နိုင်ငံခြား ငွေလဲလှယ်နှုန်းထားကို တစ်ဒေါ်လာလျှင်
ကျပ် ၁၀၀၀ ၀န်းကျင်ဖြစ်သင့်သည်ဟု ပြည်သူ့
လွှတ်တော်မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားသည်။
လက်ရှိ ပြည်တွင်းငွေလဲ လှယ်နှုန်းထားမှာ အမေရိကန် ဒေါ်လာတစ်ဒေါ်လာလျှင် ၈၀၇ ကျပ်ဝန်းကျင်သာရှိသည်။ ယင်းကြောင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်ကုန်လုပ်ငန်းရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များ အဆင် ပြေမည့်နှုန်းထားမှာ တစ်ဒေါ် လာလျှင် ကျပ် ၁၀၀၀ ၀န်းကျင် ဖြစ်သင့်ကြောင်း ဦးအောင်သောင်းက ဆိုသည်။
“ငွေလဲနှုန်း အခုလိုဖြစ်နေတာ အလွန်အန္တရာယ်များတယ်။ ငွေလဲနှုန်းက တစ်ထောင်ကျပ်လောက်မှ စီးပွားရေးမှ လုပ်လို့ကောင်းတယ်”ဟု အမေရိကန်နိုင်ငံဟားဗတ်တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Thomas J. Vallaly ကလည်း မြန်မာနိုင်ငံဘဏ်များအသင်း၌ ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားသည်။ ငွေလဲနှုန်းကို မြှင့်တင်နိုင်ခြင်းမရှိသည့်အတွက် စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန်လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများထက် အခြားစီးပွားရေးများဖြစ်သော အိမ်ခြံမြေ၊ ရွှေ စသည် တို့တွင်သာရင်းနှီးမြှုပ်နှံမှုပြုနေ ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွင် ညီမျှခြေမရှိဘဲဖြစ်နေကြောင်း Thomas J. Vallaly ဆိုသည်။
“ငွေလဲနှုန်းက တစ်ထောင်ဆိုရင် အိတ်စ်ပို့က ပိုတက်လာနိုင်တယ်။အိန္ဒိယဆိုအခုသူ့ငွေတန်ဖိုးကို၁၅ရာခိုင်နှုန်းလောက် လျှော့ချထားတယ်။ဒါကြောင့်သူ့ပစ္စည်းတွေ က ဈေးပေါနေတယ်”ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ပြည်တွင်းစီးပွားရေးတစ်ခုလုံး ဖွံ့ဖြိုးမှုသည် ငွေလဲနှုန်းနှင့် အဓိကအရေးပါဆက်စပ်ပြီး ကမ္ဘာ့ဘဏ်၏တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုး ရေးအတွက် လိုအပ်သည့်အချက်ခြောက်ချက်တွင် ငွေလဲနှုန်းတည်ငြိမ်ရေးသည် နံပါတ်တစ်အချက် ဖြစ်ကြောင်း သိရသည်။
ပြည်သိမ်း 7Day News

ကန်ဒေါ်လာလဲနှုန်း တစ်ယူနစ်ကျပ်တစ်ထောင် ၀န်းကျင်ဖြစ်သင့်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အကြံပြု
Reviewed by သစ်ထူးလွင်
on
10:21
Rating:
2 comments:
အောင်သောင်း က လုပ်နေဘီ...အလကားလူ...သူ့ကုမ္ပဏီငွေတွေ သူ့သားကုမ္ပဏီငွေတွေ ဈေးကျလို့ ဆွဲတင်ဘို့လုပ်နေတာ။။။
ဒီလူ့ကို ဒီနေရာပေးထားယင် ကြာယင် ဒုက္ခ တပြုံတခေါင်းတွေ့
တော့မယ်။။။
အဲဒီတော့မှ သူမကယ်နိုင် ငါမကယ်နိုင်ဖြစ်မှာ။။။။
ဦးထွန်းကြည်တို့ လုပ်တုန်က တစ်ဒေါ်လာ ၂၀၀ ကနေ ၄၀၀ တက်သွားလို့
ပြုတ်တယ်။။။။အင်း ဒီလူလုပ်ပုံနဲ့...
agree as per myanmar & world business situation.
Post a Comment