၀၉-၉၉ နံပါတ်ဖြင့်စသော ဆယ်လူလာဖုန်းလိုင်းအား လာမည့်နှစ်ဆန်းပိုင်းတွင်
အပြီးပိတ်သိမ်းသွားမည်ဟု သတင်းအချက်နည်းပညာဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောသည်။
"လောလောဆယ်မပိတ်သေးပါဘူး။ နောက်နှစ်ဇန်နဝါရီလလောက်မှာ ပိတ်သွားမှာပါ။ လိုင်းပိတ်တဲ့ အခါကြရင်လည်း ၀၉-၈၀ ဖုန်းတွေ ငါးသိန်းဖုန်းနဲ့ လဲလှယ်ပေးသလို မျိုးပဲ ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ စနစ်ဟောင်းဖုန်းတွေကို စနစ်သစ်ဖုန်းတွေနဲ့ အစားထိုးတဲ့သဘောပါ" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နည်းစနစ်ဟောင်းနွမ်းမှုကြောင့် အပြီးသတ်ပိတ်သိမ်းလိုက်သော ဖုန်းလိုင်းမှာ ၀၉-၈၀ ဖုန်းလိုင်းနှင့် ၇၂ ဖြင့်စသော ခြင်းဖုန်းများဖြစ်ပြီး ငါးသိန်းတန် CDMA 800 MHz, GSM ဖုန်းများဖြင့် လဲလှယ်ပေးထားကြောင်း သိရသည်။
"လဲလှယ်ပေးတဲ့အခါမှာလည်း ငွေအလိုက်ပေးစရာမလိုပါဘူး။ ဖုန်းနဲ့ပါတ်သက်တဲ့ စာရွက်စာတမ်းပေးလိုက်တာနဲ့ ရပါပြီ။ ၈၀ ဖုန်းလဲလှယ်ပေးတဲ့ ရုံးတွေမှာပဲ ဆက်လက်လဲလှယ်ပေးသွားမှာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
လက်ရှိတွင် ဖုန်းလိုင်းပိတ်သိမ်းလိုက်သည့် ခြင်းဖုန်းနှင့် CDMA ဖုန်းများအား ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးနှင့် ရန်ကုန်စာတိုက်ကြီး လေးနေရာတွင် လဲလှယ်ပေးခဲ့ရာ အများစုမှာ ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေး ရုံးတွင်သာ လဲလှယ်မှုပိုများကြောင်း သိရသည်။
"ဝယ်တုန်းက ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်။ အခုပြန်ရောင်းတော့လည်း ဘယ်သူမှ မဝယ်ဘူး။ ဆက်သွယ်ရေးမှာ သွားလဲတော့လည်း ငါးသိန်းတန်ဖုန်းပဲရတယ်။ ဆယ်သိန်း နီးပါးအရှုံးပေါ်တယ်။ လဲတော့မလဲချင်ပါဘူး။ မဖြစ်မနေလဲလှယ်ရတော့မယ်ဆိုမှ သွားလဲမှာပါ" ဟု မင်္ဂလာတောင်ညွှန့်မှ ဆယ်လူလာဖုန်းကိုင်ဆောင်သူ မနီလာဝင်းကပြောသည်။
ပေါ်ပြုလာ - vol 3, no 50

၀၉-၉၉ ဆယ်လူလာ အပြီးပိတ်မည်
Reviewed by သစ်ထူးလွင်
on
06:49
Rating:
3 comments:
iphone နဲ့ လဲပေးပေါ့လေနော်.........
ပြည်သူတွေ ပိုက်ဆံက မင်းတို့ လို့  နှိုက်ယူပြီးရှာထားတာမဟုတ်ဘူးကွ .. ချွေးနဲ့ သွေးနဲ့ ကွ .... သတောင်းစားတွေ လုပ်ချင်တိုင်းလုပ်နေတယ်.... ၁၅သိန်းဆိုတာ ခုအချိန်မှာ ခေတ်ပညာတတ်တစ်ယောက်တောင် တစ်နှစ်လောက်စုမှရတာကွ....
that right man ...i like it what u say........4 DIMENSIONS
Post a Comment