ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်လို၍ လာလျှောက်သူအား တွေ့ဆုံမေးမြန်းခြင်း

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားပြီး နယ်ကနေ လာရောက်စုံစမ်းလျှောက်ထားနေသူ မြင်းခြံမြို့မှ ကိုနေဦးနဲ့ ပြည်မြန်မာဂျာနယ်က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ မိသားစုမွေးချင်းနှစ်ဦး အနက် အကြီးဆုံးသားတစ်ဦး ဖြစ်ပါတယ်။

မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးဖို့ စိတ်ဝင်စားပြီး လာလျှောက်ဖြစ်ပုံပြောပြပေးပါ။

ဖြေ- ပြည်မြန်မာဂျာနယ်ထဲမှာ ဗိုလ်ချုပ်အတ္တုပတ္တိရိုက်မယ်လို့ ဖတ်ရတယ်။ သူတို့ရွေးတာ မရွေးတာ ကျွန်တော်မသိဘူး။ ဖတ်ရရချင်းပဲ စိတ်ဝင်စားတယ်။ ကျောင်းတက်တုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တူတယ်ဆိုပြီး ပြောကြသူတွေရှိတယ်။ ဗိုလ်သင်တန်းတက်တုန်းကလည်း အပြောခံရဖူးတယ်။ အဲဒါနဲ့ လျှောက်ဖို့ ရန်ကုန်ကိုလာတာပါ။ ကိုဇာဂနာက လူရှာနေတယ်လို့လည်း ကြားတယ်။ သတင်းစာထဲကလည်း ခေါ်မယ်လို့ကြားတယ်။ ကျွန်တော့်အနေနဲ့က အချိန်မဆွဲချင်ဘူး။ စောစောစီးစီးရောက်၊ စောစောစီးစီးသိပြီး လုပ်စရာရှိတာ လုပ်ချင်တယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရက် မွေးလလည်း တူတယ်လို့ သိရတယ်။

ဖြေ- ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ပါ။ မြန်မာလိုတော့ မတူပါဘူး။ အဲဒါကတော့ တိုက်ဆိုင်မှုတစ်ခုပါ။

မေး- ဘာမှပြင်ဆင်ရတာတော့ မရှိဘူး။ ကျွန်တော် ဆံပင်အတိုညှပ်တယ်။ ပြီးရင်ဓာတ်ပုံရိုက်တယ်။ သက်ဆိုင်ရာကို ဓာတ်ပုံတွေ သွားပေးပါတယ်။ အဲဒါပါပဲ။ သူတို့က တရားမခေါ်သေးတော့ ဘာမှလုပ်လို့ မရသေးဘူး။ လောလောဆယ် သူငယ်ချင်းတစ်ယောက်အိမ်မှာ တည်းနေတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်က ကျွန်တော်မသိတာတွေလည်း အများကြီးရှိတယ်။ သိသလောက် အတိုင်းအတာတွေကလည်း ကျွန်တော် လုပ်နိုင်တာ ရှိကောင်းရှိမယ်။ ဒါကတော့ သူတို့ဆုံးဖြတ်မှာပေါ့။ ကျွန်တော့်အနေနဲ့က လုပ်ပေးရမယ်။ ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ အတွက် လူငယ်တွေလိုတယ်။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာ၊ ဗိုလ်ချုပ်က ဘယ်လိုလူစားလဲ။ အဲလိုမျိုးဟာကို မြန်မာလူငယ်တွေသိအောင် လုပ်ရမယ်။ ကမ္ဘာက ဗိုလ်ချုပ်ကို လေးစားပြီးသား၊ ကမ္ဘာသိအောင် ဒီအတ္တုပ္ပတ္တိရိုက်မှာ ဖြစ်တဲ့ အတွက် တတ်နိုင်သမျှ ဗိုလ်ချုပ်နေရာကနေ အတော်များများသရုပ်ဆောင်နိုင်တဲ့ သူလိုတယ်ပေါ့။ သူတို့ကလည်း ရုပ်ရှင်လောကထဲက မရွေးဘူး။ အများပြည်သူထဲက ရွေးမယ်ဆိုတော့ ကိုယ်တတ်နိုင်တာ လုပ်ပြရမှာ။ တူသမျှ လူလာလျှောက်ကြမှာ၊ သူတို့ လုပ်နိုင်တာ မလုပ်နိုင်တာတစ်ပိုင်း၊ ဒါပေမဲ့ ခုနပြောသလို ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ အတွက် အကုန်လုံးကဝိုင်းဝန်းပြီး လုပ်နေကြတဲ့ အချိန်မှာ ရုပ်ရှင်းဆင်တဲ့သူတွေ၊ ရိုက်ချင်စိတ်ရှိတဲ့သူတွေ ဒါဟာ အခွင့်အရေးတစ်ရပ်ပဲ။ ပြည်သူတွေအတွက် ပေးထားတဲ့ အခွင့်အရေးတစ်ရပ်လို့ မြင်တယ်။

မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို တကယ်လက်တွေ့ရိုက်ဖို့ အတွက်ကော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ- ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတာတွေ နားထောင်ထားတယ်။ သူပြောတဲ့ စကားတွေ၊ သူသုံးတဲ့ အသုံးအနှုန်းတွေ နားထောင်ကြည့်နေတယ်။ တချို့ဟာတွေပဲ နားထောင်ရတယ်။ အကုန်မပါဘူး။ ဗိုလ်ချုပ်နဲ့ တူလားမတူလားတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ လူကြီးတွေသိမယ်။ အမေစု (ဒေါ်အောင်ဆန်းစုကြည်) တို့သိမယ်။ သူတို့တွေ ရွေးကြမှာ။ သူတို့ရွေးတဲ့ နေရာမှာတစ်ယောက်တည်း ရွေးမှာ မဟုတ်ဘူး။ အများကြီးရွေးမှာ။ အများကြီးရွေးမှာဖြစ်တဲ့ အတွက် ကိုယ်နဲ့အံဝင်တဲ့နေရာမှာ အံဝင်သွားအောင် သရုပ်ဆောင်ဖို့လိုတယ်။ ကျွန်တော့်အနေနဲ့က ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်တယ်။ ကျွန်တော်ဗိုလ်သင်တန်း တက်ခဲ့ဖူးတယ်။ တချို့ဟာတွေက ကြမ်းကြမ်းတမ်းလုပ်လို့ရတယ်။ ပြီးတော့ လူတစ်ယောက်က ဇာတ်ကားရိုက်နေရင်း တစ်စုံတစ်ခုဖြစ်သွားရင် သူတို့က ဒီအတိုင်းပစ်ထားမှာမဟုတ်ဘူး။ သူတို့က လုပ်ပေးမျာ အဲဒီအတွက် ကျွန်တော်တို့က တတ်နိုင်သလောက်ရိုက်ဖို့လိုတယ်။ ရိုက်တာမရိုက်တာ၊ ရွေးတာမရွေးတာ လူကြီးတွေရဲ့ အလုပ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာရှိပါတယ်ဆိုတာ ပြရမှာက ကျွန်တော်တို့တာဝန်ပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေတယ်။ ကိုယ့်ဘာသာကိုယ့်စုံစမ်းပြီး လာလျှောက်တယ်။

မေး- တကယ်လို့ ဒီဇာတ်ကားရိုက်ဖို့ ရွေးချယ်ခံရပြီဆိုရင် ဒီကားက သုံးနှစ်ရိုက်မှာဖြစ်တဲ့ အတွက် စီးပွားရေးကိုပစ်ပြီး ဒီမှာရိုက်ဖို့ကတော့ အဆင်ပြေပါ့မလား။

ဖြေ- အဓိကက ကျွန်တော်က ထမင်းစားနေရရင် ရိုက်လို့ရတာပဲ။ ကျွန်တော့်အမေကလည်း ကျောင်းဆရာမ၊ သူ့ဝင်ငွေနဲ့သူရပ်တည်နိုင်တယ်။ အဲဒါကျတော့ သူ့ဘာသာသူ သုံးနှစ်မကလို့ ဘယ်နှနှစ်ပဲရိုက်ရိုက် ထမင်းစားလို့ရတယ်။ နေလို့ရတယ်ဆိုရင် ရိုက်နေမှာပဲ။ ပြဿနာမရှိဘူး။

