၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅
ရက်တွင် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ (၈၄)နှစ်မြောက် ရက်မြတ်မွေးနေ့မင်္ဂလာ
ကျရောက်မည်ဖြစ်သောကြောင့် လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် မိတ်ဝတ်မပျက်
ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော ထိုင်းနိုင်ငံသား
အကျဉ်းသား (၈)ဦးအား ဒီဇင်ဘာ ၁ ရက်တွင် ပြစ်ဒဏ်မှ လျှော့ပေါ့ပြီး
လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃
ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
အလားတူ မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေး အရရော၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ပါ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
Myanmar News Now

ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေး
Reviewed by သစ်ထူးလွင်
on
05:43
Rating:
1 comment:
လွှတ်ပါ လွှတ်ပါဆို သူခိုးဂျပိုးတွေလွှတ်တယ်၊ နိုင်ငံခြားသားတွေလွှတ်တယ်။ အခုထိ စိတ်ကောင်းနှလုံးကောင်းမ၇ှိသေးဘူး ၇ူးချင်ယောင်နေတုန်း။
Post a Comment