လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ် ဒီဇင်ဘာ ၂၀ တွင်တွေ့ဆုံမည်

ဘုရင့်သမီးတော် ရှေ့မှောက်အခစားဝင်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ် ကို တွေ့ ရစဉ် (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝါထရာ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောကြားသည်။
သို့သော် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သော မစ္စယင်လပ်ခ်ရှင်နာဝါထရာနှင့် ငြိမ်းချမ်းရေး  နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၂၀ ရက်တွင် မည်သည့်အချိန်၊ မည်သည့်နေရာ၌ တွေ့ဆုံမည်ကိုမူ မသိရှိရသေးကြောင်း  ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့မှာ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ထိုနေ့ညနေပိုင်း၌ တွေ့ဆုံမည်ဖြစ် ကြောင်းလည်း သတင်းထွက်ပေါ်နေသည်။
မစ္စယင်လပ်ခ်မှာ နေပြည်တော်သို့ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်း အဝေးပွဲသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအစည်းအဝေးသို့တက်ရောက်မည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း ထိုင်းဝန်ကြီးချုပ်မှာ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ နေ့ချင်းပြန်ခရီးလာရောက်ခဲ့ တာဖြစ်ကြောင်း7Day News Journal Facebook စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
By: သစ်ထူးလွင်
by 7Day News Journal
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ် ဒီဇင်ဘာ ၂၀ တွင်တွေ့ဆုံမည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ် ဒီဇင်ဘာ ၂၀ တွင်တွေ့ဆုံမည် Reviewed by သစ်ထူးလွင် on 19:22 Rating: 5

1 comment:

Manh said...

ဘယ်လို အချက်အလက်တွေ ပြောဆိုကြမှာပါလိမ့်  စိတ်ဝင်စားပါတယ်။

Powered by Blogger.