မေး- ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးလိုက်ပြီဆိုရင် ပြည်သူလူထုကို ဘာတွေလုပ်ပြချင်လဲ။

ဖြေ- ဒါကျွန်တော့်အတွက်ရိုက်တဲ့ ဇာတ်ကားလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်ဇာတ်ကားကို ရိုက်မှာ။ ကျွန်တော်က မင်းသားဖြစ်ချင်တာလည်း မဟုတ်ဘူး။ မင်းသားလုပ်ဖို့လာတာလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာဘယ်လိုရှိလဲ။ ဘယ်လိုလူမျိုးလဲဆိုတာ ပြည်သူလူထုသိအောင် ရိုက်မယ့်ဇာတ်ကား။ ဗိုလ်ချုပ်နဲ့တူအောင် သရုပ်ဆောင်ဖို့က အင်မတန်တော့ ခက်လိမ့်မယ်။ အဲဒီအတွက် လူတွေ အများကြီးလိုမယ်။ အများကြီးလေ့ကျင့်ရမယ်။ အများကြီးပံ့ပိုးရမယ်။ ကျွန်တော်ပြင်ထားတာ စိတ်ဓာတ်တစ်ခုပဲရှိတယ်။ ငါမဖြစ်ဖြစ် အောင်လုပ်မယ်။ ငါ့ကိုရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ ငါ့ရောက်အောင်သွားရမယ်။ ပြောပြရမယ်။ တင်ပြရမယ်။ ရွေးရင်လည်းတစ်မျိုး၊ မရွေးရင်လည်း ပြန်ရုံပေါ့။

မေး- အခု ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ဆံပင်တိုလိုက်တယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင်တာ အပြင် ဘာတွေလေ့လာနေလဲ။

ဖြေ- ဗိုလ်ချုပ်ကဘယ်လိုပြောလဲ။ ဘယ်လိုစကားလုံးတွေ သုံးလဲ။ လေယူလေသိမ်း ဘယ်လိုပြောလဲ။ အသံက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့က လေ့ကျင့်ရဦးမယ်။ သူတို့ရွေးမှ လေ့ကျင့်ရင်မကောင်းဘူး။ အချိန် မလောက်ဘဲဖြစ်နေမယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုတာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက်တူဖို့ဆိုတာလည်း တော်တော်လေးကို ခဲယဉ်းပါတယ်။ အဲဒီအခါကျတော့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တာပဲ။ ကျွန်တော်ပြင်လို့ရတာက စိတ်ကိုပြင်လို့ရတယ်။ စိတ်ဓာတ်ကိုပြင်တဲ့နေရာမှာလည်း ငါဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံစံဖြစ်ဖို့ လိုတယ်။ အဲလိုပေါ့။

မေး- အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားတွေက ဒီလိုမျိုးစီစဉ်တဲ့ အတွက် ဘယ်လိုခံစားရလဲ။

ဖြေ- ပျော်တာပေါ့။ ဒါဖြစ်သင့်တာ ကြာပြီလေ။ ကိုယ့်အိတ်ထဲက စိုက်ပြီးလုပ်မယ့် သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ ခုခေတ်က စီးပွားရေးခေတ်ဆိုတော့ စီးပွားရေးလောကသားတွေ အခွင့်ကောင်းယူမှာပဲ စိုးတယ်။

ပြည်မြန်မာသတင်းဂျာနယ်
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်လို၍ လာလျှောက်သူအား တွေ့ဆုံမေးမြန်းခြင်း ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်လို၍ လာလျှောက်သူအား တွေ့ဆုံမေးမြန်းခြင်း Reviewed by သစ်ထူးလွင် on 18:15 Rating: 5

27 comments:

နွေဦီးသစ်စိမ်း said...

"ကျွန်တော်ပြင်ထားတာ စိတ်ဓာတ်တစ်ခုပဲရှိတယ်။ ငါမဖြစ်ဖြစ် အောင်လုပ်မယ်။ ငါ့ကိုရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ "
အဲသည်စိတ်ဓါတ်တော့ ကြိုက်သွားပြီ..

Phyu Ei Khin said...

