မနေ့က အမေ့ အိမ်ကို လည်လည်သွားတယ် ။ ထွေလီကာလီ ပြောဖို့ ဧည့်သွားလုပ်တာပါ ။
အမေ့ ကြည့်ရတာ ပင်ပန်းပြီး နည်းနည်းတောင် နွမ်းနေသလိုရှိတာမို့ သားသမီးတို့ ၀တ်တရားအရ
နေကောင်း၏ မကောင်း၏ မေးမြန်းရပါတယ် ။
အစာကော ကောင်းကောင်းစားရဲ့လား ၊ စားကောင်းလား အိပ်ပျော်လားပေါ့လေ ... ဘာညာ ဘာညာ
အမေကလည်း မေးသမျှကို တခွန်းမကျန် ပြန်ဖြေပေးပါတယ် ။ စကားမစပ် အမေကလည်း ကိုယ့်လို
အီရောင်ဝါး ဧည့်ကို ပိုနှစ်သက်သလားလို့တောင် ထင်မိပါတယ်။ ဟုတ်တယ်လေ ၊ တချို့ ဧည့်တွေက
ဒေါသတွေ၊ မောဟတွေ ယူဆောင် လာတတ်ကျသည်ကိုး ။ အချို့များကျတော့လည်း ကြေငှာစာတမ်း
တွေ ၊ Analysis တွေ တပွေ့တပိုက်နဲ့ လာကျ ပြောကျပေါ့။
ထားပါတော့ .... အဲဒါနဲ့ ကိုယ်က အမေ ဘာလို့ ပိန်နေတာလည်း ၊ အရင်ကလည်း ပိန်တယ် ၊
အခုလည်း ပိန်တယ် ၊ ကျန်းမာကောင်း အောင်နေပါ။ အလုပ်တွေကိုလည်း ခွဲဝေလုပ်ဖို့ စေတနာ
ရှေ့ထား ဆရာရေးပြ လေတော့ ...
အမေက ၁၀၆ ပေါင်ပဲ တဲ့၊ အကျယ်ချုပ်မကျခင် ၂၀၀၃ တုန်းကလည်း ၁၀၆ ပေါင်၊ ၂၀၁၀ ထွက်လာ
တော့လည်း ၁၀၆ပေါင်၊ .... အခုလည်း ၁၀၆ ပေါင် ပါပဲတဲ့ ။ ဆက်ပြီး .......
"သူတပါးရဲ့ အကျဉ်းကျခံစဉ်တုန်းကဆို အမေက ပိုတောင် သတိထားတယ်။ ၀ လာရင်လည်း အိပ်လိုက်
စားလိုက်နဲ့ ပျင်းရိစွာ ဘ၀ကို ဖြတ်သန်းနေရတယ်ဆိုပြီး သူတပါးက ၀မ်းသာမယ်။ ပိန်သွားရင်လည်း
စိတ်ဓါတ်တွေကျ မစားနိုင် မအိပ်နိုင် ဖြစ်နေတယ် ဆိုပြီး အကျဉ်းချသူများက ၀မ်းသာမှာ စိုးတယ်။"
အဲဒါကြောင့် မိခင်ဒေါ်ခင်ကြည် လက်ထက်ကတည်းက အသုံးပြုတဲ့ပေါင်ချိန်စက်ကလေးမှာ အပတ်စဉ်
ပေါင်ချိန်ကြည့်သတဲ့ .... အကျဉ်းကျနေစဉ်အတွင်း ခနွာကိုရော စိတ်ကိုရော မပျက်ဆီးအောင် ထိန်းသိမ်း
ထားခြင်းဟာ ကိုယ့်အပေါ်ရန်သူသဖွယ် ပြုမူဆက်ဆံခဲ့တဲ့သူတွေအပေါ် အောင်နိုင်ခြင်းပဲ လို့ ပြောပါတယ်။
အမေ့ရဲ့ စိတ်ဓါတ်ခိုင်မာမှုအပေါ် အံ့သြလေးစားစွာ ကိုယ်နဲ့ ကိုယ့် မိတ်ဆွေ ၃ ယောက်လုံးနုတ်ဆိတ်လို့
သာနေလိုက်ပါတော့တယ် ..... အမေ က ဆက်ပြီး .......
"အမေက အခုလည်း ၁၀၆ ပေါင်ပါပဲ ။ ဟိုးတလောကတော့ ပွဲတွေ ရက်ဆက်သွားလို့ ၁၁၀ ဖြစ်သွားတယ်"
လို့လည်း ပြောလိုက်ပါသေးတယ်။
အနစ်ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်ခိုင်မာမှု ၊ ပြင်းထန်မှု ပါပဲ။ အခုအချိန်မှာ ပါတီကို
မှတ်ပုံတင်တဲ့ အတွက် ဒေါ်စုတို့တော့ အရှုံးပေးလိုက်ပြီ ဘာဘာ ညာညာ သံကြောင် သံကြားတွေ ထွက်လာ
ပါသေးတယ်။
ဒါပေမယ့် ဒေါ်စု အနေနဲ့ကတော့ အနိုင်ဆိုတာ ဘာလည်း အရှုံးဆိုတာ ဘာလည်းကို ကောင်ကောင်းကြီး
တွက်စပြီးသား လို့ ဒေါ်စုကို ချစ်ခင်တဲ့ သူငယ်ချင်းအားလုံးအတွက် သတင်းကောင်းပါးလိုက်ပါတယ် ...
