|
ကမ္ဘာလှည့်ခရီးသည်အုပ်စုတစု |
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်
လည်ပတ်ခဲ့ခြင်းသည် ယခုနှစ်ခရီးသွားရာသီ ပြည်ပဧည့် ၅ သိန်းခန့် အထိ
မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင် သည်အထိ ဖြစ်လာနိုင် ကြောင်း
ခရီးသွားလုပ်ငန်းရှင်များက မျှော်မှန်းသည်ဟုပြောသည်။ ”NLD က ပြန်ပြီး
မှတ်ပုံတင် ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆို ကတည်းက ပြည်ပဧည့်အဝင် ပို
များလာမယ်ဆိုတာ မှန်းလို့ရတယ်။ ဒါ့အပြင် ဟီလာရီ ကလင်တန် က ပါ
မြန်မာနိုင်ငံကို လာသွားတော့ ဒီနှစ်ကတော့ အရင်ခန့်မှန်းထား တာထက် ကို
ပိုဝင်နိုင်ပါတယ်” ဟု လုပ်သက် ၂၁ နှစ်ရှိ ခရီးသွားလုပ် ငန်းရှင်တစ်ဦးက
သူ့ထင်မြင်ချက် ကို ပြောသည်။ထို့ပြင် ခရီးသည်များ ကိုင် ဆောင်သည့်
ခရီးသွားလမ်းညွှန် စာအုပ်ဖြစ်သည့်Lonely Planet ၏ ၂ဝ၁၂ ခုနှစ်အတွက် ခရီးသွား
လာသင့်သော နိုင်ငံ ၁ဝ နိုင်ငံ စာ ရင်းတွင်လည်း မြန်မာနိုင်ငံက ဒုတိယ
နေရာတွင်ပါဝင်လာခြင်း သည် မြန်မာသို့ ပြည်ပဧည့် ပိုမို လာရောက်ရေးကို
အထောက်အကူ ဖြစ်စေကြောင်း ၄င်းတို့က ထောက် ပြကြသည်။ခရီးသွားလုပ်ငန်းရှင်များ
အနေ ဖြင့် မူလ ပြည်ပ ဧည့် လေးသိန်း လာရောက်မည်ဟု ခန့်မှန်းထားခဲ့
ကြသော်လည်း ပြောင်းလဲလာသော မူဝါဒပိုင်းဆိုင်ရာ အခြေအနေများ ကြောင့်
ပြည်ပဧည့်များ ပိုမိုဝင် ရောက်မည်ဟု တွက်ဆမှုများ ရှိ လာပြီး ထိုသို့
ခန့်မှန်းမှုများနှင့်အတူ ပြည်ပဧည့်များကို လက်ခံနိုင်သော
အဆင့်မီဟိုတယ်များလည်း လိုအပ် လာကြောင်း ခရီးသွားလုပ်ငန်းရှင် များက
သုံးသပ်ကြသည်။ ”ပုဂံမှာဆို တစ်နေ့ကို လေ ယာဉ် ၁၆ စင်းဝင်ပြီး ခရီးသည် ၇ဝဝ
ကျော်ဝင်နေတယ်။ အကယ် ၍ တစ်နေ့ကို လေယာဉ်အစင်း ၃ဝ ဝင်ရင် ဟိုတယ်လုံးဝ မလောက်
တော့ဘူး။ ပုဂံမှာ ဟိုတယ် အလုံး ၇ဝ ကျော်ရှိပေမယ့် နိုင်ငံခြားသား တွေကို
လက်ခံနိုင်တဲ့ ဟိုတယ်က ၄ဝ ကျော်ပဲရှိတာ” ဟု ဟိုတယ် နှင့်ခရီးသွား လာရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရင်းနှီးမြှုပ်နှံ မှုများလိုအပ်နေမှုကို
ပြောသည်။၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် မြန်မာနိုင်ငံအနေ နှင့်
နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်နှင့် နှိုင်းယှဉ် ပါက
ခရီးသွားဝင်ရောက်မှု ၃၈ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာ ခဲ့သည်။ ထို့ပြင်
နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့် လက်ရှိ အစိုးရသစ်တို့ကြား
တွေ့ဆုံဆွေး နွေးမှုတို့က အပေါင်းလက္ခဏာ ဆောင်ခဲ့ရာ နိုင်ငံတကာ အသိုင်း
အဝိုင်းက ပိုမိုအာရုံစိုက်လာခြင်း ဖြစ် သည်။ ထို့ပြင် ပြည်ပဧည့်များ ဝင်
ရောက်မှုလွယ်ကူစေရန် ဗီဇာပိုင်း ဆိုင်ရာ ကိစ္စများ၊ ငွေကြေးလဲလှယ် မှုဆိုင်ရာ
ကိစ္စများ အဆင်ပြေစေ ရန် ဆောင်ရွက်ပေးခဲ့ခြင်းများသည် လည်း ပြည်ပဧည့်များ
ပိုမိုဝင် ရောက်လာစေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ သည်။
မေဇင်ဝင်း
1 comment:
သေချာတာပေါ့ဗျာ။ ဘာဘဲပြောပြော လူတိုင်းကိုယ်ကျိုးတော့ပါတာပေါ့။ တ၇ုတ်လို လူပါမကျန်အကုန်မတဲ့ သူနဲ့ပေါင်းမယ့်အစား အမေ၇ိကန်နဲ့ပေါင်းတာ မမှားနိုင်ပါဘူးဗျာ။ အမေ၇ိကန်နဲ့ပေါင်းတတ်၇င် အကောင်းဘက်ကို ဦးတည်တာကြည့်ပါဘဲ။ အစွန်းေ၇ာက် အာ၇ပ်တွေ အေ၇ှ့အလယ်ပိုင်းတွေမှာ အမေ၇ိကန်နဲ့ပေါင်းလို့ စစ်ပွဲတွေ ဖြစ်နေ၇တယ်လို့ မဆိုနိုင်ပါဘူး။ ကမ္ဘာမကျေတိုက်ပွဲ ဆင်နွဲခဲ့တဲ့ ဗီယက်နမ်တောင် အမေ၇ိကန်နဲ့ပေါင်းပီးေ၇ှ့ကိုတော်တော်ေ၇ာက်နေပါပီ။ တိုးတက်ခွင့်လေးပေးပါတော့ သက်ဆိုင်၇ာ လူကြီးမင်းများခင်ဗျာ...။ --င်ချမယ့် တ၇ုတ်ကို မျက်စောင်းထိုးမနေပါနဲ့တော့။
Post a Comment