အင်း..ဟုတ်ပါတယ် တကယ်စိတ်ဝင်စားတယ်ဆိုတာသေချာနေပြီလေ ....ရည်ရွယ်ချက်ကလည်း excellent ဆိုတော့ စဉ်းစားပေးဖို့အကြံပြု
ခြင်ပါတယ်........

tony tony said...

စောက်ရူး...

Tri Asian Taste said...

အကျင့်နဲ့ သီလတူမှ တူတယ်ခေါ်တယ်။ မင်းကစစ်တပ်ထဲကလာတာဆိုတော့ အကြံပေးလိုက်မယ်
မတူရင် နူတတ်တယ် သတိထား။

မိုးချစ်သူ said...

လူတွေကလဲ ကိုယ်လဲမလုပ်နိုင် သူများလုပ်တော့လဲဝေဖန်တယ်....မကောင်းပါဘူး... အကြံပေးတာလောက်ကတော့ ရှိသင့်ပါတယ်...အရမ်းကိုအဆိုးမြင်ဝါဒထားနေရင်တော့ သိပ်အဆင်မပြေဘူး။ ကိုယ်ကရော မကောင်းတာအားလုံးရှောင်နိုင်လား..ပြန်စဉ်းစားပေါ့...အင်းပေါ့လေ ဘုရားတောင်မှ ဒေ၀ဒတ်ဆိုတဲ့အဖျက်ရှိသေးတာပဲလေ.. ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ပါရမီဖြည့်ဘက်ပေါ့....ကိုနေဦးအနေနဲ့ဆက်ကြိုးစားပါလို့ပြောချင်ပါတယ်... ခဲပစ်ခံရတဲ့အပင်က ချိုမြိန်တဲ့အသီးတွေရှိနေလို့ပါ။။။။။။

ခြေသလုံးအိမ်တိုင် said...

အင်း.......လုပ်ကြည့်ပေါ့၊ကောင်းရင်တော့ချီးမွန်းကြမှာပါ..... မကောင်းရင်.မတူရင်..သဘာဝမကျရင်တော့...ဝေဖန်ကြမှာဘဲ...စိတ်ထဲ ကတော့ပြင်ဆင်ထားပေါ့

linnminkhant said...

စိတ်ဓာတ်တွေပြုပြင်ဖို့ အချိန်ရောက်ပြီထင်တာပဲ...ဘာမှမဟုတ်ပါဘူး...........ဝင်ပြောကြည့်တာ ။

NLD Generation said...

ဟုတ်တယ်! မိုးချစ်သူ ပြောတာ မှန်တယ် လူတွေ က သူတို့ လဲ မလုပ်နိုင်ဘူး လုပ်နိုင်တဲ့ လူ ကျ တော့ လဲ မဟုတ်က ဟုတ်က ပြောချင်ကြတယ်။

NLD Generation said...

Good Governments ဖြစ်အောင် လုပ်နေကြပါတယ် Good populace ဖြစ်အောင် နေကြပါ။ စိတ်ဓတ်လေးတွေကို တစ်ယောက်ချင်းစီ ပြုပြင်ကြဖို့ အချိန်ရောက်နေပါပြီ။

Thida Aye said...

ကိုယ်မလုပ်နိုင်ပင်မဲ့ လုပ်တဲ့ သူပေါ်လာတော့ ဝေဖန်ခံရတယ် ......ဗိုလ်ချုပ်ကား ရိုက်တယ် ဆိုတာ ဗိုလ်ချုပ်နဲ့ ရုပ်တူတဲ့ သူတွေ ပေါ်လာမှ ဇာတ်လမ်းဖြစ်မြောက်မှာပေါ့........

ohnmar swe said...

ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ရဲ့သမိုင်းကို ဒီရုပ်ရှင်ကြောင့်မပျက်ဆီးစေခြင်ဘူး....ဒါကြောင့်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုတယ်.......

thurainkyaw63@gmail.com said...

good luck ..ko nay oo

htaik said...

do the best with good mind for myanmar people.not easy to get the most valuable award.there are difficulities in everywhere.

Ei Ei said...

