဟိုတယ်ဆောက်ဖို့
ငွေစောင့်တာ၊ မြေတန်ဖိုးတက်လာတာအောင် စောင့်တာ၊ မြေဧက အများကြီးဝယ်ပြီးဘာမှ
မလုပ်တာမျိုး ခွင့်မပြုတော့ဘူး” လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရှိစက်မှုဇုန်အများစုက ကားထုတ်လုပ်နေပါတယ်။
အချို့ စက်မှုဇုန်တွေကို တိုးချဲ့မှာဖြစ်ပြီး အချို့စက်မှုဇုန်ဟောင်းတွေကို
အဆင့်မြှင့်ဖို့လုပ် နေတယ်။ မြေဝယ်သူအများစုက ဈေးပေါချိန်
မြေလွတ်တွေဝယ်ထားပြီး နောက် ပြန်ရောင်းငွေရှာတယ်။ မြေပေါ်မှာ
စက်မှုလုပ်ငန်းလုပ်ပြီး ရှာတာမျိုးမဟုတ် ဘူးလိုဆိုကြောင်း ၂၀၁၁ ခုနှစ်
ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar News Now
Myanmar News Now
ဘာမှ မလုပ်ဘဲ ဝယ်ထားတဲ့ မြေလွတ်စာရင်း ကောက်ယူမည်
Reviewed by သစ်ထူးလွင်
on
18:01
Rating:
No comments:
Post a Comment