လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ခန့်​ရှိ

လာမယ့်​ ဒီဇင်ဘာလ ၃၁ ရက်န့​မှာ စတင်ဖွင့်​လှစ်မယ့်​ လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော် (THE ART of FREEDOM FILM FESTIVAL) မှာ ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ​လောက်အထိ ရှိ​နေပြီဖြစ်ပါတယ်။
မြန်မာ့ ​ရုပ်ရှင်​လောကနဲ့​ အနုပညာ​လောကသား​တွေထဲက နာမည်ကြီး​ ဒါရိုက်တာ သရုပ်​ဆောင်​တွေ အပါအဝင် ဝါသနာရှင် ၁၅၀ ​လောက်ရဲ့​ ဇာတ်ကား​တွေ ဒီ​နေ့​နောက်ဆုံး​နေ့​အထိ ဇာတ်ကား​ပေါင်း​ ၁၅၀ ​လောက် ရှိ​နေတာပါ။
ဒါနဲ့​ ပတ်သက်ပြီး​ လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်ကို ဦး​ဆောင် စီစဉ်​နေတဲ့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က အခုလို ​ပြောပြပါတယ်။
“သိထား​တဲ့​ သတင်း​အရ တရား​ဝင်​တော့​ မဟုတ်​သေး​ဘူး​။ အခု​လော​လောဆယ် ဇာတ်ကား​ ပြည်တွင်း​က film maker ​တွေရယ်၊​ အနုပညာနယ်ပယ် ​လောကထဲမှာ ရှိ​နေတဲ့​ ဒါရိုက်တာ​တွေရယ်၊​ ရိုက်ထား​တဲ့​ကား​ပေါင်း​ ၁၅၀ ​လောက် လက်ခံရရှိပြီး​နေပြီ။ တိတိကျကျဆိုရင် ညပိုင်း​မှပဲ အတိအကျ ​ပြောနိုင်ပါမယ်။ ​မောင်​မောင်ဦး​(စနိုး​ဝှိုက်)၊​ ဝိုင်း​၊​ ဒါရိုက်တာ ကို​ပေါက်တို့​၊​ သူတို့​က​တော့​ အ​စောဆုံး​ပဲ။ နံပါတ်တစ်ပဲ။ ​လော​လောဆယ် အဲ​လောက်ပဲ သိထား​တယ်။”
လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် (THE ART of FREEDOM FILM FESTIVAL) ကို လာမယ့်​ ဒီဇင်ဘာလ ၃၁ ရက်​နေ့​မှာ ရန်ကုန်မြို့​၊​ ပြည်လမ်း​မ​ပေါ်က ​တော်ဝင်စင်တာမှာ စတင်ဖွင့်​လှစ်မှာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် ဖွင့်​လှစ်​ပေး​မှာဖြစ်ပါတယ်။
ဇန်နဝါရီ ၁ ရက်​နေ့​က​နေ ၃ ရက်​နေ့​အထိကို​တော့​ ပြိုင်ပွဲဝင်ဇာတ်ကား​တွေကို အခမဲ့​ ပြသမှာဖြစ်ပြီး​ ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ​တော့​ ဆု​တွေကို ချီး​မြှင့်​သွား​မှာလည်း​ ဖြစ်ပါတယ်။
ဒီအနုပညာပွဲ​ တော်မှာ ဝင်​ရောက်ယှဉ်ပြိုင်ထား​တဲ့​ သရုပ်​ဆောင် ဒါရိုက်တာ ကို​ကျော်သူကလည်း​ သူ့​ရဲ့​ ပြိုင်ပွဲဝင် ဇာတ်ကား​နဲ့​ ပတ်သက်ပြီး​ အခုလို ​ပြောပြပါတယ်။
“​ခေါင်း​စဉ်က ​တော့​ Freedom ပဲ၊​ အဓိက​တော့​ စစ်နဲ့​ငြိမ်း​ချမ်း​ရေး​ပဲ။ ​ရွှေတိဂုံ ဘုရား​ရှေ့​တို့​ ဘာတို့​မှာရိုက်တယ်။ စစ်သား​ အ​ယောက် ၃၀၀၊​ ၄၀၀ ​လောက်နဲ့​၊​ စစ်သား​က​တော့​ သက်ရှိစစ်သား​တွေ မဟုတ်ဘူး​။ စစ်သား​ရုပ်က​လေး​တွေနဲ့​ပဲ။”
