ဖိုက်ဘာအင်တာနက်လိုင်းကို ရယူအသုံးပြုသူတစ်ဦးသည် Wifi နည်းပညာများဖြင့် တစ်ဆင့်ခံပြန်လည်ရောင်းချနေသည့် အတွက်လိုင်း ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း ၊
အဆိုပါကဲ့သို့ အင်တာနက်လိုင်းကို တစ်ဆင့်ခံပြန်လည်ရောင်ချခြင်းများ
ရှိခဲ့ပါက လိုင်းတပ်ဆင်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း
Fortune ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။.....
“Wireless ကိုအသုံးပြုပြီး ပတ်ဝန်းကျင်ကို တစ်နာရီဘယ်လောက်ဆိုပြီး ပြန်ရောင်းတာမျိုး ရှိခဲ့ဖူးတယ်။ လိုင်းမဝယ်ခင် သဘောတူညီမှု လက်မှတ်ထိုးကတည်းက တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း မပြုလုပ်ရဘူးဆိုတာပါတယ်။ ကျွန်တော်တို့လည်း လူတိုင်းအသုံးပြုနေတာကိုတော့ လိုက်လံကြည့်လို့ရတာမျိုး မဟုတ်ဘူး။ သိတဲ့ဟာတစ်ခုကိုတော့ လိုင်းပြန်သိမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။
.....
ဖိုက်ဘာအင်တာနက်လိုင်း ဝယ်ယူစဉ်၌ သဘောတူညီမှု လက်မှတ်များကို ဦးစွာရေးထိုးရကြောင်း အဆိုပါ သဘောတူညီမှုတွင် ကွန်နက်ရှင်ကျဆင်းခြင်းများ၊ နိုင်ငံရေးနှင့်သက်ဆိုင်သော ပြသနာများနှင့် အခြားသော အချက်အလက်များစွာတို့ကို ရောင်းချသည့် ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိဘဲ အသုံးပြုသူ အနေဖြင့်သာ တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။
.....
“အများကြီးပဲ။ သုံးမျက်နှာ လောက်ရှိတယ် ထင်ရတယ်။ စည်းကမ်းချက်တွေထဲမှာ ရေးထားတာကို အသုံပြုသူကပဲ တာဝန်ယူဖို့ပါတယ်” ဟု မန္တလေးမြို့၌ ဖိုက်ဘာ အင်တာနက်လိုင်းကို ဝယ်ယူအသုံးပြုနေသည့် ကိုဖြိုးကဆိုသည်။
.....
ဝယ်ယူသူလက်မှတ်ရေးထိုးရသည့် သဘောတူညီမှုများသည် ရတနာပုံတယ်လီပို့မှ ချထားပေးသည့် စည်းကမ်းချက်များသာဖြစ်ပြီး ကုမ္ပဏီအနေဖြင့် တပ်ဆင်ရောင်းချခြင်းလုပ်ငန်းကိုသာ လုပ်ကိုင်ခြင်းဖြစ်ကြောင်း မန္တလေးမြို့၌ ဖိုက်ဘာအင်တာနက်လိုင်းရောင်းချပေးသည့် Fortune မှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ စည်းကမ်းချက်များ၌ အင်တာနက်လိုင်းကို ဆင့်ပွားသုံးစွဲခြင်းမပြုရန် ပါဝင်ပြီး ကွန်နက်ရှင် ကျဆင်းခြင်းနှင့် အခြားသော ကိစ္စရပ်များပါဝင်သည်။ မန္တလေးမြို့အတွက် ဖိုက်ဘာအင်တာနက် လိုင်းရောင်းချပေးခြင်းကို Fortune ကုမ္ပဏီနှင့် Red Link ကုမ္ပဏီတို့မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
.....
မန္တလေးတစ်မြို့လုံးအနေဖြင့် လိုင်းအရေအတွက် ၅၀၀ ကျော်ကို အသုံးပြုလျက်ရှိပြီး Fourtue ကုမ္ပဏီသည် လိုင်းအရေအတွက် ၄၀၀ ခန့်ကို ရောင်းချပေးနိုင်ခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar News Now

အင်တာနက်လိုင်းကို ထပ်ဆင့်ပြန်လည်ရောင်းချပါက ပြန်လည် သိမ်းဆည်းသွားမည်
Reviewed by သစ်ထူးလွင်
on
18:47
Rating:
3 comments:
ဖွတ်ဘဲ.. ဒီလို ဆားဗစ်နဲ့ တာဝန်မဲ့ပုံနဲ့ တိုးတက်အုံးမယ်။ အိပ်မက်တောင် မက်မနေနဲ့။
ကလောမြို့  မှာတော့ကြံဖွတ်ရုံးကိုယ်တိုင်က တဆင့်ပြန်ရောင်းနေတယ်။
ပုဂ္ဂလိပိုင်အပြိုင်အဆိုင် quality နဲ့ customer service ကောင်းအောင်သူ့ထက်ငါ ကြိုးစားဖို့အခွင့်အရေးပေးလိုက်ရင် မဖြစ်နိုင်စရာမရှိပါဘူး။
အခုက လုပ်ပိုင်ခွင့်ကိုမပေးတာ။
မြန်မာတမျိုးသားလုံး ကိုငတုံးငအတွေလို့မထင်ပဲ အခွင့်အရေးလုပ်ပိုင်ခွင့်ကို တတ်မြောက်သူတိုင်းလုပ်ခွင့်ပေးစေ့ချင်တယ်။
ပညာတတ်၊ လုပ်တတ်ကိုင်တတ်သူတွေအခြားတိုင်းပြည်ရောက်နေတာကိုက နိုင်ငံကိုချာတူးလန်စေတယ်။
Post a Comment