အင်တာနက်ဆိုင်များရှိ စက်ထိန်းချုပ်ကိုင်တွယ်သူ ဆိုင်တာဝန်ခံများသည်
အခကြေးငွေဖြင့် ဆိုင်၌လာရောက်အသုံးပြုသူ မိန်းကလေးများ၏ ဂျီမေးလ်အကောင့်ကို
လိုချင်သူရှိလျှင် ငွေဖြင့်ရောင်းစားခြင်းများ ရှိလာကြောင်း
သုံးစွဲသူအချို့က ပြောသည်။
”ကျွန်မအကောင့်ထဲကို နေ့တိုင်းယောက်ျားလေး ၅ ယောက်လောက် ဝင်ဝင်လာတယ်။ ပိုသိသာတာက ကျွန်မအကောင့်က လူနည်းတယ်။ ဒါနဲ့ ကျွန်မလည်းဝင် လာတဲ့ အကောင့်တွေကို မေးလိုက်တော့ ရိုင်းစိုင်းတဲ့စကားတွေပြောပြီး ကျွန်မအကောင့်ကို ကျွန်မသုံးနေတဲ့ ဆိုင်ကကောင်လေးက ရောင်းတာလို့ ပြောတယ်”ဟု အသက် ၂ဝ အရွယ်အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။
အင်တာနက် သင်တန်းတက်နေသူ ကျောင်းသားတစ်ဦးက အင်တာနက်ဆိုင်အချို့သည် သုံးစွဲသူများ၏ အကောင့်နာမည်၊ Passwordများကို ကြည့်ရှုနိုင်ရန် ဆော့ဖ်ဝဲများ ထည့်ထားကာရရှိသည့် ဂျီမေးလ်အကောင့်များကို ပြန်လည်ဖြန့်ဝေခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ငွေပေး၍ ဖွင့်ခိုင်းသော ဂျီမေးလ် အကောင့်များ တွင် ဗိုင်းရပ်စ်များ ထိန်းချုပ်နိုင်သော လျှို့ဝှက်သင်္ကေတများ ရိုက်ထည့်ထားခြင်းမျိုးလည်း ရှိကြောင်း ဆိုသည်။
မိမိ၏ဂျီမေးလ်လုံခြုံမှုရှိမရှိနှင့် ငွေပေးဖွင့်သည့် အကောင့်အချို့အပေါ် အိုင်တီပညာရှင် ဦးကျော်ကျော်က ”အကောင့်တစ်ခုကို ငွေပေးပြီး ဖွင့်ခိုင်းလိုက်ပေမယ့် အကောင့်ဖွင့် ပေးတဲ့သူက ရိုးရိုးသားသားရှိရင်တော့ ကောင်းပါတယ်။ အီးမေးလ် အကောင့်ဖွင့်မယ်ဆိုရင် ထိန်းချုပ်လို့ ရတာတွေအများကြီးပဲ။ တစ်ဆင့်ခံ ဖွင့်ပေးတဲ့အတွက် ကိုယ့် အကောင့်ကို အချိန်မရွေးဝင်ကြည့်နိုင်အောင် လုပ်ထားမယ်ဆိုရင် မလုံခြုံနိုင်ဘူး” ဟု သုံးသပ်ပြသည်။
ယခင်က ပြည်တွင်းမှာပင် ဂျီမေးလ်အကောင့်ဖွင့်ရန် လွယ်ကူမှုရှိခဲ့သော်လည်း ယခုအခါ နိုင်ငံခြား ဖုန်းနံပါတ်အား အကောင့်ဖွင့်ရန် ရိုက်သွင်းရသည့်အတွက်ကြောင့် အလျင်စလို အကောင့်ဖွင့်လိုသူများသည် အင်တာနက်ဆိုင်တချို့ အား ငွေပေး၍ ဖွင့်ခိုင်းခြင်းများ ဖြစ်လာခဲ့သည်။
ထိုသို့ငွေပေး၍ ဖွင့်ခိုင်းခဲ့သည့်အကောင့်သည် အဆင်ပြေမှုမရှိခဲ့ကြောင်းကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ ဦးမင်းဇော်က ”ဂျီတော့ခ်၊ အီးမေးလ်အကောင့်တစ်ခုကို အမြန် လိုချင်လျှင် ၈ဝဝဝ တဲ့။ အဲဒါကျွန်တော်လည်း အမြန်လိုလို့ ဖွင့် ခိုင်းလိုက်တယ်။ အကောင့်က မသုံးဘဲနဲ့ အမြဲပွင့်နေတယ်။ အဲဒီထဲမှာလည်း အရေးကြီးတဲ့လူတွေကို မ ထည့်ရဲတော့လို့ အကောင့်ပြောင်း လိုက်ရတယ်” ဟု သူ၏ အဖြစ် အပျက်ကို ပြောသည်။
ထပ်မံ၍ နိုင်ငံခြားဆက်သွယ်၍ အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း ”အကောင့်ခိုးဖို့ဆို တော် တော်ခက်တယ်။ အခုနောက်ပိုင်း ဟက်ကာသင်တန်းတွေ ထိန်းချုပ် နိုင်တဲ့ ဆောဖ့်ဝဲတွေ ရောက်လာတော့ ဂျီမေးလ်တွေ၊ အင်တာနက်တွေ က စိတ်ချရမှုမရှိတော့ဘူး။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ဆီ A4လေးခုစာ လောက်ရှိတဲ့ မေးလ်တစ်ခုပို့လိုက် တယ်။ အဲဒီမှာ အကောင့်နာမည် Passwordတွေ ရေးထားတာ အများကြီးပဲ။ ကျွန်တော်တောင် မယုံလို့ အဲဒီအကောင့်နာမည်တစ်ခု နဲ့ Passwordကို ဖွင့်ကြည့်လိုက်တော့ တကယ်ပွင့်သွားတယ်။ အဲဒါကြောင့် တစ်ဆင့်ခံငွေပေးပြီး ဖွင့်ခိုင်းတာမပြောနဲ့ ကိုယ်တိုင်ဖွင့်ထားတဲ့ အကောင့်တောင် ခိုးဖို့လွယ်သွား ပြီ” ဟု ၄င်းက ရှင်းပြသည်။
မေမြန်မာ
ပေါ်ပျူလာဂျာနယ်

အင်တာနက်ဆိုင် ဝန်ထမ်းအချို့ မိန်းကလေးများ၏ ဂျီမေးလ် ရောင်းစားလာ
Reviewed by သစ်ထူးလွင်
on
17:20
Rating:
4 comments:
အင်းဗျာ ကျေးဇူးတင်ပါတယ် သိခွင့်ရတာ
ငါးပါးသီလလောက်တောင် မလုံကြတော့ဘူး..အေးရော
Google make its users comfortable to use free and useful mails, but some of the people here sell google mail accounts. Is it legal? Is it ethical? Is it fair? Can we say it's exploiting?
email များစိတ်မချရလျှင်စိတ်ချရမည့် နည်းလမ်အားအခမဲ့ပြောပြမည်။ဆက်သွယ်ရန်- thowythott11@gmail.com.
Post a Comment