ဒေသမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများတွင် လာမည့်ကြား
ဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပန်းသတင်းဂျာနယ်မှ ရေးသားဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလက ဒေသတည်ငြိမ်မှုမရှိခဲ့သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့၏ ဒေသအချို့တွင် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပေး သွားမည်ဖြစ် ကြောင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် အင်ဂျန်းယန် ၂ နှင့် ဆွန်ပရာဘွမ်-၂ တို့တွင် ပြည်သူ့လွှတ်တော်နှစ်နေရာ လစ်လပ်လျက်ရှိနေသလို ရှမ်းပြည်နယ်မိုင်းလား၊ နားဖန်း၊ ပန်ဝိုင်း၊ မိုင်းမောနှင့် ပန်ဆန်းတို့တွင်လည်း ပြည်သူ့လွှတ်တော်ငါးရာနေရာ လစ်လပ်လျက်ရှိနေကြောင်း သိရသည်။
" ဒေသတည်ငြိမ်ခဲ့တဲ့ အဲဒီနေရာတွေမှာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွား မယ်။ မိုင်းလားဒေသပွဲကို ကျင်းပပေးသွားမယ်။ မိုင်းလားဒေသအနေနဲ့ကတော့ ၀င်ရောက်အရွေးခံဖို့ ကိုယ်စား လှယ်မရှိသေးပါဘူး။ အကယ်၍ ကိုယ်စားလှယ်ရှိလာရင်တော့ မိုင်းလားမှာလဲ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်း ပပေးသွားပါမယ်" ဟု ရွေးကောက်ပွဲကျင်းပရေးကော်မတီရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ရှမ်းပြည်နယ်ပန်ဆန်း (၁-၂)၊ နားဖန်(၁-၂)၊ပန်ဝိုင် (၁-၂)၊ မိုင်းမော (၁-၂) နှင့်မိုင်းလား (၁-၂) တို့၏ ပြည်နယ်လွှတ်တော် ၁၀ နေရာအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရုံး အစည်းအဝေး ခန်းမတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းထောက်များ၏ မေးမြန်းချက်ကို ယင်းသို့ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
By: သစ်ထူးလွင်

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်
Reviewed by သစ်ထူးလွင်
on
22:17
Rating:
No comments:
Post a Comment