တော်ဝင်စင်တာ တတိယထပ်တွင် တည်ရှိသော TAB Book Centre အတွင်းသို့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူ၏ ဟန်ပန်အမူအရာမှာ ပြတ်သားရဲဝံ့သော ပုံစံမျိုးပင်။ သူ့နာမည်မှာ မခင်ယွန်းယွန်း ဖြစ်ပြီး TAB Book Centre နှင့် iTouch Store တို့ကို ကြီးကြပ် လုပ်ကိုင်နေကာ Doru Young အလှကုန် ကြော်ငြာတွင် ပါဝင် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ သူ၏ ကြိုးစားမှု၊ လုပ်ငန်း အခက်အခဲ၊ အနာဂတ် ရည်ရွယ်ချက်များကို သိရှိနိုင်စေရန် ဖော်ပြလိုက်ပါသည်။
တခြားသူတွေကိုပါ စာဖတ်စေချင်သူ
ငယ်ငယ်ကတည်းက စာဖတ် ဝါသနာပါတယ်။ စာအုပ်ပုံထဲမှာပဲ ကြီးပြင်းလာတာဆိုတော့ ဒီလိုမျိုး ကိုယ်တင်မက တခြားလူတွေကိုပါ စာဖတ်စေချင်တယ်။ စာအုပ်စုံစုံလင်လင်နဲ့ စာအုပ်ကောင်းတွေ ဖတ်စေချင်တဲ့ ရည်ရွယ်ချက်ရယ်၊ ကိုယ်တိုင်ကလည်း ကွန်ပျူတာနဲ့ ကျောင်းပြီးတော့ ရထားတဲ့ဘွဲ့နဲ့ ပတ်သက်တဲ့ IT ပစ္စည်းလုပ်ငန်းနဲ့ TAB Book Centre တို့ကို လုပ်ဖြစ်တာပါ။ IT ပစ္စည်း အသစ်အဆန်းတွေ သုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဆိုင်ကို ဖွင့်လှစ်တာပါ။ နောက်ပြီး ဝါသနာပါတဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖြစ်တာပါ။ ကျွန်မ ၁၀ တန်း အောင်ပြီးတော့ သြစတြေးလျမှာ ကျောင်းသွားတက်မယ်လို့ စဉ်းစားပြီး YIUS မှာ Business နဲ့ပတ်သက်တဲ့ သင်တန်း တက်ခဲ့တယ်။ ဒီလုပ်ငန်းကို လုပ်ရတာ ကုသိုလ်ရတယ်လို့ ခံစားရတယ်။
မိသားစုပိုင် လုပ်ငန်းတွေမှာ အကြိမ်ကြိမ် လေ့လာခဲ့ရတယ်
ဘွဲ့ရပြီး မိသားစုပိုင် Supermarket လုပ်ငန်းတွေ၊ ဇောတိက သင်္ကန်းတိုက်တွေ၊ သင်္ကန်းချုပ်တဲ့ နေရာတွေမှာ လေ့လာခဲ့ရတယ်။ ဘွဲ့ရပြီးတဲ့အထိ ကိုယ်ကကလေးလိုပဲ ဖြစ်နေတော့ လေ့လာရတာ အရမ်းခက်တယ်။ ကိုယ့်အသက်နဲ့ ရထားတဲ့ ရာထူးမှာ ရင့်ကျက်မှုရှိအောင် ကြိုးစားရတယ်။ ကိုယ်ကအရင်က မိဘဆီမှာ လက်ဖြန့်ပြီး သုံးလာတာဆိုတော့ အလုပ်မလုပ်ဖူးဘူး။ ကိုယ့်ကိုလည်း ဝန်ထမ်းတွေက သူဌေးသမီးဖြစ်ပြီး ရထားတဲ့ရာထူးနဲ့ အရည်အချင်းမရှိဘူးလို့ အထင်မခံရအောင် အမြဲတမ်း ကြိုးစားနေတယ်။ တချို့ MD ရာထူးက အသက် ၃၀ ကျော်မှ ရတာဆိုတော့ အဲဒီအတွက် ကြိုးစားရတာ မလွယ်ဘူး။
လုပ်ငန်းအစ
ဒီ TAB Book Center ကို စလုပ်တုန်းက စာအုပ်အမျိုးအစား ခွဲထားရတာ များတယ်။ စာရေးဆရာတွေရဲ့ စာအုပ်တွေက များတော့ ခွဲရတာခက်တယ်။ ဒီဆိုင်မှာက စာပေဝါသနာပါတဲ့ လူငယ်အများစုကို ခန့်ထားတယ်။ မိသားစုလိုပဲ ဝန်ထမ်းတွေကို ဆက်ဆံတယ်။ အလုပ်မရှိတဲ့အချိန် ကိုယ်ဝင်လာလို့ စာဖတ်နေတာတွေ့ရင် ကြည်နူးတယ်။
အခက်အခဲတွေကို မရှောင်တော့ဘူး၊ ရင်ဆိုင်လိုက်တယ်
