နွားထိုးကြီးတွင် မြွေအဝယ်လိုက်နေသဖြင့် ကြွက်များထကြွ



နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြွေများကို တရုတ်က အလွန်အကျွံဝယ်ယူခဲ့မှုကြောင့် မြွေများရှားပါးလာပြီး ကြွက်သောင်းကျန်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တရုတ်များသည် လွန်ခဲ့သော ၄ နှစ်ခန့်ကပင် နွားထိုးကြီးမြို့နယ် အတွင်း ကျေးရွာများမှ မြွေများကို ဝယ်ယူခဲ့သောကြောင့် မြွေများရှားပါးလာပြီး ကြွက်များပေါများလာကာ ခုနှစ်မြေပဲပေါ်ချိန်တွင် မြေပဲခင်းများကို ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

"ကြွက်က ဒီနှစ်မိုးကုန်လောက်မှ စပြီးပေါ်လာတာ။ ကျွန်တော်သိသလောက်တော့ အရင်ကတစ်ခါမှ ကြွက်တွေ မကျဖူးဘူးဗျ။ အခုနောက်ပိုင်း ကြွက်တွေပေါ်လာတာ ကျွန်တော်တို့နယ်မှာ မြွေတွေရှားသွားလို့ပဲ။ အရင်ကဆို မြွေတွေက ကျွန်တော်တို့အိမ်တွေထဲအထိ တောင်ဝင်တာ။ အခုသိပ်တောင် မတွေ့ရတော့ဘူး" ဟု နွားထိုးကြီးမြို့တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ကိုင်နေသူ ကိုနိုင်ထူးအောင်က ပြောသည်။

ယခုနှစ်သည် နွားထိုးကြီးမြို့နယ်တွင် ရာသီဥတုကောင်းသောကြောင့် တောင်သူများက မြေပဲအထွက်နှုန်းကောင်းမည်ဟု မြေပဲအထွက်နှုန်းကောင်းမည်ဟ်ု မျှော်မှန်းထားသော်လည်း မြေပဲခင်များ အတွင်းကြွက်များ သောင်းကျန်းခဲ့သောကြောင့် မျှော်မှန်းထားသည့် မြေပဲအထွက်နှုန်း ထက်ဝက်လျော့ကျခဲ့ကြောင်းကို ကိုနိုင်ထူးအောင်က ဆက်လက်ပြောသည်။

နွားထိုးကြီးမြို့နယ် အတွင်းတွင် ကြွက်များသောင်းကျန်းခဲ့သောကြောင့် ဓာတ်မြေဩဇာဆိုင်များတွင် ကြွက်သတ်ဆေးများလည်း ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

"အရင်က ဓာတ်မြေဩဇာဆိုင်တွေမှာ ကြွက်သတ်ဆေး မရောင်းရဘူး။ ဒီနှစ်မှ တအားရောင်းရတာ။ ကြွက်သတ်ဆေးက အခုမှသုံးဖူးတာဆိုတော့ လယ်တွေအတွက်၊ ပတ်ဝန်းကျင်အတွက် ဘာဘေးထွက်ဆိုးကျိုးပေးမလဲတော့ မပြောတတ်ဘူး" ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

တရုတ်များသည် လွန်ခဲ့သော ၇ နှစ်၊ ၈ နှစ်ခန့်မှ စတင်ကာ နွားထိုးကြီးမြို့နယ် အတွင်းက လယ်မြေများမှ ထွက်သော အင်းကျောက်များကို ဈေးကောင်းပေးဝယ်ယူခဲ့ပြီး မြွေများအပါအဝင် အခြားဒေသထွက်ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ မြွေများရှားပါးလာသောကြောင့် တောက်တဲ့များကို ဝယ်ယူလာခဲ့ကြောင်း ပေါ်ပျူလာဂျာနယ်မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်
နွားထိုးကြီးတွင် မြွေအဝယ်လိုက်နေသဖြင့် ကြွက်များထကြွ နွားထိုးကြီးတွင် မြွေအဝယ်လိုက်နေသဖြင့် ကြွက်များထကြွ Reviewed by သစ်ထူးလွင် on 18:20 Rating: 5

4 comments:

Bravo said...

