ဂျော့ဆိုရော့စ် |
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့စ်တို့ လာမယ့် ဇန်နဝါရီ ၂ ရက်
တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိတဲ့အကြောင်း
အန်အယ်လ်ဒီအသိုင်းအဝိုင်းက အတည်ပြု ပြောဆိုပါတယ်။
ဂျော့ဆို
ရော့စ်ဟာ မိသားစုနဲ့အတူ သူပိုင်လေယာဉ်နဲ့ ဒီဇင်ဘာ၂၆ ရက်ကတည်းက
မြန်မာပြည်ကို အလည်ခရီးရောက်ရှိနေပြီး၊ ဒီဇင်ဘာ၂၈ ရက်မှာတော့
အင်းလေးကန်ကို သွားရောက်လည်ပတ် နေတယ်လို့သိရပါတယ်။
ဂျော့ဆိုရော့စ် အင်းလေးကို လာလည်မယ့်အကြောင်း အင်းတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
“ကျနော်တို့
သတင်းရတယ်ခင်ဗျ။ ကိုယ့်အဆက်အသွယ်နဲ့ လုပ်ပြီးတော့
ဟဲဟိုးလေယာဉ်ကွင်းကို ရောက်မယ်။ နောက် ညောင်ရွှေအနောက်ဘက်ကမ်းမှာ
ရှိတဲ့ ခေါင်တိုင်ဆိုတဲ့ ကျေးရွာလေးက ဟိုတယ်တခုမှာ သူတည်းမယ်ဆိုတာ
ကျနော်တို့ သိရှိခဲ့တယ်။”
အင်းသား
ပါတီအနေနဲ့ ဂျော့ဆိုရော့စ်နဲ့ တွေ့ဆုံဖို့ရှိပြီး၊
တွေ့ခွင့်ရရင် အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်
ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
အစိုး
ရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိမရှိ မသေချာသေးဘဲ သူ့ခရီးစဉ်ဟာ
အလည်အပတ်ခရီး ဖြစ်ဖို့များတယ်လို့ ရန်ကုန်ကုန်သည်စက်မှုလုပ်ငန်းရှင်
အသိုင်းအဝိုင်းက ခန့်မှန်းသုံးသပ်နေကြပါတယ်။
ဂျော့ဆို
ရော့စ် တည်ထောင်ထားတဲ့ Open Society Institute (OSI) ဟာ
ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အပံ့ပေးနေပြီး
အဲ့ဒီထောက်ပံ့မှုနဲ့ Burma Project/ Southeast Asia Institute ကို
တည်ထောင်ထားပါတယ်။ အဲ့ဒီ project ဟာ မြန်မာ့အရေး
အထောက်အပံ့ပေးဖို့ အဓိကဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့အစည်းပေါင်း
ရာနဲ့ချီကို နှစ်စဉ်ထောက်ပံ့ပေးနေတာပါ။
ဒီဗွီဘီ
အမေရိကန်သန်းကြွယ်သူဌေးကြီးဂျော့ဆိုရော့စ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မည်
Reviewed by သစ်ထူးလွင်
on
18:36
Rating:
7 comments:
သိပ်ချစ်ဖို့ကောင်းတဲ အမေ ........အမေ ရှိလို့ ...ကျွန်တော်တို့ မကြားဘူးတဲ့ သတင်းတွေ ကြားရတယ်။။။။ အမေ ပြန်လာကတည်းက..... မြန်မာပြည်သူတွေအတွက် သတင်းကောင်းတွေပါပဲ့ ။။။။ကျွန်တော် တို့လည်း တိုင်းပြည်အတွက် .....ပြည်သူတွေ အတွက် အလုပ်လုပ်နေပါတယ်။။။။။။။အမေ အရာအားလုံး '' သတိနော်။။။။သတိ ။။သတိ။
right !
Thaw Demo said, right /
ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်မှ ယနေ့တိုင် မြန်မာနိုင်ငံအတွက် သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရတယ်၊ တကယ်ပဲ ဝမ်းမြောက်မိတယ်၊ အရှည်ဆက်လက် ဝမ်းသာနေခြင်ပါတယ်။
မိတ်ဆွေအားလုံး ဒီအတွက် ဝမ်းမြောက်နိုင်ကြပါစေ။
ဝမ်းသာပါတယ်ဗျာ...တကယ်ကိုဝမ်းသာပါတယ်
အမေကျန်းမာပါစေ..ချမ်းသာပါစေ..
ဗုဒ္ခဘာသာမြန်မာနိုင်ငံတော်ဒီ့ထက်အဆရာထောင်
မြင့်မားတိုးတက်ပါစေကြောင်းနှစ်သစ်မဂ်လာဆုမွန်ကောင်း
တောင်းလိုက်ပါတယ်ဗျာ။
ခေါင်းဆောင် တယောက်ပဲရှိတယ်။ယုံကြည်တာလဲ တယောက်ပဲ ရှိတယ်။အားလုံးကို တခွန်းပဲ ပြောမယ်။အမေစု ခိုင်းတာလုပ်။ပြောတာနားထောင်။မဝေဖန်နဲ့.လေမကန်နဲ့။မင်းတို့ စဉ်းစားတာထက် အမေစု အပုံကြီးစဉ်းစားတတ်တယ်။မင်းတို့ တိုင်းပြည် ချစ်တာထက် အပုံကြီး သူက ပိုချစ်တယ်။
We all are grateful to Mr. Soros and his organization The Open Society Foundations (OSF) work to improve the lives of the world's most vulnerable people and to promote human rights, justice, and accountability. His support to various Myanmar-Burmese exiled news organizations and continuous support for democracy in Burma since the dark days of post 1988.
Post a Comment