မြန်မာများ မလေးရှားတွင် ၁၀ နှစ်ကြာ နေနိုင်ပြီ

မလေးရှား ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ တွင် အခြေစိုက်နေထိုင်နိုင်ရေး အစီအစဉ်တွင် မြန်မာနိုင်ငံသားများ ပါဝင်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အခြေစိုက်နေထိုင်နိုင်ရေး Malaysia my Second Home(MM2H) အစီ အစဉ်အရ မလေးရှားနိုင်ငံသားမဟုတ်သူ နိုင်ငံခြားသားများအား မလေးရှားတွင် ကြာရှည်စွာနေထိုင်နိုင်ရန် မလေးရှားအစိုးရက ဗီဇာသက်တမ်း ၁၀ နှစ်ပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြရန် အသက် (၅၀) အောက်ရှိသူများသည် မလေးရှားရှိ မိမိကြိုက်နှစ်သက်ရာ ဘဏ် သို့မဟုတ် ဘဏ်ကြီးတစ်ခုခုတွင် မိမိအမည်ဖြင့် ငွေသးမလေးရှားရင်း ဂစ် သုံးသိန်းကိုစာရင်းသေ ဖွင့်ရမည်ဖြစ်ပြီး တစ်နှစ်ပြည့်လျှင် ရင်းဂစ်တစ်သိန်းခွဲကို အိမ်ဝယ်ရန်၊ ပညာရေးစ ရိတ်၊ ကျန်းမာရေးစရိတ် အစရှိသည့် အခြေအနေများအတွက် ထုတ်ယူနိုင်ပြီး မိမိဘဏ်စာရင်းတွင် လက်ကျန် ငွေရင်းဂစ်တစ်သိန်းခွဲကို MM2H ဇီဇာအသုံးပြုနေသရွေ့ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သိရသည်။

" အသက် (၅၀) နဲ့အထက် လူကြီးတွေလဲ အရင်ဆုံးမလေးရှားရင်းဂစ် တစ်သိန်းခွဲကို စာရင်း သေဖွင့်ရမယ်။ တစ်နှစ်ပြည့်ရင် ရင်းဂစ်ငါးသောင်းကို အိမ်ဝယ်ဖု့၊ ကျန်းမာရေးတို့အတွက် ထုတ်ယူနိုင်တယ်။ လက်ကျန်ငွေတစ်သိန်းကို ဗီဇာအသုံးပြုနေသရွေ့ ထိန်းသိမ်းထားရမယ်။ နောက်ပြီးနေမယ့်သူတွေအနေနဲ့ ဆယ်နှစ်ကာလအတွင်း လုံလောက်တဲ့နေထိုင်စရိတ်ရှိတဲ့ အထောက်အထားကိုပြရမယ်" ဟုယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် Jenko မှ် အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နီမြစီက ပြောသည်။

ထို့ပြင် ကျန်းမာရေးဆေးစစ်ချက်ကိုလည်း တင်ပြရမည်ဖြစ်သည့်အတွက် မလေးရှားရှိ မည် သည့်ပုဂ္ဂလိက ဆေးရုံတွင်မဆို ခွင့်ပြုချက်ရပြီးသူတိုင်း မလေးရှားတွင် နေထိုင်သရွေ့ ကျန်းမာရေးအာမခံ ထား ရှိရမည်ဖြစ်ကြောင်း သိရသည်။

" အန်တီတို့က ဒီအစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ပြီး တခြားစိတ်ဝင်စားသူတွေကိုပါ ကူညီပေး သွားမှာပါ။ လျှောက်တဲ့သူတိုင်း ခွင့်ပြုချက်ရပါတယ်။ နောက်ပြီး အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ဘဏ်ချေးငွေရဖို့ ဆောင် ရွက်ပေးမယ်။ ကုမ္ပဏီဖွင့်လိုသူတွေကိုလဲ ဖွင့်ဖို့စီစဉ်ပေးသွားမှာပါ" ဟု ဒေါ်နီမြစီက ဆက်လက်ပြောသည်။

အရည်အချင်းပြည့်မီပြီး အခြေချနေထိုင်ခွင့် ဗီဇာရရှိသူများသည် မလေးရှားနိုင်ငံတွင် ဗီဇာ သက်တမ်းရှိသရွေ့ အကန့်အသတ်မရှိ ၀င်ထွက်နေထိုင်နိုင်ကြပြီး အိမ်ခြံမြေ၀ယ်ယူနိုင်ခွင့်၊ ကားဝယ်ယူခွင့်၊ အကူဝန်ထမ်းခေါ်ခွင့်၊ (၂၁) နှစ်အောက်သားသမီးများကို အခြေချနေထိုင်ခွင့် ဗီဇာဖြင့် တစ်ပါတည်းခေါ်နိုင်ပြီး ပညာသင်ခွင့်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ပိုင်ခွင့်၊ အသက် (၅၀)အထက် ယင်းဗီဇာကိုင်ထားသူများ အချိန်ပိုင်း အလုပ်လုပ်နိုင်ခွင့်၊ အိမ်ထောင်ပရိဘောဂများကို တင်သွင်းလာသောအခါ အခွန်ကင်းလွတ်ခွင့်၊ မလေးရှားတွင် ဥပဒေနှင့်အညီ တည်ထောင်ထားပြီး ဖြစ်သည့်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခွင့်၊ အစုရှယ်ယာဝယ်ရောင်းနိုင်ခွင့်၊ ဘဏ်စာရင်းသေအပ်နှံမှုအပေါ် အခွန်ကင်းလွတ်ခွင့်၊ မိဘများကို ရက်ရှည်ဗီဇာဖြင့် တစ်ပါတည်းခေါ်နိုင်ခွင့် စ သည့်အချက်များရရှိမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို မလေးရှားခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ယူဖော်ဆောင်လျက်ရှိ ပြီး မလေးရှားပြည်ထဲရေး ၀န်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ လျှောက်လွှာများကို လက်ခံစိစစ်ပြီး တရား ၀င်ဗီဇာထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နှစ် ပါဝင်သူဦးရေ ၁၂၀၀၀ ရှိနေကြောင်း သိရသည်။

ပန်းသတင်းဂျာနယ်
မြန်မာများ မလေးရှားတွင် ၁၀ နှစ်ကြာ နေနိုင်ပြီ မြန်မာများ မလေးရှားတွင် ၁၀ နှစ်ကြာ နေနိုင်ပြီ Reviewed by သစ်ထူးလွင် on 08:25 Rating: 5

No comments:

Powered by Blogger.