နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ရန်ပုံငွေအငြိမ့်ပွဲ ကပြမည်

ထာဝရနှင်းဆီအငြိမ့်အဖွဲ့မှ နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်ရိုက်ကူးရေးတွင် လှူဒါန်းရန် ရန်ပုံငွေအငြိမ့်ပွဲကို ရန်ကုန်တွင် ကပြမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ၃-၁၂-၂၀၁၁ ရက်တွင် ပြောကြားသည်။ "ဗိုလ်ချုပ်ရဲ့ အတ္တုပ္ပတ္တိကို အန်တီစုက ရိုက်စေချင်တယ်။ အဲဒီအတွက် အကုန်လုံးနဲ့ ကော်မတီလေးတွေ ဖွဲ့ပြီး ရိုက်ဖို့ရှိတယ်။ အဲတော့ ကျွန်တော်တို့ ငွေရေးကြေးရေး အပိုင်းကရော၊ အနုပညာအပိုင်းကရော ပံ့ပိုးဖို့အကုန်လုံး ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ဦးဖျားဖျားကျွန်တော်တို့ လာမယ့်နှစ် မတ်လလောက်မှာ နှင်းဆီအဖွဲ့ကမယ်။ ကလို့ရတဲ့ပွဲရဲ့ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက် စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ ပြောရင်းနဲ့ပဲ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်န်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက်စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ပြောရင်းနဲ့ပဲ ကျွန်တော်တို့တစ်ဖွဲ့လုံး တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အရမ်းပီတိဖြစ်တယ်။ တခြားအဖွဲ့တွေလည်း သူ့ကဏ္ဍနဲ့သူ ဝိုင်းလုပ်ကြမှာပါ။ ကျွန်တော်တို့နှင်းဆီအဖွဲ့ကတော့ ကလို့ရတဲ့ ငွေအားလုံးလှူမယ်ပေါ့။ ခေါင်းစဉ်ကိုက ဗိုလ်ချုပ်အောင်န်း အတ္ထုပ္ပတ္တိဇာတ်ကားရန်ပုံငွေအဖြစ် အငြိမ့်ပွဲ၊ ပြဇာတ်ပွဲကပြီးလှူမယ်။ သုဝဏ္ဏကွင်းမှာပဲ ကမှာပါ" ဟု ယင်းကပြောကြားသည်။ ထာဝရနှင်းဆီအဖွဲ့တွင် ဒါရိုက်တာ ဦးမျိုးမင်း (ရင်တွင်းဖြစ်)၊ လူရွှင်တော်များ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ရဲလေး၊ ထွန်းထွန်း၊ မင်းသမီးများအဖြစ် မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့ ပါဝင်ကြောင်း သိရသည်။

ပြည်မြန်မာသတင်းဂျာနယ်
Myanmar News Now 
နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ရန်ပုံငွေအငြိမ့်ပွဲ ကပြမည် နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ရန်ပုံငွေအငြိမ့်ပွဲ ကပြမည် Reviewed by သစ်ထူးလွင် on 18:22 Rating: 5

6 comments:

jFET said...

good job

Ibrahim Myo Chit said...

VERY BEAUTIFUL FLOWER.

CHO said...

လူငယ်လေးတွေရဲ့စိတ်ဓါတ်ကိုလေးစားသွားပြီ။

zawlintun said...

နှင်းဆီအဖွဲ့သားအားလုံးရဲံစိတ်ဓါတ်နဲ့လုပ်ရက်အတွက် ဂုဏ်ယူပါတယ်ဗျာ။

Taw Lu Thit said...

သခင်အောင်ဆန်းလို့ ပဲ ကျနော်တော့ ခေါ်ချင်ပါတယ် ဗိုလ်ချုပ် ဗိုလ်ချုပ်နဲ့ ဟို လူရှုပ်တွေ နဲ့ ရောမှာစိုးလို့..သခင်အောင်ဆန်း အထ္ထုပတ္တိ လို့ပဲ သုံးစေချင်ပါတယ်ဗျာ အဲ့ဒီ ဗိုလ်ချုပ်ဝေါဟာရကို တွင်ကျယ်အောင် ဗိုလ်နေ၀င်းတို့ လုပ်ခဲ့တာပါ သူတို့က ဗိုလ်ချုပ်အောင်ဆန်းအရိပ်ခိုပြီး ဗိုလ်ချုပ်နေ၀င်း ဆိုတာမျိုးလုပ်ရာကနေ ဗိုလ်ချုပ် ဗိုလ်ချုပ် ပိုအသုံးများစေတာပါ ပြည်သူတွေက လဲ ဗိုလ်ချုပ်ဆိုပြီးချစ်လဲ ချစ်တော့ အာဏာရှင်တွေက ရောကြိတ်နေတာ ခုထိပဲ ဆိုပါတော့.

htetayenyein said...

သူတို့က အရင်ထဲက သတ္တိရှိကြပြီးသားပါ၊ အခုတော့ ပိုလွတ်လွတ်လပ်လပ် သတ္တိရှိလာကြတာပေါ့

Powered by Blogger.