ဒေါ်စု တွက်ချက်တဲ့ အကျိုးအမြတ်ဆိုတာ ပြည်သူတွေအတွက် အကျိုးအမြတ်ပါ။
အမေ့ ရဲ့ သံမဏိစိတ်ဓါတ်ကို အတုနိုင်စေရန် လူငယ်များထံ ရှယ်ပေးနိုင်ပါသည်။
သံမဏိဆိုတာ မာတယ်။ သံချေးမတက်ဘူး။ ဒါပေမယ့် ကွေးလို့ ဖြောင့်လို့ ရတယ်။
(၁၃-၁၂-၂၀၁၁)

by ဒီမို ဖက်တီး (Facebook)
၁၀၆ ပေါင်
Reviewed by သစ်ထူးလွင်
on
13:37
Rating:
3 comments:
အမေစုကို ၀ိုင်ပြီးချီးမြှောက်သင့်တဲ့အချိန်ရောက်ပြီ။
ဝိုင်းပြီးမဲပေးကြပါဗျာ။
ဝိုင်းပြီး အမှန်တရားကိုပြောနိုင်လုပ်နိုင်ဆိုနိုင်၊ပြောရဲဆိုရဲလုပ်ရဲ ဖို့အချိန်ရောက်ပါပြီ။.........................
NLD နှင့် အန်တီ့ကို ဒူးထောက်တယ်တို့ အရှုံးပေးသွားပြီလို့ ပြောကြတဲ့သူတွေကို မေးစမ်းချင်တယ် ... ကိုယ့်မှာရော ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ရယူဆုတ်ကိုင်နိုင်မဲ့ နည်းလမ်း ဗျူဟာကော ရှိသလားလို့ ... အဝေးကနေ လေတွေနဲ့ အပြောပဲရှိပြီး ဘာမှလက်တွေ့ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ ယောင်ဝါးဝါးနဲ့ ပြောနေတာတွေ ရပ်သင့်ပါပြီ ...
မြန်မာ့နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်ချင်တယ် ဆိုရင် တကယ်လက်တွေ့ကျ ဖြစ်နိုင်မဲ့ နည်းလမ်း ... ယခုအချိန် ပြည်သူလူထုရဲ့ လိုက်ပါ ဆောင်ရွက်နိုင်မဲ့ အခြေအနေ အခင်းအကျင်း စတာတွေ အရင်နားလည်အောင် ကြိုးစားကြပါဦး ... နှစ်ရှည်စွာ ကင်းကွာနေကြတာတွေ အပ်ဒိတ်ပြန်ဖြစ်အောင် လုပ်ကြပါဦး ....
ကိုယ်လိုချင်တဲ့ မျှော်မှန်းတဲ့အရာကို တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ညင်သာချောမွေ့စွာ အထိအခိုက် အဆုံးအရှုံး နည်းနိုင်သမျှ နည်းအောင် ဖြစ်နိုင်မဲ့နည်းလမ်းတွေနဲ့ ကြိုးစားတာ ဒူးထောက် အညံ့ခံတာတဲ့လား ....
ဒါဆိုရင် အခြား ဘာနည်းလမ်းနဲ့ လုပ်ဆောင်မလဲ ... တခြားနည်းလမ်းတွေနဲ့ ကြိုးစားခဲ့တာလဲ ကြိုစားခဲ့ပြီးပြီပဲ .... နှစ်တွေလဲ ကြာခဲ့ပါပြီ ဆင်ခြင်သုံးသပ် ရင့်ကျက်ကြဖို့လဲ လိုနေပါပြီ ....
NLD ဟာ စတင်ဖွဲ့စည်း ကတည်းက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ တစိုက်မတ်မတ် ကိုင်စွဲလုပ်ဆောင်နေခဲ့တဲ့ ပါတီအဖွဲ့အစည်းဆိုတာ မမေ့ဖို့လိုပါတယ် ... အခုတလော ပြောကြ ပြစ်တင်ကြ တဲ့သူတွေ ရမ်းကြ ဆဲကြ တဲ့သူတွေကို ဘယ်လိုလူတွေလဲဆိုတာ အကြောင်းသိမို့လို့ အခုလိုပြောဖြစ်တာပါ .....
မျိုးချစ်လူငယ်/တောရိုင်းနှင်းဆီ-တို့ရေးသားအကျန်ပေးမူများမှန်ကန်ပါသည်။
မြန်မာပြည်ကြီးကောင်းစားရေးနှင့်တိုးတက်ရေးဟာမြန်မာပြည်သူပြည်သားတိုင်း
ရဲ့တာဝန်ဘဲဖြစ်ပါသည်။မကူညီနိုင်ရင်တောင်မနှောက်ယှက်ကြပါနဲ့။
Post a Comment