ရန်ကုန် မြေအောက် မိုးပျံရထားလမ်း စီမံကိန်း ဒီဇိုင်း (ရုပ်/သံ)
မြန်မာနိုင်ငံ ရဲ့ လူဦးရေခြောက်သန်းနေထိုင်ရာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ခေတ်မီမြေအောက် မိုးပျံရထားလမ်းဖောက်လုပ်ဖို့  နိုင်ငံခြားကုမ္ပဏီတွေနဲ့  ညှိနှိုင်းဆွေးနွေးနေစဉ် အဲဒီရထားလမ်းစီမံကိန်း ဒီဇိုင်းပုံများ၊ အင်တာနက်နှင့် Facebook များမှာ အခုတလော ပျံ့နှံ့နေတဲ့ သတင်းတွေကို ရန်ကုန် လူထုက အထူးစိတ်ဝင်စားနေကြပါတယ်။
နေပြည်တော်မှာ ၂၈-၁၁-၂၀၁၁ ရက်က အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာများကို ပြောကြားရာမှာ ရန်ကုန်မြို့ကြီးကို စင်ကာပူနိုင်ငံကဲ့သို့ဖြစ်အောင်၊ ခေတ်မီတိုးတက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး ခုံးကျော်တံတားများ တည်ဆောက်ခြင်းအပြင် မြေအောက်မိုးပျံရထားလမ်းများ အပါအဝင် ခေတ်မီမီးရထားလမ်း ကွန်ရက်များ တည်ဆောက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါအပြင် မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုကလည်း လာရောက်ပြီး ရန်ကုန်မြို့မှာ မြေအောက်မိုးပျံရထားလမ်း တည်ဆောက်ရန်လည်း သက်ဆိုင်ရာများနှင့် ဆွေးနွေးမယ်လို့ ဆိုပါတယ်။
စင်ကာပူ MRT၊ ဟောင်ကောင် MTR၊ ရှန်ဟိုင်း METRO၊ မလေးရှား Subways တို့မှ ပညာရှင်များက Yangon Subway Design ကို ရွေးဆွဲပေးလျက်ရှိပြီး သက်ဆိုင်ရာသို့ တင်ပြဆွေးနွေးလျက်ရှိကြောင်းနှင့် မြန်မာအိုင်တီပညာရှင်များနှင့်လည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
High Speed Train အမြန်ရထားလမ်းသစ် အနေနဲ့  တရုတ်ပြည် ကူမင်းမြို့မှ ရန်ကုန်သို့ ဖောက်လုပ်မည်ဖြစ်ကြောင်း သတင်းများဖော်ပြပါရှိခဲ့ပြီး အဲဒီလိုင်းများမှာရန်ကုန်မြို့မှ လက်ရှိရထားလမ်းများနှင့် ဆက်သွယ်နိုင်ဖွယ်ရှိတယ်လို့ လည်း ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀ိုင်းက ယူဆနေကြပါတယ်။
By: သစ်ထူးလွင်
