ကြံ့ဖွံ့ကိုယ်စားလှယ်အမတ်ဗိုလ်မှူး ချူပ်ဟောင်း ဦးဟုန်းငိုင် (ချင်းပြည်နယ်ဝန်ကြီးချူပ်) |
ပြည်နယ်လွှတ်တော်တရားသူ ကြီးချုပ်တစ်ဦး.၏ နေအိမ် မီးလောင် မှုတစ်ခု ချင်ပြည်နယ်ဟားခါးမြို့ နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်က ဖြစ်ပွားရာ ပြည် နယ်ဝန်ကြီးချုပ် လမ်းညွှန်မှုဖြင့် ဆက် လက်အရေးယူ ဆောင်ရွက်ဖွယ်ရှိဟု မီးသတ်ဦးစီးဌာနမှ သိရ သည်။
မီးလောင်မှုမှာ ဈေးသစ်ရပ် ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် အိမ်အမှတ် ခပက ၂ ၌ နေထိုင်သည့် ဦးဝင်းမြင့်ကျော် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ နေအိမ် တွင် လျှပ်စစ်ဝါရာရှော့ဖြစ်ရာမှ မီး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
''ပြည်နယ်လွှတ်တော်တရား သူကြီးချုပ်ဆိုပေမဲ့လည်း မီးလောင်မှုမှာ တာဝန်ရှိရင် မီးသတ်ဥပဒေအရ အရေးယူလို့ရပါတယ်၊ ဥပဒေမှာ- မည်သူမှ ဥပဒေအတက်နဲ့ ပြင်ပမှာ မရှိရဘူးလို့ ပြဋ္ဌာန်းထားတာရှိတာ ပဲ'' ဟု စီးပွားရေးနှင့် ဥပဒေလမ်း ညွှန် ဦးတင်သန်းဦးက ပြောပြသည်။
တရားသူကြီးချုပ်နေအိမ်မီး လောင်မှုကို ဟားခါးမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး သန္ဓေတပ်ဖွဲ့ ဝင် ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃ဝ ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၃၅ x ၄ဝ) ပေသွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှု လေးဆယ့်နှစ်သိန်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မက်ဆင်ဂျာ ဂျာနယ် ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
By: သစ်ထူးလွင်
ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်၏ နေအိမ်မီးလောင်မှု
Reviewed by သစ်ထူးလွင်
on
19:22
Rating:
1 comment:
ဘာလုပ်ကြမှာလဲ ထောင်ချ ပါလား မျက်နာမလိုက်ပါနဲ့ ...ပုံ သန်ရွေ
Post a Comment