မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှု
ဖြစ်ပွားအပြီး ရက်ပိုင်းခန့်အကြာ မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ပင်
နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်က အသက် ၂၆ နှစ်အရွယ်
အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာဖြင့် ပဟေဠိဆန်ဆန် သေဆုံး
သွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် မြောက်ဥက္ကလာပ မြို့နယ်
ရဲတပ်ဖွဲ့စခန်းတို့က The Voice Weekly သို့ အတည်ပြု ပြောကြားသည်။ (၂)
ရပ်ကွက် အာသာဝတီလမ်းရှိ ယောက္ခမဖြစ်သူ ကျူရှင်ဆရာ ဦးဌေးညွန့်၏ နေအိမ်တွင်
သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က သေဆုံးသူ၏ ယောက္ခမနှင့်
မိသားစုဝင်များသာ ရှိကြောင်း၊ ၎င်းတို့အနေနှင့် သေဆုံးသူ ဒေါ်ထက်ထက်အေးကျော်
သေဆုံးသွားသည်ကို အဆိုပါအိမ်သို့ သွားရောက်စစ်ဆေးခဲ့သူ ဆရာဝန်၏ ဇနီးက
အကြောင်းကြားမှသာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သိရှိရခြင်းဖြစ်ကြောင်း
သေဆုံးသူ၏ အဘွားဖြစ်သူ ဒေါ်ယဉ်ယဉ်စိန်က ရှင်းပြသည်။
အဆိုပါ သေဆုံးမှုကို အတည်ပြုခဲ့သူ ဒေါက်တာလှမြင့်ကမူ ၎င်းကို ဦးဌေးညွန့်နေအိမ်မှ ဆရာဝန်လာပင့်သည့် အမျိုးသမီးက ဦးဌေးညွန့်၏ ဇနီး နေမကောင်းကြောင်း ပြောဆိုသဖြင့် လိုက်သွားခြင်း ဖြစ်သော်လည်း ၎င်းရောက်ရှိသွားသည့် အချိန်၌ အိပ်ရာထက်တွင် လဲလျောင်းနေသည်မှာ သေဆုံးသူ ဒေါ်ထက်ထက်အေးကျော် ဖြစ်ပြီး သေဆုံးသူ၏ ရင်ဘတ်ကို ဦးဌေးညွန့်၏ ဇနီးက တက်ဖိပြီး အသက်ကယ်နေသည်ကို တွေ့ရှိရကြောင်း၊ စမ်းသပ်ကြည့်ရှုသောအခါ နှလုံးခုန် ရပ်တန့်နေပြီး မျက်စိ သူငယ်အိမ်မှာလည်း ပိတ်နေသည့်အတွက် သေဆုံးပြီဟု အတည်ပြုပေးကာ ဆေးရုံသို့ စစ်ချက်ခံယူရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားသည်။ “ကျွန်တော်က သေဆုံးတာကို အတည်ပြုပေးခဲ့တာပါ။ ဘာကြောင့် သေဆုံးရတယ် ဆိုတာကတော့ ဆေးရုံရဲ့ စစ်ချက်အရ ထိုးသွင်းဒဏ်ရာဆိုပြီး ပေါ်ထွက်လာတာပါ” ဟု ၎င်းကဆိုသည်။