မြေအောက် မိုးပျံရထားလမ်း စီမံကိန်း ရန်ကုန်လူထု အထူးစိတ်ဝင်စား (သတင်း/ဗွီဒီယို)
Reviewed by သစ်ထူးလွင်
on
20:27
Rating:
14 comments:
စိတ်ကူးကိုလဲ ကြည့်ယဉ်ကြပါ။တိုင်းပြည်မှာ ပိုက်ဆံမရှိတော့ဘူးလေ။
အစိုးရတောင် ဘတ်ဂျက်လိုငွေ ပြနေတာကြည့်။စင်္ကာပူက မြေအောက်
ရထားလုပ်တာ ဘယ်စီးစီး ၂ ဒေါ်လာအနဲဆုံး။ဗမာငွေနဲ့တွက်ယင် ၁၅၀၀
တစ်နေ့ လူ တစ်သန်းစီးယင် ဒေါ်လာ ၃ သန်းဝင်ငွေရတယ်။ဗမာပြည်မှာ
မြေအောက်ရထားလုပ်ယင် ကြွက် ကိုနိုင်အောင်မလုပ်နိုင်သေးဘူး။ရေဆိုး
အမှိုက် မရှင်းနိုင်သေးဘူး။ခုတောင် တရုပ်စွယ်တော်အတွက် တစ်တိုင်းပြည်
လုံး အလှူငွေထည့်နေကြတာမနည်းဘူး။အစိုးရမလဲ ၀င်ငွေနဲ့ထွက်ငွေတောင်
ကာမိလားမသိဘူး။စစ်တပ်အတွက်ကုန်တဲ့ ငွေက သောက်သောက်လဲ။
ဗမာတွေမရူးကြပါနဲ့။စိတ်ကူးမယဉ်ချင်စမ်းပါနဲ့။တန်ရာတန်ရာကို စဉ်းစား
ကြပါ။စင်္ကာပူနဲ့တူအောင်လုပ်မယ်လို့သာ အော်နေတာ ခုံးကျော်တံတား
ဆောက်ဘို့ ငွေမရှိဘူး။ကြံမိကြံရာ ကြံတာက ချေးငွေနဲ့ဆောက်မယ်တဲ့။
ငွေကောက်စားမယ်တဲ့။အရပ်ရပ်နေပြည်တော်မှ အားမနာ။ဖြုတ်ဦးနှောက်နဲ့
မစဉ်းစားလေနဲ့။ဒိထက်မွဲကုန်မယ်။ငွေရှာဘို့နေနေသာသာ ကိုယ်ရမဲ့ငွေကို
အဆင်ပြေစွာ ကောက်တတ်ဘို့ စဉ်းစားကြပါအုံး။
ဓါတ်ငွေ့ နဲ့ သံယာဇာတတွေက ရောင်းလို့ရတဲ့ ငွေတွေ ဘယ်တွေကိုရောက်ကုန်တာလဲ ....
သတင်းခေါင်းစဉ်ဖတ်ပြီးတော့ အတော်စိတ်ပျက်မိပါတယ်။
ဘာတဲ့....
“ မြေအောက်မိုးပျံရထား ” ဆိုတာ တစ်သက်နဲ့ တစ်ကိုယ်မကြားဖူးတာ အမှန်ပါပဲ။
မြေအောက်သွားနေယင်း က ဘယ်လိုလုပ် မိုးပျံမှာလဲ????? မြေအောက်ရထားဖြင့် မြေအောက်ရထားပေါ့။
မိုးပျံရထားက တံတားထိုးပြီးတော့ ပေါ်လမ်းကနေသွားလို့ မိုးပျံရထားပေါ့။
ခုချိန်ထိ မီးမမှန်၊အင်တာနက် မမှန်၊ ဘတ်ဂျက်လိုငွေပြ နေတဲ့ တိုင်းပြည်မှာ ဘယ်က ငွေနဲ့  မြေအောက်တွင်းတူးပြီးတော့ ရထားလမ်းဖောက်နိုင်မှာလဲ
ဘယ်ကငွေ နဲ့  ကွန်ကရစ်ထုထည်ပေါင်းများစွာ ကုန်ကျစရိတ်များတဲ့ မိုးပျံရထားလမ်း ဖောက်နိုင်မှာလဲ။