အာဏာရှင်စနစ်နဲ့ ​ နှစ်​ပေါင်း​များ​စွာကြာ​အောင် အုပ်ချုပ်ခံခဲ့​ရတဲ့​ မြန်မာနိုင်ငံမှာ တင်း​ကျပ်တဲ့​ ရုပ်ရှင်ဆင်ဆာ ဖြတ်​တောက်မှု​တွေကို မြန်မာအနုပညာ​လောကသား​တွေ ခံစား​ခဲ့​ကြရပြီး​ အစိုး​ရသစ်လက်ထက်မှာ အခုလို လွတ်လပ်တဲ့​ အနုပညာပွဲ​တော်တခုအဖြစ် ကျင်း​ပနိုင်ခဲ့​တဲ့​အ​ပေါ်ကို ဦး​ဆောင် စီစဉ်​ဆောင်ရွက်​နေတဲ့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က အခုလို ​ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆိုတာက တကယ်တန်း​ပြောရင် အခု အ​ပြောင်း​အလဲ ကာလမှာ ရုပ်ရှင်ဆိုတာ အရမ်း​အ​ရေး​ကြီး​တဲ့​ အရာတခု​တော့​ မဟုတ်ပါဘူး​။ တကယ့်​ကို အ​ပြောင်း​အလဲ​တွေရဲ့​ ဟိုး​အောက်ဆုံး​အ​ခြေမှာ ရှိ​နေတဲ့​ နိုင်ငံရဲ့​ အရာ​လေး​တခုပါ။ ဒါ​ပေမယ့်​ ဒီရုပ်ရှင်က​နေ ကိုယ်တို့​ရဲ့​ နှစ်​ပေါင်း​များ​စွာ ခံစား​ကြုံ​တွေ့​နေရတဲ့​ မလွတ်လပ်မှု​တွေကို ကိုယ်တို့​ အခုရုပ်ရှင်​တွေနဲ့​ တင်ပြဖို့​ အခွင့်​အ​ရေး​လေး​ ရှိလာတယ်။ အဲဒီဟာ​လေး​တွေကို လူ​တွေက စိတ်ဝင်စား​ကြတယ်။ ရုပ်ရှင်ထုတ်လုပ်သူ​တွေကလည်း​ စိတ်ဝင်တစား​ ရှိလာကြတယ်။ ဆိုတဲ့​ဟာ​လေး​ပေါ်မှာ ​တော်​တော်​လေး​ကိုပဲ ​ကျေနပ်အား​ရပါတယ်။”
လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ကို သရုပ်​ဆောင် လူရွှင်​တော် ကိုဇာဂနာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နှစ်ရှည်​ထောင်ဒဏ်က​နေ ပြန်လည်လွတ်လာပြီး​ ရက်ပိုင်း​မှာပဲ စတင်ပြီး​ ဦး​ဆောင်စီစဉ် ​ဆောင်ရွက်ခဲ့​တာဖြစ်ပါတယ်။
ဒီပွဲ​တော်မှာ အာဏာပိုင်​တွေရဲ့​ ဆင်ဆာဖြတ်​တောက်မှု​တွေ မပါတဲ့​ ရုပ်ရှင်အနုပညာ ဖန်တီး​မှု​တွေကို ပြပွဲအဖြစ်နဲ့​ရော ပြိုင်ပွဲအဖြစ်နဲ့​ပါ ကျင်း​ပဖို့​ ပြင်ဆင်ခဲ့​ကြတာဖြစ်ပါတယ်။
ဆုရရှိသူ​ တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်က ဇန်နဝါရီလ ၄ ရက် လွတ်လပ်​ရေး​နေ့​ ပိတ်ပွဲအခမ်း​အနား​မှာ ဆု​တွေ​ပေး​အပ် ချီး​မြှင့်​သွား​မှာဖြစ်ပါတယ်။ 
ဒီဗွီဘီ
လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ခန့်​ရှိ လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပွဲ​တော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား​ပေါင်း​ ၁၅၀ ခန့်​ရှိ Reviewed by သစ်ထူးလွင် on 18:31 Rating: 5

No comments:

Powered by Blogger.