ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးဆိုင်ရာ ဗီဒီယိုမိန့်ခွန်း (ရုပ်/သံ)

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ကျရောက်မဲ့ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့အခမ်းအနားအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကနေ ဗီဒီယိုမိန့်ခွန်းတိုလေးတခု ကို ပေးပို့ပြီး “နေ့တိုင်းနေ့တိုင်းဟာ ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်ရေးနေ့ ဆိုပြီးတော့ ကျွန်မတို့ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုတယ်”လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားကို ကလေး ကူးသန်းရောင်းဝယ်မှုတားဆီးရေးအဖွဲ့ ( Burma ACT) အဖွဲ့ကနေ ဦးစီးပြီး ဒီဇင်ဘာ (၁၂) ရက်မနက်ပိုင်း ထိုင်းနိုင်ငံမဲဆောက်မြို့က ကလေးဖွံ့ဖြိုးရေးစင်တာ (Child Development Center-CDC) မှာ ကျင်းပမှာဖြစ်ပါတယ်။ ရပ်ရွာလူထုကို စွမ်းရည်မြှင့်
ခြင်းဖြင့် ကလေးကူးသန်းရောင်းဝယ်မှုကို တားဆီးကြပါစို့ (Empower the communities to stop child trafficking) ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ ဒီအခမ်းအနားကို မဲဆောက်မြို့မှာ ရှိတဲ့ ရွေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေ၊ မြန်မာရွေ့ပြောင်းအလုပ်သမားမိဘတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက စည်စည်ကားကားကျင်းပပြုလုပ်မှာဖြစ်တယ်။
ဒီနှစ်အခမ်းအနားမှာကလေးကူးသန်းရောင်းဝယ်မှုဆန့်ကျင်ရေးအကြောင်း ဟောပြောပွဲတွေ
အပြင်ပညာပးပြခန်းတွေကိုလဲ ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ ရွေ့ပြောင်းကလေးတွေနဲ့ လူငယ်တွေဦးစီးတဲ့ United ACT လူငယ်ပြဇာတ်အဖွဲ့ကလဲ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးပညာပေး ပြဇာတ်သစ်ကို တင်ဆက်မှာ ဖြစ်ပြီး အခြားရွေ့ပြောင်းကလေးတွေရဲ့ အနုပညာတင်ဆက်မှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးနဲ့ကလေးတွေအပေါ် လူကုန်ကူးမှုတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး နိုင်ငံတွေကပူးပေါင်းတိုက်ဖျက်ဖို့တာဝန်ပေးထားတဲ့ ပါလာမိုစာချုပ်အသက်ဝင်လာတဲ့နေ့ ကို အစွဲပြုပြီး ဒီဇင်ဘာလ (၁၂) ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှုဆန့်ကျင်ရေးနေ့လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့တနေ့ထဲမှာဘဲ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးအတွက် လှုံ့ဆော်တဲ့အခမ်းအနားတွေကို ကျင်းပကြမှာဖြစ်ပါတယ်။
By: Myanmar News Now
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးဆိုင်ရာ ဗီဒီယိုမိန့်ခွန်း (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးဆိုင်ရာ ဗီဒီယိုမိန့်ခွန်း (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 12:37 Rating: 5

No comments:

Powered by Blogger.