သေဆုံးသူ၏ မိသားစုများနှင့် ဦးဌေးညွန့်တို့ မိသားစုမှာ ဆက်ဆံမှုမရှိကြဘဲ သမီးဖြစ်သူသာ မိဘအိမ်သို့ ဝင်ထွက်လေ့ရှိကြောင်း အသုဘအိမ်အဖြစ် ပြင်ဆင်ထားသည့် ယုဇန (၃) လမ်းတွင် နေထိုင်သော သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်အေးအေးမြင့်က မျက်ရည်သုတ်လျက် ပြောဆိုသည်။ “အစက သူတို့ (ဦးဌေးညွန့်မိသားစု) က နှလုံးရောဂါနဲ့ သေတာဆိုပြီးပြောတာ။ ဆေးရုံက စစ်ချက်နဲ့မှ ထိုးသွင်းဒဏ်ရာ ဖြစ်သွားတာ။ အမှုမှန် ပေါ်ပေါက်စေချင်တယ်” ဟု သေဆုံးသူ၏ အဘွားဖြစ်သူက ရင်ဖွင့်သည်။ ယောက္ခမဖြစ်သူ ကျူရှင်ဆရာ ဦးဌေးညွန့်ကမူ “အမှုမှန် မပေါ်သေးတဲ့အတွက် ဘာမှ မပြောချင်သေးဘူး” ဟု The Voice Weekly သို့ ပြောဆိုသည်။ ချွေးမဖြစ်သူ သေဆုံးချိန်တွင် ၎င်း၏သားမှာ နေအိမ်တွင် မရှိကြောင်း ၎င်းက ပြောဆိုသည်။ မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း ယင်းအမှုကို အတည်ပြုထားပြီး လောလောဆယ်တွင် သေမှုသေခင်းဖြင့်သာ စစ်ဆေးနေဆဲဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က အတည်ပြု ပြောကြားသည်။

Source; www.yatanarpon.com.mm
မြောက်ဥက္ကလာတွင် အမျိုးသမီးတစ်ဦး ပဟေဠိဆန်ဆန် သေဆုံး
Reviewed by သစ်ထူးလွင်
on
18:07
Rating:
6 comments:
ထိုးသွင်းဒဏ်ရာ ဆိုတာဘာကိုပြောတာလဲ
ထိုးသွင်းဒဏ်၇ာဆိုတာ သူ့ယောက်ကျားက ပုလင်းကွဲနဲ့ ထိုးသတ်လိုက်တာလို့ သတင်းကပါပီးသားပါဗျာ။ ကြည့်၇တာ အခုမှ သတင်းကိုလိုက်ပီး ဖုံးဖိချင်နေတဲ့ သဘောတွေ တွေ့နေ၇တယ် စိတ်မကောင်းပါဘူး။ ။
အခု့လိုသေဆုံးသူရဲ့ဒါဏ်ရာတွေကိုကြည့်ရခြင်းအားဖြင့်တော့-ဘယ်လိုနည်းနဲ့မှ
တိုးတိုးတိတ်တိတ်ပြသာနာဖြစ်ခြင်းမျိုးလုံးဝမဟုတ်နိုင်ပါ။တအိမ်ထဲအတူနေသူများ
အားလုံးကြားရမည်.မြင်ရမည်။သေဆုံးသူမှာလဲဒီလောက်ဒါဏ်ရာဒါဏ်ချက်များ
ရရှိမှတော့တနည်းမဟုတ်တနည်းဘေးရှိလူကြီးသူမများအားအကူအညီတောင်း
ခံမည်မှာမလွဲပါ။တအိမ်ထဲအတူနေသူများကိုသာသေသေချာချာစစ်ဆေးပါ။အမှုမှန်အမြန်
ပေါ်ပါစေလို့ဆန္ဒပြုလိုက်ပါသည်။
ဒီလောက်ထိုးသွင်းဒဏ်ရာနဲ့သေဆုံးတာတောင်အဲဒီအိမ်ကမိသားစုတွေရောပထမဆုံးစစ်တဲ့ဆရာဝန်ရောသေဆုံးတဲ့အမျိုးသမီးဘာနဲ့သေတာလဲတောင်မသိတော့ဖူးလား
ထိုးသွင်းဒဏ်ရာဆိုတာ ထိုးပြီးသွင်းလိုက်လို့ ရတဲ့ဒဏ်ရာကို ပြောခြင်းဖြစ်သည်။
I think that the news and the photo is not match.
Post a Comment