အရေးကြီးတာက နိုင်ငံတော် ရဲ့ စီးပွားရေးကောင်းအောင် အယင်လုပ်စမ်းပါဦး။ အနှစ် ၅၀ နီးပါး၊ အာဏာရှင်စံနစ် နဲ့ အာဏာရှင်တွေအုပ်ချုပ်ပြီး တိုင်းပြည်ဆင်းရဲမွဲတေနေတာ အယင်ဖြေရှင်းပါ၊ စီးပွားရေးတိုးတက်ကောင်းမွန်လာပြီ။ တိုင်းပြည်ရဲ့ ဘတ်ဂျက်မှာ အရံငွေတွေ ပြည့်ဖြိုးလာပြီ ဆိုမှ အဲဒီ တခြား လုပ်ငန်းတွေကို ဆက်လုပ်ရမှာ။ အဲတာတွေကလဲ အနှေးနဲ့ အမြန်လုပ်ကို လုပ်ရတော့မှာ။ အခုလို မီးခဏခဏပြတ်တာနဲ့ တော့ မြေအောက်ရထားဘူးတာမှာ အောက်စီဂျင်ပြတ်ပြီးတော့ အစုလိုက်အပြုံလိုက်သေသွားနိုင်တယ်။ မြေအောက်ရထားများ ခပ်တိမ်တိမ်တူးပြီး ရထားလမ်းဆင်တယ်မှတ်တယ်။
မိုးပျံရထားအတွက် တံတားတွေကျယင်လည်း အရည်အသွေးမပြည့်တဲ့ ကွန်ကရစ်တွေ၊သံချောင်းတွေ နဲ့ ဆောက်လို့ က
တော့ ရထားအစမ်းပြေးတာ နဲ့ တင်ကျိုးကျမှာသေချာတယ်။
စီးပွားရေးတောင့်တင်းအောင်အယင်ထူထောင်ပါဦး။
ဟားဟား ဓာတ်၇ှားက ကောင်တွေ ငတ်ပြတ်နေတဲ့ ပြည်သူတွေ သေငယ်ဇောမျောနေတဲ့ ပြည်သူတွေကို နားလှည့် ပါး၇ိုက်ထားတဲ့ ဇာတ်ကွက်တွေပါ။ နောင် အနှစ်ငါးဆယ်တောင် စိတ်မကူးနဲ့ ဒီနှုန်းနဲ့တော့။ ။
Cinema 4D နဲ့ လက်သရမ်းထားတဲ့ ဗွီဒီယိုကလစ်ပါကွာ။ လူတွေကို တဖက်လှည့် ညာနေချင်လို့ ဒါမျိုးတွေ ထုတ်လွင့်ထားပါ၊ မြန်ပြည်တခုလုံးမှာ ကချင်တိုက်ပွဲ သတင်းလွမ်းမသွားအောင် ဒါတွေပြတာပါ။ အခုတောင် ဗိုလ်သင်တန်းဆင်း ဗိုလ်ငယ်လေးတွေ ကချင်စစ်ပွဲမှာ သေကြ၊ ဒဏ်ရာရကြနဲ့ ဘုန်းကြီးတွေတောင် ဆွမ်းဘုန်း မသွားချင်လောက်အောင် ညည်းနေကြပီး။ ဒါပေမယ့် ဒီစီမံကိန်း ဖြစ်မှာ မဟုတ်ဘူး။ စစ်စရိတ်နဲ့ ကာမိအောင် အရင်လုပ်ပါ။ ရန်ကုန်မှာ ရေးစီးရေလာ ကောင်းအောင် အရင်လုပ်ပါ။ ဒီစီမံကိန်းဖြစ်လာလဲ၊ မတရားရွှေ့ပြောင်းခံရမှုတွေ များနေလာမှာပါ။ သတိထားကြ။