ဘယ်သူဘဲ ရွေးချယ်ခံရ ခံရ.. အကောင်းဆုံး တော့လုပ်ဆောင်ကြပါ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်က မြန်မာသာမက ကမ္ဘာ ကပါ လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်နေလို့ပါ။ ဒါကြောင့် ဒီရုပ်ရှင်ကိုလဲ တကမ္ဘာလုံးက အာရုံစိုက်နေကြမှာဘဲ။ ဒီရုပ်ရှင်ကြောင့် "ငါတို့မြန်မာတွေ လေးစားရတဲ့ လွတ်လပ်ရေးဖခင်ဟာ ဒါဘဲ" "ဒါဟာ ငါတို့မြန်မာဘဲ" လို့ တကမ္ဘာလုံးကသိသွားအောင် ပြနိုင်ပါစေလို့ မျှော်လင့်နေပါတယ်။

4 DIMENSIONS said...

ရုပ်ရှင်ကို စိတ်ဓါတ်တစ်ခုတည်းနဲ့ လုပ်လို့ မရဘူးကိုနေဦး.... ကျွန်တော်တို့ လည်း မြန်မာလူမျိုးပါ။ဗိုလ်ချုပ်သမိုင်းကို ရိုက်ကူးမယ်ဆိုတာ ကျွန်တော်အရမ်းဝမ်းသာပါတယ် ... ဒါပေမဲ့ ဒါကိုကျွန်တော်တို့ ကြည့်နေကျ ပေါ်လစီကားတွေလိုမတွေးပဲ ကိုယ်တိုင်ဗီဇ ပါရမီဘယ်လောက်ရှိလဲ အရင်စဉ်းစားစေချင်တယ်.... အခုလတ်တလော ဥရောပနိုင်ငံတွေမှာရုံတင်နေတဲ့  The Lady ကိုပဲကြည့်ပါ။ မီရှဲဟာ မြန်မာသမိုင်းကို အနော်ရထာတောင်သိမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ မှာ သရုပ်ဆောင်ဗီဇရှိတယ်။ ပါရမီရှိတယ်။ ကျွန်တော်တို့ သူ့ ကိုကြည့်ပြီး အန်တီစုနေရာခံစားချက်ကို ကိုယ်ချင်းစာမိတယ်။ ကိုနေဦး မီရှဲလောက်သရုပ်ဆောင်နိုင်ပါ့မလား။ မီရှဲသရုပ်ဆောင်တာ အန်တီ့ နေရာပါ။ ကိုနေဦးသရုပ်ဆောင်ရမှာ ကျွန်တော်တို့ ရဲ့  ကျေးဇူးရှင်နေရာပါ။ ကိုနေဦးမှာစိတ်ဓါတ်ရှိတယ်။ ခံစာချက်ရှိတယ်။ ရုပ်ချင်းလည်းဆင်တယ်ဆိုပေမဲ့ Dhammawadi ပြောသလိုဆိုလိုတာမဟုတ်ပေမဲ့ ကိုနေဦးရယ် သရုပ်ဆောင်ပညာကို အခု ကိုနေဦးကြိုပြီးလေ့ လာစေချင်တယ်။ သူတို့ ရွေးမှ အဲဒါကိုလေ့ လာဖို့ ကိုနေဦးအချိန်လောက်မှာမဟုတ်ဘူး။

yein said...

အတော်တူပါလား

tony tony နဲ့ Dhammawadi တို့ရေ comment ကြမ်းကြမ်းတွေနဲ့
ဝိုင်းမဆော်ကြပါနဲ့အုံး စောင့်ကြည့်ကြပါအုံး

အမေ နဲ့ ကိုဇာဂနာ တို့ ကိုဝိုင်းတို့....လူကြီးတွေ ပညာရှင်တွေဆုံး
ဖြတ်ပါလိမ့်မယ်

charcoal said...

