မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်
ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် နည်းပညာ တက္ကသိုလ် Virginia Tech
ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုကနေ ဒီကနေ့ မနက်မှာ တိုက်ရိုက်
ဆွေးနွေးတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကနေ အမေရိကန် ကျောင်းသားတွေကို
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသလို
ကျောင်းသားတွေ ဘက်ကလည်း မေးခွန်းတွေ မေးကြတယ်လို့ သိရပါတယ်။
မြန်မာနဲ့ အမေရိကန်အကြား အပြန်အလှန် နားလည်မှု တိုးမြင့်ဖို့နဲ့ မြန်မာ့အရေး
အမေရိကန် တက္ကသိုလ် ကျောင်းသားတွေ အကြား ပျံ့နှံ့စေဖို့ အခုလို
စီစဉ်ခဲ့ကြောင်း ဒီပွဲ ဖြစ်မြောက်အောင် ဦးစီးဆောင်ရွက်သူ တဦးဖြစ်တဲ့
ဗားဂျီးနီးယား စက်မှုတက္ကသိုလ်က မြန်မာကျောင်းသူ
မသက်နီနီအောင်က ပြောပါတယ်။
ဒီပွဲမှာ ကျောင်းသားကျောင်းသူ ပရိသတ် ၃ ထောင်ခန့် တက်ရောက်တယ်လို့ ဆိုပါတယ်။
RFA
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။
RFA
ဗားဂျီးနီးယား တက္ကသိုလ် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
Reviewed by သစ်ထူးလွင်
on
11:42
Rating:
No comments:
Post a Comment