တာဝန်ရှိလူကြီးမင်းများကို တခုလောက်မေးပါရစေ။ အဲဒီမြေအောက်မိုးပျံ project ကရော BOT ပဲလား။ ဘယ်ကုမ္မဏီနဲ့ ဂွင်ရိုက်ထားသလဲ။ ဘယ်နှယ်လနဲ့ အပြီးဆောက်အုံးမှာလဲ။ အိန္ဒိယမှာ ဆောက်နေတုံးပဲ ဘိလပ်မြေအရည်အသွေးညံ့လို့ တံတားပြိုကြခဲ့ဘူးပါတယ်။ ပြည်သူရဲ့အသက်ကိုတန်ဖိုးထားစေချင်ပါတယ်။ အကြံတခုပေးပါရစေ။ ဆောက်လုပ်ရေးဝန်ကြီး နဲ့ တကွ ဌာန တခုလုံးကိုဖျက်သိမ်းလိုက်ပါလား။ ဘယ်နေရာမှလဲအသုံးမဝင်ဘူးဆိုတော့ ပြည်သူ့ငွေတွေနဲ့ လစာတွေ အလကားပေးနေရတာ။ ကျောက်မျက်နဲ့ သယံဇာတရောင်းရတဲ့ တိုင်းပြည်ဝင်ငွေတွေက လက်နက်ဝယ်စရိတ်ရယ်၊ လူကြီးမင်းများအိတ်ထဲရယ် အလျှိလျှိရောက်သွားပြီး တိုင်းပြည်တိုးတက်ဖို့ကိစ္စတွေအတွက်ကုန်ကျငွေကတော့ ပြည်သူတွေဆီကနေ နည်းမျိုးစုံနဲ့ ညှစ်ထုတ်နေပါလား။ သြော်...အစိုးမရတဲ့ အစိုးရပါလား။
လောလောဆယ် ဘတ်စကားရယ် မြို့ပါတ်ရထားရယ်ကိုသာ အရင်အဆင်ပြေအောင်လုပ်ပေးစမ်းပါ ၊ စင်္ကာပူကို မီဖို့ထက် လာအို ဗီယက်နမ်တို့ရဲ့ အခြေအနေကိုပဲ တန်းတူဖြစ်အောင်လုပ်ပြစမ်းပါ ၊ ခေါက်ရိုးကျိုး ဟောင်းနွမ်းစုတ်ပြတ်ပြီး ကလေးတောင်သိတဲ့ အချိုးတွေမလုပ်စမ်းပါနဲ့ ၊ ခုလည်း ၄လပြတ် ခုံးကျော်တံတားတဲ့ ၊ ကျွန်တော်က လှည်းတန်း နာနတ်တောလမ်းမှာနေတာ ၊ ကားပိတ်တဲ့ ပြဿနာကို လက်တွေ့ခံစားရပေမယ့် အခုတံတားကို ပိုကြောက်တယ် ၊ တံတားပေါ်မှာ ကားတွေက တစ်ချိန်လုံးပြည့်နေမှာ ၊ စေတနာရှေ့ထားပြီးလုပ်ပါမှ တော်ရုံကျမှာနော် ၊ စကားကြီး စကားကျယ်ပြောလည်း ဘယ်သူမှမယုံဘူး ၊ ပြည်သူယုံမှ ပြည်သူ့အစိုးရဖြစ်မှာပါ ၊ စားနေကျကြောင်ပါးတွေနဲ့ ဆက်သွားနေလို့ကတော့ ဒုံရင်းကဒုံရင်းပဲဖြစ်ပါလိမ့်မယ်
မြေအောက်မိုးပျံရထားက မလေးရှားမှာတောင်ရှိတယ်။မြေအောက်သွားနေရင်းတခါတခါမိုးပေါ်လည်းရောက်သွားတယ်လေ။သူများတိုင်ပြည်မှာတော့ ဖက်စပ်ပေါ့။အစိုးရကဘာမှလုပ်စရာမလိုဘူး၊ပုဂ္ဂလိက ကလုပ်တာလေ၊အစိုးရက တပြားမှ မကုန်ဘူး။အခွန်တိုင်ကောက်ရုံဘဲ။
အစိုးရပြောခဲ့သလိုပဲ၊ အမြန်မလိုဘဲ ဖြေးဖြေးမှန်မှန်တာ ခြေလှမ်းဖို့ လုပ်ပါ။
အဆင့်တွေကျော်မလုပ်ပါနဲ့။ ရန်ကုန်မြို့မှာ အဲဒါတွေမလုပ်ခင် အခြားလုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဥပမာ-လမ်းပျက်နေတာတွေ၊ မိုးတွင်းရေလျှံတာတွေ၊ ရေမီးမှန်မှန်လာဖို့တွေ၊ လိုင်းကားတွေမှာ သက်တောင့်သက်တာစီးနိုင်အောင် စသည်ဖြင့် လုပ်စရာတွေ အများကြီးပါ။