ပြောလိုက်ရင် အမေစု အမေစု နဲ့ ......အမေကိုချစ်ရင် အမေ့လို ခွင့်လွှတ်တတ်အောင် ကျိုးစားကြအုံး....သူဘာသူ စစ်တတ်က ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့ ...စိတ်ဓါတ်ကောင်းဖို့ က အဓိကပဲ . သူ့စိတ်ဓါတ် ကို သူ့လုပ်ရပ် နဲ့ကြည့်ပြီးမှ ဆုံးဖြတ်ကြပေါ့ ..စစ်အစိုးရကိုကြိုက်လားမေးရင် မကြိုက်ပါဘူး ဒါပေမယ့် ...ကိုနေဦးတော်ရင် အားပေးရမှာ ပဲ ..ကိုနေဦးဖြေထားတာလေးတွေ သဘောကျတယ် ...ကျိုးစားပါ အားပေးနေမယ်

ဂျာမွန်း ရွှေဝတ်မှုန် said...

လူတူမရှား..လို့ဆိုရိုးရှိပါတယ်..တကယ်ရှာရင် တူတာတွေထွက်လာဦးမှာပါ..ဗိုလ်ချုပ်နဲ့အပီပြင်ဆုံး တူအောင် သရုပ်ဆောင်နိုင်တဲ့ကိုပဲရွေးစေချင်တယ်။ အရေးအကြီးဆုံးက ဒီကားရိုက်ပြီးရင် ရုပ်ရှင်ထပ်မရိုက် ပဲနေနိုင်တဲ့သူကိုပဲ ရွေးစေချင်ပါတယ်..ဗိုလ်ချုပ်အဖြစ်သရုပ်ဆောင်သူအတွက် အရေးအကြီးဆုံးက Dignity ပါ.။ တသက်လုံးဒီဂုဏ်ပုဒ်နဲ့နေစေချင်ပါတယ်။ အမေစုကို..ဦးဇာဂနာတို့ ကူညီကြပါ..လက်ရှိသရုပ်ဆောင်တွေကို အရံတောင် မထည့်စေချင်ပါ..

choco said...

Dhammawadi ရေ စစ်ပညာသင်ဖူးလို့ သဘောမကျဘူးဆိုရင် ဗိုလ်ချုပ်ကရော စစ်သားမဟုတ်ဖူးလား? ဘယ်အလုပ်ကိုပဲလုပ်နေလုပ်နေ စိတ်ဓါတ်မြင့်မြတ်ဖို့ပဲလိုပါတယ်။

သံဝေက said...

အော်..ငါတို.မြန်မာလူမျှိုးတွေ. ဒီအချိန်ထိတောင် အကောင်းမင်စိတ် မ၇ှိသေးပါလား ...........စိတ်ဓါတ်ကျတယ်.........

san san said...

ဟုတ်တယ်။အထက်က သံဝေဂ ပြောတာထောက်ခံတယ်။အကောင်းမြင်တဲ့စိတ်ဓာတ်လေးမွေးထားအုံး tony tony နဲ့ ah Dhammawadi (အော်ယောင်လို့Dhammawadi)တို့ရေ

heinhtet said...

အော်....ခပ်ဆိုးဆိုးတွေရှိသေးလို့ကို.......အဲဒါကြောင့်စစ်ဖိနပ်အောက်ကနေ မလွတ်ကြသေးတာ.............စည်းလုးံရမည့် အချိန်ရောက်နေကြပြီနော်....အားလုံးဝိုင်းအားပေးကြရင် သိပ်ကောင်းမှာပဲနော်...ကျနော်တို့သိသင့်တာ အာဇာနည်တွေရဲ့ ဝမ်းနည်းစရာကောင်းတဲ့ သွေးမြေကျ သမိုင်းကြောင်းပါ...အချင်းချင်းနားလည်ပေးကြနော်...

ကိုနေ said...

အားပေးပါတယ် ဖြေထားတာလေး တွေ က သဘာဝ ကျပါတယ် လူအမျိုးမျိုးရှိတယ် ဝေဖန်တာ တွေ ရှိနိုင်တယ် ချီးကျူးခံရတာတွေ ရှိနိုင်တယ် အခုလို ပေးချင်တာ ပေးလို့ ရေးချင်တာရေးလို့ ရတဲ့ comment တွေ မှာ အဆဲခံရတာတွေ ရှိနိုင်တယ် စိတ်ထားတတ်ဖို့ လိုပါတယ် လို့ပဲ အကြံပေးချင်တယ်

hate said...
This comment has been removed by the author.
Harrier said...

