ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် စကခ-၁၂ လက်အောက်ခံ
ခြေမြန်မာ တပ်ရင်း- ခမရ(၂၃၀)မှ တပ်သား တစ်ဦးဖြစ်သူ အသက် ၂၁နှစ်အရွယ်
အောင်ကိုလတ်သည်အထက် အရာရှိ၏ ဖိနှိပ်အနိုင်ကျင့်မှုကြောင့် ယခုလ ၁၂ရက်နေ့က
ကရင်အမျိုးသားအစည်းအရုံး-KNU ထံသို့ ထွက်ပြေးရောက်ရှိလာခဲ့သည်။
တပ်ကိုယ်ပိုင်နံပါတ်- ၄၄၄၄၃၂ ဖြစ်သူ အောင်ကိုလတ်က ခမရ(၂၃၀) တပ်ခွဲမှူး ဗိုလ်ကြီးဝင်းထိုက်၏ ထိုးကြိတ်ခဲ့မှုကို မခံမရပ်နိုင် သည့်အတွက် ၎င်းစစ်တပ်မှ ထွက်ပြေးလာရင်း KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကေအိုင်စီ သို့ ယခုလို ပြောသည်။
“ကျနော်ဖျားပြီး နေမကောင်းဖြစ်တဲ့အချိန်မှာ ကင်းစောင့်တော့ အိပ်ပျော်သွားတာကို တွေ့သွားလို့ ကျနော့်ကို ထိုးတယ်။ ကြိတ် တယ်။ အရင်ကလည်း ကျနော့်ကို ၄၊ ၅ခါ ထိုးကြိတ်တာတွေ ရှိခဲ့ဖူးတယ်။ ဒီလိုဖြစ်တာ များလာတော့ စစ်သားမလုပ်ချင်တော့တာ လည်း ပါတယ်။”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းထွက်ပြေးလာချိန်တွင် ဗိုလ်ကြီးဝင်းထိုက်၏ အိတ်ထဲမှ ငွေကျပ် ၂၇၀,၀၀၀ (နှစ်သိန်း ခုနှစ်သောင်း)ကို ယူဆောင် လာပြီး ထွက်ပြေးလာရာ လမ်းတစ်လျှောက် သွားလာရေးတွင် အသုံးပြုခဲ့သည်ဟုလည်း သူက ဆိုသည်။
KNU တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး စောအဲ့ဆဲဆဲက “သူ(အောင်ကိုလတ်) ပြောပြချက်အရဆိုရင် စစ်တပ်ထဲမှာ ဖိနှိပ်မှုတွေရှိလို့ အခုလို ထွက်ပြေးလာတာလို့ ကျနော်တို့ နားလည်တယ်။ သူကလက်နက် မကိုင်ချင်တော့ဘူးတဲ့။ အလုပ်ပဲလုပ်မယ်လို့ပြောတယ်။ သူ့ဆန္ဒအတိုင်းပါပဲ။ ကျနော်တို့ ကတော့ ကူညီနိုင်သလောက် ကူညီပေးမယ်။”ဟု ပြောသည်။
၎င်းကိုယ်တိုင်ကလည်း လက်နက်ကိုင်မှုကို ဆက်မလုပ်တော့ဘဲ ရောက်ရှိသည့်နေရာတွင် ရရာအလုပ် ကိုလုပ်ပြီး အသက်မွေးဝမ်း ကျောင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။
အောင်ကိုလတ်သည် မြန်မာစစ်တပ်ထဲသို့ ၂၀၁၀ခုနှစ်က စတင်ဝင်ရောက်ကာ ရမည်းသင်းစစ်သင် တန်းကျောင်း လေ့ကျင့်ရေး(၃) တွင် လေးလကျော် စစ်သင်တန်းတက်ခဲ့ပြီးနောက် ခရမ(၂၃၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ်၏ ရှေ့တန်းနယ်မြေသို့ ၇လကြာ ရောက်ရှိခဲ့ပြီးမှ ယခုလို ထွက်ပြေးလာခြင်းဖြစ်သည်။
မြန်မာအစိုးရတပ်သည် လက်ရှိအချိန်ထိ ကလေးစစ်သားများကို အသုံးချနေကြောင်းနှင့် ကျန်းမာရေး မကောင်းသည့်ကြားက အလားတူ နှိပ်စက်မှုများ ပြုလုပ်လျှက်ရှိကြောင်း ယခုနှစ် သြဂုတ်လ ၂၃ ရက် နေ့က KNU တပ်ရင်း(၂၀၁)သို့ ထွက်ပြေးလွတ် မြောက်လာသည့် အသက် ၁၇ နှစ်အရွယ်တပ်သား မောင်ရဲထက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း KNU တပ်မဟာ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)တွင် မြန်မာအစိုးရတပ်ဘက်မှ ထွက်ပြေးလာသူ တပ်သား ၃ဦးရှိသည်ဟု KNU တပ်မဟာ(၇)မှတ်တမ်းအရ သိရသည်။
