လစ်ဗျားလူထုတော်လှန်ရေးရဲ့  သူရဲကောင်းများ (ရုပ်/သံ)

ဂဒါဖီလက်အောက်ကနေ ရုန်းထွက်ပြီး လူထုနဲ့ပူးပေါင်းခဲ့တဲ့ ဗိုလ်ချူပ် တဦး …ဂဒါဖီလက်ချက်နဲ့ မကျဆုံးပဲ တော်လှန်ရေးသမား အချင်းချင်း လုပ်ကြံသတ်ဖြတ်လို့ ကျဆုံးခဲ့ရတာဟာ လစ်ဗျားလူထုတော်လှန်ရေးရဲ့  မဟာ သင်ခန်းစာလို့ ယူဆပါတယ်။ ….. လူထုကို ဗုံးကြဲတို်က်ခိုက်ဖို့ ဂဒါဖီရဲ့ အမိန့်ကို မနာခံ ဖီဆန်ခဲ့တဲ့ လစ်ဗျားလေတပ် အရာရှိတွေ ကတော့ တခြားအာဏာရှင်နိုင်ငံတွေက တပ်မတော်သားတွေ စံနမူနာယူစရာသင်ခန်းစာလို့ သုံးသပ်ကြပါတယ်။ ဂဒါဖီတပ်သားတွေရဲ့  ယုတ်မာမူတွေကို ဖွင့်ချပြရဲခဲ့တဲ့ အီမန် အယ် အိုဗာဒီ အပါအ၀င် လစ်ဗျားအမျိုးသမီးထုရဲ့  သတ္တိကလဲ တခြား အာဏာရှင်လက်အောက်က အမျိုးသမီးထုတွေ အတုယူစရာလို့ ယူဆကြပါတယ်။ ဒါပေမဲ့ အာဏာရှင်အောက်က လူငယ်တွေရော ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကလူငယ်မျိုးဆက်သစ်တွေရော စံနမူနာယူ အတုယူစရာ သူရဲကောင်း အာဇာနည် လူငယ် တယောက်ဖြစ်ရပ်က ပိုပြီး လေ့လာ အတုယူစရာတခုပါလို့ အများစုက တညီတညွတ်ထဲ ကောက်ချက် ချထားပါတယ်။ အဲဒီလူငယ်ကတော့ ဂဒါဖီလက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ လွတ်လပ်တဲ့ လစ်ဗျားသတင်းဌာန ထူထောင်နိုင်ခဲ့သူ မိုဟာမက် နာဘုစ် ဆိုတဲ့ လူငယ်တဦးပါ။ ချမ်းသာတဲ့ မိသားစုက မွေးဖွါးကြီးပြင်းလာတဲ့ ပညာတတ်လူငယ်… ပူပင်ကြောင့်ကြစရာမရှိတဲ့ ဘ၀တခုကို ပိုင်ဆိုင်ထားသူ… အာဏာရှင်စနစ်ဆိုးကြောင့် မိသားစုဘ၀မှာ တစုံတရာ ပြသနာမရှိခဲ့သူ…ဒါပေမဲ့ အများစု ခံစားနေရတဲ့ အခြေအနေကို မကြည့်ရက်တဲ့အတွက် ဆန္ဒပြလူုထုနဲ့ပူးပေါင်း နိုင်ငံတကာသိအောင် သူပိုင်ဆိုင်သမျှကို ပုံအော သုံးခဲ့ရင်း ကျဆုံးခဲ့ရတဲ့ လစ်ဗျားရဲ့  လူငယ်သူရဲကောင်း အာဇာနည် မိုဟာမက်နာဘုစ် ရဲ့ နောက်ဆက်တွဲလေးပါ။ ဒီတပါတ် အစီအစဉ်ဖြစ်ပါတယ်။ 

မိုးအေး (တင်ဆက်သည်)
ဒီဗွီဘီ 
လစ်ဗျားလူထုတော်လှန်ရေးရဲ့  သူရဲကောင်းများ (ရုပ်/သံ) လစ်ဗျားလူထုတော်လှန်ရေးရဲ့  သူရဲကောင်းများ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:50 Rating: 5

No comments:

Powered by Blogger.