နောက်တစ်ခုက တကယ်လုပ်တာက ဘာတစ်ခုမှ ဟုတ်တိပတ်တိ ကောင်းအောင်မလုပ်သေးဘဲနဲ့ အခွန်တွေပဲ တိုးတိုးကောက်နေတယ်။ မီတာခွန်၊ ရေခွန်၊ အမှိုက်ခွန် စသည်ဖြင့် တိုးကောက်လိုက်တဲ့အခွန်တွေ ...။
စီးပွားရေးကတော့ လက်တစ်ဆုပ်စာ လူစုပဲတိုးတက်ပြီး အများစုက ပိုပိုပြီးကျပ်တည်းလာနေကြတယ်။ အဲဒီပြသာနာတွေကိုအရင်ဖြေရှင်းစေချင်တယ်။
rigth
မြေအောက်တွေ မိုးပျံတွေအတာထား အခုမြေပေါ်ကဟာပဲအရင်
ကောင်းအောင်လုပ်ကြပါဦး။ရန်ကုန်မြို့ထဲဆွဲနေတဲ့ရထားတွေကိုပဲ
ကြည့်။စုက်ပြက်လို့ဗျာ။
မိုးပျံရထားနေပါအုံး။ မြေပေါ်ရထားကို ကောင်းအောင်အရင်လုပ်ပါ။ အချိန်မှန်အောင်၊ သန့်ရှင်းသပ်ယပ်အောင်၊ တစ်ခါက အမျိုးတစ်စု ဘူတာရုံ လိုက်ပို့ပါတယ်။ သူတို့စီးမဲ့တွဲထဲလိုက်ပို့လိုက်တယ်။ ကျွန်တော်တွဲထဲမှာ ကြာကြာမနေရဲလို့ ပြန်ဆင်းလာရတယ်။ တစ်တွဲလုံးက မျက်နှာကျက်မှာ ပင့်ကူပေါင်း သိန်းသောင်းချည်ရှိနေတယ်။ မယုံရင် ကြည့်မြင်တိုင်ကထွက်တဲ့ သာရဝေါရထားတွဲတွေလိုက်ကြည့်ပါ။ အဲဒါတွေကို အရင်လုပ်ပါ။ မိုးရွာရင် ထီးဆောင်းစီးရတယ်။ ရထားပေါ်မှာ တောင်ယိမ်းမြောက်ယိမ်း၊ အထက်ခုန်၊ အောက်ခုန်၊ ဘေးတစ်စောင်းကပ်၊ ဒေါင်လိုက်ရွေ့ အနေအထား တွေနဲ့စီးနေရင်းက လက်ရမ်းပေါ်တင်ထားတဲ့ ကော်ဖီခွက် တောင်မဖိတ်တဲ့ မိုးပျံရထား ကြီးစီးရအုံးမယ်ဆိုရင်တော့ အိပ်မက်လားလို့ ကိုယ့်ပေါင်ကို ဆိပ်မိတော့ မှာဘဲ။
We are not agree to raise up "TAX"...
They better get TAX from Cronies...
No Basic Income is raised yet...
They just know "want to do"...
လောလောဆယ် ကျနော်တို့ ရန်ကုန်မြို့ မှာပြေးဆွဲနေသော မြို့ ပတ်ရထားနှင့်လိုင်းကားများကို ပုံမှန်လည်ပတ်ပြီး ခရီးသွားပြည်သူများ စိတ်ချမ်းသာလက်ချမ်းသာဖြစ်အောင် အရင်လုပ်ဆောင်ပေးရန် ဆန္ဒပြုပါတယ်
Post a Comment