ရခိုင်ပြည်နယ်အတွင်း ဌာနုဆိုင်ရာများတွင် လျှို့ဝှက်စနစ်ခန့်မှု ရှိနေသေး

ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ဒေသအတွင်း ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူအချို့မှာ အစိုးရ ဌာနဆိုင်ရာ အလုပ်များ ရရန် မျှော်လင့် နေကြသော်လည်း  ဌာနဆိုင်ရာ အသီးသီးတွင် အလုပ်ခန့်ထားသည့် စနစ်မှာ လျှို့ဝှက်စနစ် (လက်တို့စနစ်) ဖြင့်သာ ခန့်ထားနေကြောင်း သိရသည်။ “အလုပ်ခေါ်စာ ကြေညာတာမျိုး မရှိပါဘူး။ ဘယ်ရုံးမှာတော့ လူလိုနေတယ်လို့ ကြားတာနဲ့ ဘယ်နေ့ အလုပ်ခေါ်မလဲလို့ စောင့်နေတာ။ အလုပ်ခေါ်စာတောင် မကြားလိုက်ရဘူး။ အလုပ်က ခန့်ထားလိုက်ပြီလို့ သိရပါတယ်။ တချို့ ဌာနတွေမှာ ဆိုရင် မြို့နယ်၊ ခရိုင် အရာရှိတွေတောင် မသိလိုက်ဘဲ ပြည်နယ်က တိုက်ရိုက် ခန့်လိုက်တာတွေ ရှိပါတယ်” ဟု ဥပဒေဘွဲ့ရ ကျောင်းသားတစ်ဦးက ပြောပြသည်။ ယင်းသို့ လျှို့ဝှက်စနစ်ဖြင့် အလုပ်ခန့်ထားမှုကြောင့် ငွေကြေး မတတ်နိုင်သူ၊ အထက်ဌာန အသီးသီးတွင် အသိမိတ်ဆွေ မရှိသူ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အလွန်တရာ နည်းပါး နေကြောင်း သိရသည်။ အရည်အချင်းရှိ လူငယ်တချို့ ဒေသတွင်း၌ အလုပ်အကိုင် ရရှိမှု နည်းပါးခြင်းကြောင့် လူငယ်များစုမှာ နိုင်ငံခြားသို့ သွားရောက်မှု များလာကြောင်း news.yatanarpon.com.mm သတင်း အရ သိရသည်။

By: သစ်ထူးလွင်
ရခိုင်ပြည်နယ်အတွင်း ဌာနုဆိုင်ရာများတွင် လျှို့ဝှက်စနစ်ခန့်မှု ရှိနေသေး ရခိုင်ပြည်နယ်အတွင်း ဌာနုဆိုင်ရာများတွင် လျှို့ဝှက်စနစ်ခန့်မှု ရှိနေသေး Reviewed by သစ်ထူးလွင် on 12:12 Rating: 5

No comments:

Powered by Blogger.