NLD ပါတီ ၏ အမှတ်တံဆိပ်အသစ် (MNN မှ ပုံဖော်ထားခြင်းဖြစ်သည်) |
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD အား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် နာယက ဦးခင်အောင်မြင့်တို့၏ သီးခြားတွေ့ဆုံခဲ့မှုနှင့် မသက်ဆိုင်ကြောင်း NLD ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံဦးဥာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့်တို့ရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတွေ့ဆုံမှုဟာ အလွတ်သဘော၊ မိတ်ဖြစ်ဆွေ ဖြစ်တွေ့ဆုံမှု ပါပဲ။ ပါတီတည်ထောင်ခွင့်ရရေး၊ မရ ရေး၊ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပေးခဲ့တာ ဟာ ကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွှတ်လို့ပေးခဲ့တာသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့် တွေ့ဆုံမှုနဲ့မဆိုင်ပါဘူး”ဟု ဆို သည်။
NLD ပါတီ၏ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် လျှောက်လွှာအား ရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင် ၍ လျှောက်ထားခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ လျှောက်ထားစဉ် ကာလအတွင်းပါတီ တည်ထောင်ခွင့် လျှောက်ထားသူ ၂၁ ဦးအား သက်ဆိုင်ရာ အာဏာပိုင်များမှ ကိုယ်ရေးရာဇဝင်နှင့် ပြည်ပအကူအညီ ရယူ ခြင်းရှိ၊ မရှိတို့အား စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထို့နောက် ပါတီ တည်ထောင်ခွင့်လျှောက်လွှာတင်ပြီး ၁၆ ရက်အကြာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကော်မရှင်မှ သတ်မှတ် ထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိသည့်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခု ပါတီတည်ထောင် ခွင့်ရပြီဖြစ်တဲ့အတွက် နောက်အပတ်မှာ နေပြည်တော်ကိုသွားပြီး ပါတီ မှတ်ပုံတင်မယ်။ ပါတီ မှတ်ပုံတင်တာကျပြီဆိုတာနဲ့ ပါတီဝင်လျှောက်လွှာ တွေကို လက်ခံသွားမယ်။ ပါတီဝင် လက်ခံတဲ့အခါ ပြည်တွင်းရော၊ ပြည်ပပါ လက်ခံသွားဖို့ရှိတယ်။ ဒါပေမဲ့ ခုလောလောဆယ် ပြည်ပကပါတီ ဝင်ချင်တဲ့သူတွေကို လက်ခံ ဖို့ကနည်း ပညာပိုင်းမှာ အခက်အခဲ နည်းနည်းရှိနေတယ်။ အဲဒီအခက် အခဲပြေလည်အောင်လုပ်ပြီးတာနဲ့ ပြည်ပက ပါတီဝင်ချင်တဲ့သူတွေကိုပါ တပြိုင်နက်လက်ခံသွား မယ်။ ကျွန်တော်တို့ပါတီကနေ ထွက်သွားတဲ့သူတွေအနေနဲ့ကတော့ သူတို့ဆန္ဒအရ ပါတီထဲကို ပြန်ဝင်ချင်တယ်ဆိုရင် လျှောက်လွှာပြန်တင်လို့ရတယ်။ ကျွန်တော်တို့က စီစစ်ပြီးလက်ခံသွားမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၄၈ နေရာလုံးမှာ နေရာပြည့်ဝင်ပြိုင်သွားမယ့်အပြင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း ဗဟိုရွေး ကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီးဖြစ်တဲ့အပြင် ပြည်နယ်နှင့်တိုင်း အကုန်လုံးမှာလည်း အောင်နိုင်ရေးကော်မတီတွေ ထပ်မံဖွဲ့စည်းသွားမယ်ဟု ဦးဥာဏ် ဝင်းမှ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရခဲ့သည် NLD ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
သူရထွန်း

ပေါ်ပျူလာ ဂျာနယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့်တို့ တွေ့ဆုံမှုဟာ ပါတီထောင်ခွင့်နှင့် မဆိုင်
Reviewed by သစ်ထူးလွင်
on
18:22
Rating:
No comments:
Post a Comment