ရန်ကုန်၊ ဒီဇင်ဘာ ၅
ဧရာဝတီ မြစ်ကြောင်း ပြောင်းလဲမှုများကြောင့် လွန်ခဲ့သည့် ၅နှစ်ခန့်အတွင်း ရေနံချောင်းမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ရေတိုက်စားမှု ပိုမို ခံရပြီး ရွာလုံးကျွတ်ရွှေ့ပြောင်းရမှုများလည်း ဖြစ်ပေါ်နေကြောင်း Green Future သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာအဖွဲ့မှ ဦးကျော်ငြိမ်းက ပြောသည်။ ဧရာဝတီမြစ်ကြောင်း ပြောင်း လဲမှုများသည် ရေနံချောင်းမြို့ဝန်း ကျင်တွင် လွန်ခဲ့သော ၁၅ နှစ်ခန့် က စတင်ခဲ့ပြီး ထိုစဉ်က ဇီးကျွန်း ရွာသည် ကမ်းပြို တိုက်စားမှု ကြောင့် တစ်နှစ်ပြီးတစ်နှစ် ရွှေ့ ပြီး ယခုအခါ မြစ်အနောက် ဘက်သို့ ရောက်သွားပြီ ဖြစ် ကြောင်း၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုကြောင့် လွန်ခဲ့သည့် ၅ နှစ်ခန့်မှ ယခုအထိ ရေနံ ချောင်းမြို့ ပတ်ဝန်းကျင်ရှိ ဆူး လေကုန်းနှင့် ညောင်ပင်သာ ကျေးရွာများ ပြောင်းရွှေ့ လိုက်ရပြီ ဖြစ်ပြီး ရွာသစ်ကလေးကျေးရွာ၊ ကျမ်းကိုင်ကျွန်းကျေးရွာနှင့် ထိန် ချောင်းကျေးရွာများလည်း ပြောင်း ရွှေ့မှုများ ပြုလုပ်နေရ သည်ဟု ဦးကျော်ငြိမ်းက ပြောသည်။ ”ကျမ်းကိုင်ကျွန်းရွာက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက် ကတည်းက နည်းနည်းချင်းပြိုနေ တာ။ ရှိတော့ရှိသေးတယ်။ ရွာ သစ်ကလေးနဲ့ ထိန်ချောင်းက အကုန်တော့ မရွှေ့ရသေးဘူး။ မြစ်ကမ်းဘေးက အိမ်တွေက တော့ နောက်ဆုတ်ပေးနေရပြီ။ လက်ရှိဆောက်ထားတဲ့ အိမ် တွေကလည်း ကမ်းပါးနဲ့ဆို ဝါးတစ် ပြန်မရှိတော့ဘူး”ဟု ၄င်းက ဆက် လက်ပြောသည်။ ညောင်ပင်သာရွာမှ ပြောင်း ရွှေ့ သွားရသူများသည် ညောင်ပင် သာချောင်း အထက်ဘက် လျှို မြောင်များအတွင်းနှင့် အခြားနီးစပ် သည့် ကျေးရွာများတွင် ပေါင်းစပ် နေထိုင်ကြရသကဲ့သို့ ဆူးလေကုန်း ရွာမှ ပြောင်းရွှေ့ရသူများသည်လည်း ကျွန်းပေါ်ရှိ ဘိုကုန်းကျေးရွာအုပ်စု အတွင်းတွင် မြေဝယ်ပြီး နေကြရ ကြောင်း၊ အထက်ပါကျေးရွာများသည် မြစ်ကမ်းပြိုတိုက်စားမှုကြောင့် ၄င်းတို့၏ မြေနုကျွန်းစိုက်ဧကများ လည်း ရေထဲတွင် နစ်မြုပ်ပျောက် ကွယ်သွားသဖြင့် စီးပွားရေးအကျပ် အတည်းနှင့် ရင်ဆိုင်ကြရကြောင်း သိရသည်။ ဧရာဝတီမြစ်သည် ရေနံချောင်း မြို့အနီးတွင် မြစ်ကြောင်းတစ် ကြောင်းတည်း မဟုတ်တော့ဘဲ အလယ်တွင် ကျွန်းပေါ် လာသဖြင့် မြစ်ကြောင်းနှစ်ကြောင်း အဖြစ် စီး ဆင်းနေကြောင်း သိရသည်။ ”မြစ်ကြောင်းက ရေနံ ချောင်းမြို့အနီးမှာ မြောက်က တောင်ကို မစီးတော့ဘဲ ကျမ်း ကိုင်ကျွန်းကြားကနေ ရွာသစ် ကလေးရွာကို အနောက်ကနေ အရှေ့ကို တည့်တည့်ထိုး။ ထိုး လာပြီးမှ တောင်ဘက် ညောင်ပင်သာ၊ ထိန်ချောင်း ကနေ မြို့ ဘက်ကို ပြန်ထိုးတယ်။ ဘိုကျွန်း အနောက်ဘက်ကမှ ပုံမှန် ပြန် ကွေ့စီးတာ”ဟု ဦးကျော်ငြိမ်းက ရှင်းပြသည်။
မင်းချစ်နိုင်

ဧရာဝတီမြစ်ကြောင်း ပြောင်းလဲ၍ ရေနံချောင်းမြို့နယ်တွင် ရွာလုံးကျွတ် ပြောင်းရွှေ့ရခြင်းအချို့ ရှိလာ
Reviewed by သစ်ထူးလွင်
on
11:57
Rating:
No comments:
Post a Comment