သရုပ်ဆောင်ဖို့ အဓိကကျသလို ကျွန်တော်ကတော့ ဇတ်ထုပ်ကိုအဓိကထားစေချင်တယ် တော်ကြာ ကျန်စစ်မင်းဇာတ်လို မြန်မာသူရဲကောင်းတစ်ယောက်ရဲ့ လက်ရုံးရည် နှလုံးရည် ပြရမယ့်ဇတ်မှာ အချစ်သတ်သတ်ဖန်တီးထားသလို မျိုးတော့ မဖြစ်စေချင်ဘူး ဒီဇတ်လမ်းကိုလည်း ဘယ်သူမှထပ်ခါထပ်ခါ ရိုက်မှာမဟုတ်တဲ့အတွက် တစ်ခါတည်း အပြီး ဗိုလ်ချုပ်ကနိုင်ငံတော်အတွက်မည်၍မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်နှင့် မြန်မာဆိုတာ ' ဘယ်လိုလူမျိုး ' အခြားတိုင်းတစ်ပါးတွေသိဖို့လိုပါတယ်

aung said...

I like all of above comments, but too early to say that who has not qualify or couldn't be done perfect. Everyone were try to become the best film.I hope it will be great movie. I Like Ko Nay Oo's confident and his mind set was clear enough.
Keep going it, even they choose you or not...
Good Luck Bro..

မျိုးချစ်လူငယ်(မှန်တာကိုဝေဖန်သည်) said...

အမေစုက ကောင်းမယ်ထင်လို့လုပ်ရင် အားလုံးက လက်ခံသင့်တယ်။
အမေစုအတွေး၊ အမေစု လုပ်ရပ်မှ လက်မခံရင် ကျနော်တို့ ခေါင်းဆောင်ကောင်းကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ပါဘူး။
ဆန့်ကျင်တယ်၊ကန့်ကွက်တယ်ဆိုတဲ့ သူတွေကလည်း အမေစု ကိုတကယ် လေးစားရင် အကောင်းမြင်ပေးလို့ရပါတယ်။
ဗိုလ်ချူပ်အောင်ဆန်း ကစစ်သားပါ။ ဗိုလ်ချူပ်ကားရိုက်မယ်ဆိုရင် စစ်တပ်ရဲ့ အလေ့အကျင့်၊အသွားအလာ(လမ်းလျှောက်တာကအစ) တူဖို့လိုအပ်ပါတယ်။
ကျနော်လည်း ကိုယ်တိုင်လည်း ဒီသတင်းဖတ်ရရချင်း အလွန်ကိုသဘောမတူနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက စစ်တပ်ထဲက လူမို့လို့ပါ။ တဆက်တည်းမှာပဲ ကျနော်ပြန်စဉ်းစားကြည့်တယ်။ အမေစု စီစဉ်တာဆိုရင် ဘာမှ သဘောမတူနိုင်စရာမရှိဘူးလို့လေ။ ဘာလို့လဲဆိုတော့ အမေစုကို ယုံတယ်။ အမေစုက တွေးခေါ်တတ်တယ်။ မြန်မာတင်မဟုတ်ဘူး၊ကမ္ဘာက သိတဲ့၊ တော်တဲ့ ဘွဲ့တံဆိပ်တွေအပြည့်ရထားတယ်။
ကျနော်ဆိုလိုတာက မြန်မာလူထုတရပ်လုံး စည်းရုံးပြီး အမေစုကို ၀ိုင်းထောက်ခံပေးဖို့ပါပဲ။
တိုင်းရင်းသားတွေကိုလည်း ဒီကနေ ကျနော်တောင်းပန်ပါတယ်။
ကျနော်တို့ဗမာလူမျိုးတွေ ရိုင်းတာမဟုတ်ပါဘူး၊အနိုင်ကျင့်တာမဟုတ်ပါဘူး။
တပ်ထဲက တချို့တချို့တွေက ကိုယ်ကျိုးရှာ အမြတ်ထုတ်ပြီး၊ နိုင်ငံကို ကောင်းအောင်မလုပ်တာပါ။
ဗမာထဲမှာပဲ အသိစိတ်ရှိတဲ့ ဗမာတွေ အများကြီးပါ။

Powered by Blogger.