တရုတ်နိုင်ငံမှာ အလိမ်ခံရတဲ့ မြန်မာအလုပ်သမားများ
တရုတ်နိုင်ငံရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ရန် အေးဂျင့်တစ်ခု၏
အကူအညီရယူ၍ သွား ရောက်ခဲ့သော မြန်မာလုပ်သား ၅၀ ကျော်
လုပ်ခလစာအပြည့်အ၀မရခြင်းနှင့် လုပ်အားခခေါင်းပုံဖြတ်စေခိုင်းမှု များကြောင့်
ပို့ဆောင်ခဲ့သည့် ကုမ္ပဏီအား ကာယကံရှင်များက သက်ဆိုင်ရာသို့ တိုင်ကြားရန်
စီစဉ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီမှတစ်ဆင့်
သွားရောက်သည့်မြန်မာလုပ်သား ၅၀ ကျော်သည် တရုတ်နိုင်ငံရှိ နည်း
ပညာစက်ရုံတစ်ရုံတွင် လုပ်ကိုင်ခွင့်ရရှိရန်အတွက် ပြည်တွင်းမှ
ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီအား ပို့ဆောင်ခ တစ်ဦးလျှင်
ကျပ်ဆယ့်နှစ်သိန်းပေးဆောင်ခဲ့ရပြီး၊ အလုပ်ခွင်သို့ ရောက်ရှိရာတွင်
သက်ဆိုင်ရာစက်ရုမှ လစာငွေ အပြည့်မပေးခြင်း၊ ပုံမှန်လစာ မရှင်းပေးခြင်း၊
နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်းတို့ကို ပြုလုပ်ခဲ့ ကြောင်း
ယင်းစက်ရုံမှ ပြန်လာခဲ့သူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းရှိ
ပို့ဆောင်ပေးသည့် ကုမ္ပဏီက မူလ ပြောဆိုခဲ့ရာတွင် လစာယွမ်ငွေ ၂၅၀၀ မှ ၃၀၀၀
အတွင်းပေးအပ်မည်၊ ထမင်းနှစ်လတိတိ အခမဲ့ကျွေးမည်ဖြစ်၍ ခန့်မှန်းလစာ
ကျပ်ငွေသုံးသိန်း ၀န်းကျင် ရမည်ဆိုသောလည်း လုပ်ငန်းခွင်ရောက်ရှိချိန်တွင်မူ
ပြောထားသည့်လစာ၏ ထက်ဝက်မျှသာ ရရှိပြီး မိမိစရိတ် ဖြင့်ပင်
စားသောက်ရကြောင်း အလုပ်ချိန်အား ၁၂ နာရီကြာသတ်မှတ်ခဲ့ခြင်းများကြောင့်
စက်ရုံအလုပ်သမား အချို့က တရုတ်နိုင်ငံရှိ မြန်မာသံရုံးသို့
အကူအညီတောင်းခံတိုင်ကြားခဲ့ကြောင်း သိရသည်။
လုပ်သားအချို့အား
နေရပ်သို့ပြန်ပို့ပေးခဲ့သော်လည်း လစာများရရှိရန် ကျန်ရှိနေခြင်း၊ နစ်နာ
ဆုံးရှုံးမှုများအား ပြန်လည်ရရှိရန် ယခုအချိန်အထိ ကုမ္ပဏီဘက်မှ
လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့်
ကာယကံရှင်များဘက်မှ ပို့ဆောင်ပေးသာ ကုမ္ပဏီအား အလုပ် သမားဝန်ကြီးဌာန၊
ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ တိုင်ကြားမည်ဖြစ်ကြောင်း ယင်စက်ရုံမှ
ပြန်လည်ရောက်ရှိလာ သည့် အလုပ်သမားမိဘတစ်ဦးက 7 Day News သို့ပြောသည်။
By: သစ်ထူးလွင်
|
လုပ်ခ၊ လစာ ခေါင်းပုံဖြတ်မှု လူပွဲစားကုမ္ပီဏီကို သက်ဆိုင်ရာသို့ တိုင်ကြား
Reviewed by သစ်ထူးလွင်
on
07:15
Rating:
No comments:
Post a Comment