အခက်အခဲတွေ ကြုံတွေ့လာရင် အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်တယ်။ အရင်က ကိုယ်က လူငယ်ဆိုတော့ အခက်အခဲတစ်ခုကို စိတ်မြန်လက်မြန် ဖြေရှင်းချင်တယ်။ ဒါက အဆင်မပြေဘူး။ အရင်က အခက်အခဲဆိုရင် ရှောင်ချင်တယ်။ နောက်ပိုင်းမှာ မိဘနဲ့ တိုင်ပင်ပြီး လုပ်တယ်။ အခက်အခဲတွေကို မရှောင်တော့ဘဲ ရင်ဆိုင်လိုက်တယ်။ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး အဖေ၊ အမေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါတယ်။
ပြိုင်သင့်တာ မပြိုင်ဘဲ မပြိုင်သင့်တာ ပြိုင်နေကြတယ်
လူငယ်တွေက အပျော်အပါးမှာ ပိုပြီး ပျော်မွေ့နေကြတယ်။ ကျွန်မပတ်ဝန်းကျင်က လူငယ်အများစုက မိဘဆီက ပိုက်ဆံတွေကို ဖြုန်းနေကြတယ်။ အပျော်အပါး၊ Show တွေ၊ ကလပ်တွေ တက်မယ်။ ဘဝမှာ ဘာက အရေးကြီးဆုံး ဆိုတာကို မသိဘဲ အချိန်တွေကို အလွယ်တကူ ကုန်ဆုံးပစ်တယ်။ ငွေကြေးချမ်းသာတဲ့ မိဘက မွေးဖွားလာပြီး ၁၀ တန်းအောင်ပြီးရင်တောင် ကိုယ့်ဘဝရည်မှန်းချက်ကို မသိဘဲ ဖြစ်နေကြတယ်။ ကြိုးစားတဲ့ သူတွေလည်းရှိသလို ပြိုင်သင့်တာမပြိုင်ဘဲ မပြိုင်သင့်တာ ပြိုင်နေကြတယ်။ တချို့ ကြိုးစားတဲ့ သူကျတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတယ်။
အောင်မြင်ချင်စိတ်က အရေးကြီးဆုံး
လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ ငွေရှိတိုင်း အောင်မြင်တာမျိုး မဟုတ်ဘူး။ ငွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပြီး အောင်မြင်ချင်စိတ်က အရေးအကြီးဆုံးပါပဲ။ အောင်မြင်ချင်စိတ်ရယ်၊ ကံ၊ဉာဏ်၊ ဝီရိယ စိတ်ဓာတ်ရယ်က အရေးအကြီးဆုံးပါပဲ။ အချိန်ကိုလည်း အကျိုးရှိအောင် အသုံးချဖို့ လိုပါတယ်။ အချိန်လွန်မှ ငါမလုပ်ခဲ့ရဘူးဆိုတာမျိုး နောင်တ မရစေချင်ဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုလည်း အမြဲမြှင့်တင် ပေးရမယ်။ အခက်အခဲတွေ ကြုံတိုင်း စိတ်ဓာတ်မကျဘဲ လိုအပ်နေတဲ့ Skill ကို ထပ်ဖြည့်ဖို့ ရှာဖွေဖို့ လိုပါမယ်။
သူ့အနာဂတ်
ကျွန်မရဲ့ အနာဂတ်မှာ အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တယ်။ နောက်ပြီး ဇောတိက အင်တာပရိုက်စ်ရဲ့ တခြား တခြားသော လုပ်ငန်းတွေကို တိုးချဲ့ပြီး အောင်မြင်အောင် လုပ်ချင်ပါတယ်။
By: ကြည်ကြည်လွင်
The Voice Weekly
အောင်မြင်တဲ့ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သူ
Reviewed by သစ်ထူးလွင်
on
12:13
Rating:
3 comments:
အဟဲ..အဟဲ.. စာတွေဖတ်တဲ့.. ငါသမီးလေးတော်လိုက်တာနော်..
စာတွေကြက်တဲ့ ငါ့သမီးလေး.. တော်လိုက်တာနော်... :) တော်ပါတယ် စကားတွေက မဲပြာပုဆိုးဖြစ်နေတာကလွဲရင်
Attn:Ma Kyi Kyi Lwin ........I read this and her biography.She worked soooooooooooooo so hard.This article is Good for childhood coz they dont know about people.it
Looks like to see a film.Look like the AUTO biography of the chairmen of May Folwer Bank, Asia Wealth Bank....
What is the sucessful businessmen/women?Want to be rich more n more.I really dont understand the meanings/aim of this article.Advertisement?
Post a Comment