စောခါးစူးညား - ကေအိုင်စီ

မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိနေဆဲဟု ထွက်ပြေးလာသည့် တပ်သားတစ်ဦးပြော
Reviewed by သစ်ထူးလွင်
on
01:05
Rating:
6 comments:
သီးမခံနိုင်လို့ ထွက်ပြေးလာတာ ဘာလို့ သူများပိုက်ဆံ ယူလာ၇တာလဲ
ကိုလူဆိုးရေ။
ခင်ဗျားပြောတဲ့ သူများပိုက်ဆံဆိုဒါ စစ်သားက ပိုက်ဆံမရှိရတော့ဘူးလား။
ဒီလောက်တရားဝင်ဓါးပြတိုက်ခွင့်ရထားတာဗျာ။
ဒီလူလိုလူမျိုးတွေမြန်မာပြည်အနှံ့မှာရှိနေတာကိုက လူအရင်းအမြစ်ဆုံးရှူံးတာပဲဗျာ။
ရုပ်ကိုက စိတ်ဓာတ်ကောင်းမယ့်ပုံမပေါ်ပါဘူး။ အချောင်နေအချောင်စားရုပ်နဲ့ ။မခံနိုင်လို့ပြေးလာတာလည်းပြောသေး ပြုံးတောင်နေလိုက်သေးတယ်။
မှန်ပါ့ ကွယ် အဲလိုဟာမျိုးတွေက အချောင်စားရမလားလို့ စစ်တပ်ထဲဝင် ပိုက်ဆံရရင် တပ်ကပြေး ဒါမျိုးပဲတတ်တဲ့ဟာတွေ...အချောင်စိတ်ဓါတ်နဲ့ ဝင်လာပြီး ထင်သလိုဖြစ်မလာတော့ နှိပ်စက်သလေးဘာလေးနဲ့...စစ်တပ်ဆိုတာ အဲလိုမျိုးပဲဆိုတာ အစကတည်းကသိဖို့ကောင်းတယ်...
ခင်ဗျာတို့ ပြောတာတွေမှန်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အပြုသဘောနဲ့ကြည့်ပေးမယ်ဆိုရင်ပိုမကောင်းဘူးလား။ လူတချို့ကြောင့် စစ်သားကိုမုန်းနေပေမဲ့ ဗိုလ်ချုပ် ထားခဲ့တဲ့စစ်တပ်ကိုတော့ ကျွန်တော်တို့မုန်းလို့မရပါဘူးဗျာ။ နိုင်ငံတကာစစ်တပ်တိုင်းမှာလဲ စီနီယာနဲ့အရာရှိကိုလေးစား ကြောက်ရွံ့ကျရပါတယ်။ အခွင့်အရေးပိုရတာနဲ့မရတာဘဲကွာပါတယ်။ ကျွန်တော်တို့အရပ်သားတွေရပိုင်ခွင့်နဲ့တော့နှိုင်းယှဉ်ကြည့်လို့မရဘူးပေါ့ဗျာ။ခင်ဗျာတို့လူတချို့ကိုအပြစ်တင်လို့ရတယ်။ ဗိုလ်ချုပ်ပေးခဲ့တဲ့စစ်တပ်ဆိုတာကိုတော့ အပြစ်တင်ဖို့မသင့်ပါဘူး။ ကျွန်တော်လဲ မြန်မာနိုင်ငံသားတစ်ယောက်ပါ။ စစ်သားထဲမှာလဲ နိုင်ငံတော်ကိုချစ်တဲ့သူရှိသလို အချောင်သမားလဲရှိကြမှာပါ။ ပြည်သူထဲမှာလဲ စစ်သားထက်ပိုပြီးနိုင်ငံတော်ကိုချစ်တဲ့သူတွေအများကြီးရှိကြတာကိုလဲခင်ဗျားတို့သိကြမှာပါ။ အဓိကက ကိုယ်ကရောနိုင်ငံတော်ကိုဘယ်လောက်ချစ်သလဲလို့ မေးကြည့်ပြီးပြီလား။ ပြည်ပကမြန်မာပြည်သူတွေရော၊ ပြည်တွင်းကမြန်မာပြည်သူတွေရော နိုင်ငံတော်ကို ဘယ်ဘက်ကနေ အကျိုးပြုနိုင်သလဲပေါ့။ အပြစ်တင်တာတွေကို ခဏဘေးချိတ်ထားပါအုံးဗျာ။ အခု အန်တီစုတောင် ရန်သူလို့သဘောမထားဘဲ နိုင်ငံတော်အတွက် မနားမနေအလုပ်လုပ်နေပြီ။ ခင်ဗျားတို့ရော ခုလိုအပြစ်မြင်နေတာထက် အပြုသဘောဝေဖန်ဆွေးနွေးကျရင်မကောင်းပေဘူးလား။ ငါတို့နဲ့မဆိုင်ဘူး၊ အခုခုံပေါ်တက်ထိုင်နေတဲ့သူတွေရဲ့တာဝန်လို့တော့ သဘောမထားကျပါနဲ့ဗျာ။ ကိုယ်တက်နိုင်တဲ့ဘက်ကနေ နိုင်ငံတော်ကို အကျိုးပြုပေးကြပါလို့ ကျွန်တော့်အနေနဲ့စေတနာနဲ့အကြံပြုပါရစေ။
လေးစားလျက်
ကိုဦး(အညာမြေ)
Post a Comment