သဘာဝတရားက အလွန်အံ့သြဖို့ကောင်းပါတယ်။ အရာရာကို ချိန်ခွင်လျှာမျှအောင် ထိန်းညှိပေးထားပါတယ်။ ဒါတွေဟာ အသိဥာဏ်နည်းပါးပြီး ငွေနောက်ပဲလိုက် မိုက်မဲနေတဲ့သူတွေကြောင့်ပျက်စီးနေတာမြင်ရတော့ စိတ်ထဲမကောင်းဘူး။ ခုတ်လိုက်တဲ့သစ်ပင်၊ တူးလိုက်တဲ့ကျောက်သံ၊ ပိတ်လိုက်တဲ့ရေကြောင်း၊ သတ်လိုက်ကြတဲ့တောရိုင်းတိရိစ္ဆာန်တွေ။ သဘာဝတရားကြီးလှပနေပါစေဗျာ။

I want my country brighter said...

This news mentions that we need more rules and restriction everywhere to control our environment and future life.

anyarthar said...

အပေါ်ကပေးသွားတဲ့ ဆရာ....လိုက်အသိဥာဏ်နည်းပါးပြီးငွေနောက်လိုက်တယ်ဆိုတာလေးကတောသူတောင်သားတွေကိုစော်ကားရာကြပါတယ် အသိဥာဏ်နည်းတယ်ဆိုတော့ ပညာမတတ်ဘူးလို့မင်းဆိုလိုတာပေါ့...ဒါဆိုအသိဥာဏ်များသွားအောင်မင်းပညာသင်စရိတ်ထောက်ပံ့ လိုက်လေ ငွေနောက်လိုက်မိုက်တယ်ပြောရအောင်..မင်းတောင်ယာသမားတွေရဲ့ ဘ၀ကို ဘယ်လောက်သိလဲ...ထင်ခုတ် ကျောက်တူး အမဲလိုက် တောင်ယာစိုက် ဒါမှမလုပ်ရင်ဘယ်မလဲဝင်ငွေ ပိုက်ဆံမရှိဘဲထမင်းဘယ်ကသွားစားမလဲ...လူတစ်ယောက်အဖို့ထမင်းစားရုံနဲ့ မပြီးသေးဘူးကွ.စားဝတ်နေရေးဆိုတာရှိတယ်...ဒါတောင်ပညာရေး ကျန်းမာရေး လူမှုရေး မပါသေးဘူး အလုပ်ကိုင်အခွင့်လမ်းနည်းပါးပြီး မြို့ ပေါ်မှာထက် အစစရာရာချိုးတဲ့ နိမ့် ကျတဲ့  တောသူတောင်သားတွေရဲ့ ဘ၀ကို စာနာရင် မင်းဒီလိုမျိုးမရေးသင့် ဘူး မင်းသိထားဖို့ က တောသူတောင်သားတွေက ပိုက်ဆံတွေပေါများ စားဝတ်နေရေးတွေပြီးပြည့် စုံပြီး....ငွေနောက်လိုက်သစ်ပင်ခုတ် ကျောက်တူး တိရိစ္ဆာန်တွေသတ်လုပ်နေတာမဟုတ်ဘူး...၀မ်းရေးတွက်ဖြေရှင်းနေတယ်ဆိုတာ.....မင်းလဲအသိဥာဏ်ရှိတဲ့ လူတစ်ယောက်သာဆိုရင်...............

Anonymous said...

ကျွန်တာ့်အမြင်အနေနဲ့နော် အပေါ်ကူ ပြောသွားတာလဲ မှန်ပါတယ်။ အောက်ကသူဝေဖန်တာကလဲ မှားတယ်လို့ ပြောလို့မရပါဘူး......တစ်နိုင်တစ်ပိုင် တစ်အိုးတစ်အိမ်တစ်ယောက်စာအတွက်သာ ဆိုသဘာဝကြီးကမြန်မြန်မပျက်ဆီးနိုင် နိုင်ပါဘူး။ပညာပေးရေးတွေလုပ်သင့်သလို တစ်ဖက်ကလဲ တစ်ခြားဝင်ငွေရနိုင်တဲ့ အခွင့်အလမ်းတွေဖေါ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ လူဦးရေများလာလေ လူတွေရဲ့အတ္တ လောဘတွေများလာလေလေ စက်ကရိယာတွေအကူအညီနဲ့ သဘာဝသံယံဇာတအရင်းမြစ်တွေကို ကုန်ခမ်းသွားအောင် ထုတ်ယူလေလေဖြစ်နေတဲအတွက် ရာသီဥတုတွေလဲ ပိုပျက်စီးလာပါလေပဲ အဲလိုဖြစ်လေ လူတွေပဲ ဆိုးကျိုးတွေကိုပြန်ခံစားရလေလေနဲ့ ရှာစားရခက်လာလေလေပါပဲ ...။တကယ်တော့ လူဆိုတာလဲ world ကိုဖျက်စီးစေနိုင်တဲ့virus တစ်မျိုးပါပဲလား..........

Powered by Blogger.