မှုခင်းကျဆင်းရေး စီမံချက်

မြန်မာ ရဲတပ်ဖွဲ့ 
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မှုခင်းဖြစ်ပွားမှုများပြားသော မြောက်ဥက္ကလာပ၊ သာကေတ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်တို့ကိုအဓိကထား၍ မှုခင်းကျဆင်းရေး စီမံချက်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုနှုန်းများ ပိုမိုများပြားလာပြီး ယခုလပိုင်းအတွင်း အများပြည်သူအကြား သတိပြုမိဖွယ်မှုခင်းအချို့ ဖြစ်ပွားခဲ့ခြင်းကြောင့် မှုခင်းကျဆင်းရေး အတွက်  လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုနှုန်းများ ပိုမိုများပြားလာပြီး ယခုလပိုင်းအတွင်း အများပြည်သူအကြား သတိပြုမိဖွယ် မှုခင်းအချို့ ဖြစ်ပွားခဲ့ခြင်းကြောင့် မှုခင်းကျဆင်းရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် . . .
“မှုခင်းကျဆင်းရေးအတွက် လှုပ်ရှားမှုအနေနဲ့ သာကေတ၊ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ဥက္ကလာပ မြို့နယ်သုံးခုမှာ အဓိကထားပြီး အချိန်တစ်လလောက် လုပ်သွားဖို့ ရှိပါတယ်။ အခြားမြို့နယ်တွေမှာ တော့ ပုံမှန်လုပ်နေကြအတိုင်းပဲ လုပ်နေမှာဖြစ်ပါတယ်။ အဲဒီအတွက် ရဲတပ်ဖွဲ့ကတာဝန်ယူပြီးလုပ်မှာ ဖြစ် သလို မှုခင်းကျဆင်းရေးတွက် မသင်္ကာတဲ့နေရာတွေမှာ ၀ိုင်းဝန်း ပိတ်ဆို့ရှာဖွေမှုတွေ၊ စစ်ဆေးမှုတွေ လုပ်သွားမယ်။ အဲဒီသုံးမြို့နယ်မှာ တိုင်းဒေသကြီးအဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့တွေကဆင်းပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း က ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွား ခဲ့သော ဒါရိုက်တာဇင်မင်း အသတ်ခံ ရသည့်အမှုနှင့် မြောက်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သော  မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်ခုက အမျိုးသားတစ်ဦး အား ဓားမျာဖြင့်ဝိုင်းဝန်းခုတ်သတ်ခဲ့သည့် ဖြစ်စဉ်များသည် အများပြည်သူအကြား ထိတ်လန့်သတိပြုဖွယ်ရာ မှုခင်းဖြစ်စဉ်အချို့ ဖြစ်လာခဲ့ပြီး အင်းစိန်မြို့နယ်အတွင်းရှိ နေအိမ် တစ်ခုတွင် အိမ်အကူတစ်ဦးတည်း ရှိချိန်၌ အနုကြမ်းစီးကာ ပစ္စည်းများ လုယက်သွားသော ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“အခု မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်မှာလည်း လူသတ်တဲ့ တရားခံလို့ယူဆရသူ ၁၄ ဦးကို ဖမ်းဆီးရမိပြီလို့ သိရတယ်။ အဲဒီ အတွက် မြို့နယ်တွေမှာ ၀ိုင်းဝန်း ပိတ်ဆို့ရှာဖွေမှုတွေကို ဆက်တိုက် လုပ်သွားမှာပါ။ အဲဒီအတွက် အများပြည်သူကလည်း ကူညီဖို့ လိုပါတယ်”ဟု အဆိုပါတာဝန်ရှိသူက Weekly Eleven News Journal ကို ဆက်လက်ပြောပြခဲ့သည်။
By: သစ်ထူးလွင်
မှုခင်းကျဆင်းရေး စီမံချက် မှုခင်းကျဆင်းရေး စီမံချက် Reviewed by သစ်ထူးလွင် on 11:50 Rating: 5

No comments:

Powered by Blogger.