အစာရှားပါးမှုကြောင့် မေယုတောင်တန်းရှိ တောဆင်ရိုင်းများ မကြာခဏသေဆုံးနေ

တောဆင်ရိုင်း
အစာရှားပါးမှုကြောင့် မေယုတောင်တန်းရှိ တောဆင်ရိုင်းများ သေဆုံးမှုမကြာခဏ ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း မေယုတောင်တန်းမှ တောဆင်ရိုင်းသုံးကောင်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၁ ဇူလိုင်လ ၃ ရက်က မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်ကျေးရွာအနီး မျောချောင်းတွင် အသက် ၁၅ နှစ် ခန့်ရှိ ဆင်ထီးတစ်ကောင် သေဆုံးခဲ့ကြောင်းသိရသည်။

ထို့နောက် နိုဝင်ဘာ ၁၂ ရက်တွင် ကျောက်ပန္ဒူကျေးရွာအနီး၌ အသက် ၂၅ နှစ်ခန့်ရှိ ဆင်ထီး တစ်ကောင် သေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ကျီးကန်းပြင်ကျေးရွာအနီး၌ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ဆင် ထီးတစ်ကောင် သေဆုံးမှုရှိခဲ့ကြောင်း မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဦးစီးဌာနမှ သိရ သည်။

" အဓိကတော့ တောတွင်းမှာ ဆင်စာတွေဖြစ်တဲ့ ၀ါးပင်၊ ထမင်းဆိုင်းပင်တွေ ရှားလာတဲ့အ တွက် အစာအဟာရ ပြတ်ပြီး သန်ကောင်ရောဂါကြောင့် သေတာဖြစ်ပါတယ်" ဟု အထက်ပါဌာနမှ တာဝန်ရှိသူ ကပြောသည်။ မေယုတောင်တန်းတွင် လွန်ခဲ့သည့်နှစ်က ဆင်၏ အဓိကအစာဖြစ်သည့်အတွက် ဆင်စာရှားပါးမှု ကြုံတွေ့နေရကြောင်း သိရသည်။
7 DAY NEWS Journal
Myanmar News Now
အစာရှားပါးမှုကြောင့် မေယုတောင်တန်းရှိ တောဆင်ရိုင်းများ မကြာခဏသေဆုံးနေ အစာရှားပါးမှုကြောင့် မေယုတောင်တန်းရှိ တောဆင်ရိုင်းများ မကြာခဏသေဆုံးနေ Reviewed by သစ်ထူးလွင် on 19:58 Rating: 5

No comments:

Powered by Blogger.