မြောက်ဥက္ကလာ လူသတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားပြီ

မြောက်ဥက္ကလာ လူသတ်မှုတွင် အဓိကကြိုးကိုင်သည်ဟု သံသယရှိသူများအပါအဝင် လူရှစ်ဦးခန့်ကို ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ဝေဘာဂီမြို့ သစ် နယ်မြေခံရဲတပ်ဖွဲ့ ထံမှ သိရသည်။
”လူကတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ နောက်ကွယ်ကနေ အဓိကခိုင်းစေတယ်လို့ ယူဆရတဲ့သူတွေတော့ ပါပါတယ်။ နောက်ပြီးတော့ အခင်းဖြစ်ညမှာ ပါဝင်တဲ့ လူ ၁၅ ယောက် လောက်ကိုတော့ နာမည်စာရင်း တွေ ရထားပါပြီ” ဟု နယ်မြေခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂ဝ၁၁ နိုဝင်ဘာ ၁၇ ရက် ညတွင် မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်၊ နွယ်သာကီ ၆ လမ်း၌ဖြစ်ပွားခဲ့သော ယင်းလူသတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့သောအဖွဲ့ ခေါင်းဆောင်များမှာမူ မန္တလေး ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေ ဆဲဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ဖမ်းဆီးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် မူဆယ်နယ်စပ်ဒေသအထိ ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း ၄င်းကနိုဝင်ဘာ ၂၉ ရက်တွင် ဆိုသည်။
လက်ရှိ ဖမ်းဆီးထားသူများထဲ တွင် သေဆုံးသူ ကိုကျော်မင်းနှင့် ပြဿနာများဖြစ်ပေါ်ခဲ့ပြီး နောက်ကွယ်မှ ခိုင်းစေသည်ဟု ယူဆရသည့် ကိုသက်ဦးနှင့် ဇနီး မနီလာ၊ သား ဖြစ်သူ ကိုသက်ဇော်ဦးနှင့် ကိုသက်ဦး၏ ယောက်ဖဖြစ်သူ ကိုမြင့်ဦးတို့ပါဝင်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြော သည်။
၎င်းအပြင် အခင်းဖြစ်ည ရပ်ကွက်အတွင်း ဝင်ရောက်ခဲ့သော ကားပေါ်လိုက်ပါခဲ့သည့် လူနှစ်ဦးလည်းပါဝင်ပြီး တစ်ဦးမှာ ဒဂုံအရှေ့နှင့်တစ်ဦးမှာ သင်္ဃန်းကျွန်းမှဖြစ် ကြောင်း ၄င်းကပြောသည်။
”စဖြစ်ပြီးကတည်းက ကျွန်တော်တို့ တောက်လျှောက်လိုက် နေတာပါ။ သတ်တဲ့အထဲမှာ ကြည့်မြင်တိုင်က နာမည်ကြီးလူမိုက် ငမျိုးတို့ပါတယ်။ သူတို့ကိုတော့ လိုက်နေဆဲ ပါပဲ” ဟု ၄င်းက ထပ်လောင်းဆိုသည်။
လက်ရှိ ဖမ်းဆီးထားသူများအား နိုဝင်ဘာ ၂၈ ရက် နံနက် ၁ဝ နာရီဝန်းကျင်ခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးသို့ ရုံးထုတ် ရမန်ရယူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉
အောင်ခွန်းဆက်
မြောက်ဥက္ကလာ လူသတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားပြီ မြောက်ဥက္ကလာ လူသတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားပြီ Reviewed by သစ်ထူးလွင် on 11:45 Rating: 5

3 comments:

WASP17 said...

မဆလခေတ်က တောင်ကိုရီးယားလာပြီး မြန်မာပြည်မှာရင်းနှီးမြှပ်နှံဘို့လုပ်တယ်။
တောင်ကိုရီးယားခေါင်းဆောင်တွေလာချိန်မှာ ချိန်ကိုက် မြောက်ကိုရီးယားက အောင်မြင်စွာလုပ်ကြံတယ်။ခု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလာနေဘီ။မြောက်
ကိုရီးယားက လူမိုက်တွေငှား မလုပ်ကြံနိုင်ဘူးမပြောနိုင်ဘူး။ဒေါ်စုနဲ့ ဟီလာရီကလင်တန် လုံခြုံရေးအထူးဂရုစိုက်ပေးပါ။စစ်အစိုးရဟာ ဘာမဆိုလုပ်နိုင်တယ်။

burma said...

အယောက် ၂၀ လောက်ဝိုင်းပြီးဓားနဲ့ခုတ်တယ်ဆိုတော့...အခုတ်ခံရလို့သေသွားတဲ့ကောင်ကတော့ တော်ရုံတန်ရုံသူ မဟုတ်ဘူး..တကယ့် fighter ပဲဖြစ်ရမယ်။။။ သိတဲ့သူတွေပြောတာတော့..သေသွားတဲ့သူက တကယ့်လူမိုက် fighter ဖြစ်တယ်ဆိုပဲဗျ....

Bravo said...

တရားဥပဒေ တကယ်စိုးမိုးတယ်ဆိုတာ မှတ်ကျောက်တင်နိုင်မဲ့ ကိစ္စပဲ။
၄၅ လမ်းအမှုကျန်သေးတယ်နော်။

Powered by Blogger.