ပန်းချီ ပြပွဲနဲ့ ၊ ပြိုင်ပွဲကြီး (ရုပ်/သံ)
၂၀၀၆
ခုနှစ်ကနေ စတင်ပြီး မြန်မာနိုင်ငံမှာ တစ်နှစ် တစ်ကြိမ် ကျင်းပလာခဲ့တဲ့
ပန်းချီ ပြပွဲနဲ့ ၊ ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က
မြန်မာနိုင်ငံဘဏ်များအသင်း အဆောက်အဦးမှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက
ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
ထွန်းဖောင်ဒေးရှင်းဘဏ်က ကြီးမှူးကျင်းပတဲ့ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းက ပန်းချီဆရာ ၂၅၉ ဦးက
ပန်းချီကားပေါင်း ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ပြိုင်ပွဲဝင်တဲ့ပန်းချီကားတွေကိုလည်း မိမိတို့ ကြိုက်နှစ်သက်ရာ ဖန်တီးရေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။
ဒီပွဲမှာ ဆုရရှိတဲ့သူတွေအတွက် ပထမဆုကို ကျပ်သိန်း ၃၀ ၊ ဒုတိယဆုကို ၂၅
သိန်း ၊ တတိယဆုကို သိန်း ၂၀ ၊ စတုတ္ထဆုကို ၁၅ သိန်း နဲ့ အထူးဆု ၆ ဆု အတွက်
ကျပ် ၁၀ သိန်းစီကို အသီးသီးပေးအပ်ချီး မြှင့်ခဲ့ပါတယ် ။
ပန်းချီပြိုင်ပွဲအတွင်း ပန်းချီကားတွေကို အကဲဖြတ်စီစစ်ရွေးချယ်ရာမှာလည်း
မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို)က တာဝန်ရှိသူတွေ
အပါအ၀င် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ တရုတ်
စတဲ့နိုင်ငံတွေက ကျွမ်းကျင်ပန်းချီပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့က
စီစစ်ရွှေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီပွဲကို ဦးဆောင်ကျင်းပတဲ့
ထွန်းဖောင်ဒေးရှင်းဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ပန်းချီလက်ရာကောင်းတွေ
စုဝေးပြသနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ အခုလို စီစဉ်ကျင်းပခဲ့တာဖြစ်သလို
ဒီတစ်ကြိမ်ဟာ ခြောက်ကြိမ်မြောက် ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။
ဒါ့အပြင်
အဲဒီ ဆုရပန်းချီကားတွေကို နိုင်ငံတကာ အဆင်မှီပြသနိုင်ဖို့အတွက်
ကမ္ဘာ့အဆင့်မှီပြတိုက်တစ်ခုကို တည်ဆောက်သွားဖို့
စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာ။
Burma VJ Media Network
ပန်းချီ ပြပွဲနဲ့ ၊ ပြိုင်ပွဲကြီး (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
18:07
Rating: 5
No comments:
Post a Comment