စစ်ကိုင်းတိုင်း NLD တိုင်းအောင်နိုင်ရေးအတွက် အစည်းအဝေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့တိုင်းရုံးရှိရာ ရွာထောင်မှာ စစ်ကိုင်းတိုင်း မြို့နယ်ပေါင်းစုံအစည်းအဝေးပွဲကို ဒီဇင်ဘာ ၂ရက်နေ့ နံနက် ၁၀နာရီခွဲမှာ ကျင်းပခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌ ဦးကျော်ဆန်း ကိုယ်တိုင်အပါအဝင် ဒုဥက္ကဌ ဦးဘာဘာ၊အတွင်းရေးမှူး ဒေါက်တာမြင့်နိုင်နှင့် မြို့နယ်အသီးသီးက မြို့နယ်ဥက္ကဌများ၊ စည်းအဖွဲ့ဝင်များ၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ အမျိုးသမီးလူငယ်အဖွဲ့ဝင်များ စုစုပေါင်း ၁၄၀ကျော်ခန့် စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်မှာ တိုင်းအောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“တိုင်းအောင်နိုင်ရေးအတွက် ယနေ့မှာ ဆုံးဖြတ်ချက်ကတော့ တိတိကျကျ မချသေးပဲ အချိန်လေးနည်းနည်းစောင့်ဖို့လိုနေသေးတဲ့ အနေအထားရှိတယ်။ မှတ်ပုံတင်ဖို့ နေပြည်တော်သွားပြီး လျှောက်ထားတဲ့ကိစ္စက မှတ်ပုံတင်ဖို့က မကျလာသေးတဲ့အခါကျတော့ ဒီ တိုင်းအောင်နိုင်ရေးကိစ္စက မှတ်ပုံတင်ခွင့် အသိအမှတ်ပြုလိုက်ပြီဆိုတဲ့ အနေအထားမျိုှးရှိတော့မှ လျင်လျင်မြန်မြန်ဆောင်ရွက်ကြမယ်ဆိုတဲ့ သဘောထားမျိုး ရှိကြပါတယ်။စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့လွှတ်တော် ၃ နေရာနဲ့ အမျိုးသားလွှတ်တော် ၂နေရာ နေရာလပ်ရှိနေတာဆိုတော့ အားလုံးပေါင်း ၄၈ နေရာ နေရာလပ်ရှိနေတာကို ယှဉ်ပြိုင်မယ်ဆိုတော့ ဒီနေရာလည်း အကျုံးဝင်သွားတယ်။ဒီနေရာတွေအတွက် သက်ဆိုင်ရာ မြို့ နယ်အသီးသီးက အဓိကထားပြီး ကျန်တဲ့ သူတွေက ဝိုင်းပြီးပံ့ပိုးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစည်းအဝေးလုပ်ဖြစ်ကြတာပါ။”လို့ အစည်းအဝေးတက်ရောက်ခဲ့သူ ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ  ဦးမြင့်ကြည်က ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းတွင်းမှာ ၃ လ ၁ ကြိမ် ပုံမှန် ပြုလုပ်နေကြဖြစ်တဲ့ မြို့ နယ်ပေါင်းစုံ စည်းဝေးဖို့ကိစ္စက အခု ဒီဇင်ဘာလ ထဲမှာ ၂၀ရက်နေ့မှာ ပြုလုပ်ဖို့ရှိပေမယ့် ရွေးကောက်ပွဲကိစ္စတွေကြောင့် အစောတလျင် ကျင်းပနိုင်အောင်၊ အကယ်၍ တစ်ပတ်၊နှစ်ပတ်အတွင်းမှာ မကျလာလို့ရှိရင်လည်း ဒီအစည်းအဝေးကို နောက်ဆုတ်ပြီး ၂၀၁၂ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ထပ်မံကျင်းပဖို့ အစည်းအဝေးတက်ရောက်သူ အားလုံး သဘောတူစီစဉ်ထားပါတယ်။

“ရွေးကောက်ပွဲကိစ္စက သဘောထားတွေ အမျိုးမျိုး ရှိကြပါတယ်။ဘယ်လိုပဲ ဖြစ်ပါစေ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က သူ့အမျှော်အမြင်နဲ့ တိုက်တွန်းပြီးတော့မှ သူကိုယ်တိုင် ဆောင်ရွက်နေတဲ့ကိစ္စဖြစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ဝိုင်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံပေးရမယ်၊ ပံ့ပိုးပေးရမယ်၊ထောက်ပံ့ပေးရမယ်ဆိုတဲ့ အနေအထားရှိပါတယ်။ အားလုံးကလည်း ဝိုင်းပြီး ဆောင်ရွက်ပေးနေကြတာပါ။” လို့ အခုကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ် ကသာမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဦးမြင့်ကြည်က သူ့အမြင်ကို ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

By ဇာဏီ (Burma VJ Media Network)
Myanmar News Now
စစ်ကိုင်းတိုင်း NLD တိုင်းအောင်နိုင်ရေးအတွက် အစည်းအဝေးပွဲ ကျင်းပ စစ်ကိုင်းတိုင်း NLD တိုင်းအောင်နိုင်ရေးအတွက် အစည်းအဝေးပွဲ ကျင်းပ Reviewed by သစ်ထူးလွင် on 18:07 Rating: 5

No comments:

Powered by Blogger.