ရဲတံခွန် လုပ်ကွက်မှ သဘာဝဓါတ်ငွေ့ ထုတ်ယူနေပုံ (ဓါတ်ပုံ-googleimages) |
နေပြည်တော်တွင် ကျင်းပခဲ့သော မဲခေါင်အစည်းအဝေးတွင် ထိုင်းနိုင်ငံ PTTEP မှ တာဝန်ရှိသူများက ဝန်ကြီးချုပ် ရင်လတ်အပါအဝင် နိုင်ငံခြားရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့နှင့် အတူ လိုက်ပါလာခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံသို့ မလာခင်ရက်ပိုင်းက မြန်မာနိုင်ငံမှ ကုန်းတွင်းလုပ်ကွက်တစ်ကွက်နှင့် ကမ်းလွန်လုပ်ကွက်နှစ်ကွက်ဖြစ်သော MD 7 နှင့် MD 8 ကို လုပ်ကိုင်ခွင့်ရရန် တောင်းဆိုသွားမည်ဟု နိုင်ငံခြားသတင်းဌာနများသို့ ပြောကြားခဲ့သည်။ ၎င်းအပြင် မြန်မာနိုင်ငံဘက်က တင်ဒါခေါ်ထားသည့် ရေနံလုပ်ကွက် ၁၈ ကွက်ကိုလည်း စိတ်ဝင်စားနေကြောင်း ပြောကြားထားပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရဲတံခွန်နှင့် ရတနာသဘာဝဓာတ်ငွေ့လုပ်ကွက် လေးခုကိုလည်း တင်ဒါရယူလုပ်ကိုင်ခဲ့ပြီးသားဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ကုန်းတွင်းရေနံလုပ်ကက်နှစ်ကွက်ကို လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ အဲဒါက လုံးဝချောပါတယ်" ဟု စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
အဆိုပါ လုပ်ကွက်နှစ်ကွက်မှာ နေပြည်တော်နှင့် မဝေးလှသော လုပ်ကွက်နှစ်ကွက်ဖြစ်သည်ဟု ဝန်ကြီးက ပြောကြားထားပြီး ယင်းကိစ္စအတွက် မဲခေါင်အစည်းအဝေးပွဲကာလအတွင်းမှာပင် ဒီဇင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာနနှင့် နေပြည်တော် MICC တွင် တွေ့ဆုံဆွေးနွေးတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာအချို့၏ ဖော်ပြချက်အရ သိရကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
ထိုင်းစွမ်းအင်ကုမ္ပဏီ ရေနံကုန်းတွင်းလုပ်ကွက်နှစ်ခု ရရှိသွားခဲ့
Reviewed by သစ်ထူးလွင်
on
06:20
Rating:
4 comments:
နိုင်ငံခြားက လာပြီးလုပ်တာသာရှိတယ် မြန်မာနိုင်ငံသားတွေ နေရာကောင်းလေးရဘို့သက်ဆိုင်ရာလူကြီးတွေလုပ်ပေးကြပါ။တရုတ်လုပ်ငန်းခွင်ကိုကြည့်သူတို့ချည်းဘဲ။မြန်မာတွေ မကျမ်းကျင်ဘူးမပြောနဲ့ မွေးကတည်းက ဘယ်သူမှ ပညာတွေပိုက်ပြီးမွေးလာတာမှုတ်ဘူး။မြန်မာတွေဥဏ်ကောင်တာကိုယ်တွေ့။ဥပမာ မလေးရှားကိုကြည်သူ့နိုင်ငံသားတွေ ၁၀ တန်းတောင်မအောင် ဘူးနော် ။ဒါပေမဲ့ သူ့ကို အနည်းဆုံး supervisor ပေးရတာနော် ။အစိုးရကိုက အလုပ်ရှင်တွေကိုပြောထားတာ။နိုင်ငံသားကိုနေရာပေးဘို့။မျက်မြင်ပြောတာနော် ။
ထိုင်းမှာလည်းဒီအတိုင်းပါဘဲ၊ သူ့ နိုင်ငံသားမပါရင်မရဘူး။ ထိုင်းတွေကသူတို့ အကျိုးစီးပွားအတွက်ဘဲလာလုပ်တာ။ ဒေသခံတွေအတွက်အကျိုးအမြတ်လုံးဝမရှိပါဘူး။
အင်ဒိုနီရှားလည်းထိုနည်း၎င်းပါပဲ။ ဒို့မြန်မာအစိုးရကရော??????
ဒို့မြန်မာအစိုးရကတော့ ခွေးခေါင်းနဲ့ ဖင်ခံအခြောက် လေ..မသိဘူးလား..
Post a Comment