အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ကော်မရှင်က ကြေညာ


NLD ပါတီ ၏ အမှတ်တံဆိပ်အသစ် (MNN မှ ပုံဖော်ထားခြင်းဖြစ်သည်)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း  ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားပါသည်။

ဦးတင်ဦးပါ ၂၁ ဦးက လျှောက်ထားသည့် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ ၊ နည်း ဥပဒေများနှင့် ညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၁၂ ရက်တွင် ခွင့်ပြုလိုက်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမှတ်တံဆိပ်အသစ်ကို လည်း အနီရောင်အောက်ခံတွင်အဖြူရောင်ကြယ်နှင့် ရွှေရောင်ခွပ်ဒေါင်းပုံ၊ အဖြူရောင်“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”စာတန်းကို အောက်ခြေတွင်ဖော်ပြထားသည့် စံပြုအရွယ်အစားအားဖြင့်ထောင့်မှန်စတုဂံပုံ အလျား ၁ ဒသမ ၆၂ လက်မ၊ အနံ ၁ လက်မ အဖြစ်ပြောင်းလဲသတ်မှတ် ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်၊ရွေးကောက်ပွဲမ၀င်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)သည်ပါတီအဖြစ် အသစ်ပြန်လည်တည်ထောင်ရန်ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်တွင်ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၆ ရက်အကြာ နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီပြန်လည် တည်ထောင်ရန် (NLD) မှ တာဝန်ရှိသူများက သွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

By: သစ်ထူးလွင်



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ကော်မရှင်က ကြေညာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို  နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ကော်မရှင်က ကြေညာ Reviewed by သစ်ထူးလွင် on 12:05 Rating: 5

No comments:

Powered by Blogger.