ဆရာတော်ဦးသုမင်္ဂလ တရားဟောခွင့် ပိတ်ပင်လိုက်တာနဲ့ ပါတ်သတ်လို့ ရှင်းလင်းချက် (ရုပ်/သံ)

ဒယ်အိုးဆရာတော် လို.လူသိများတဲ့နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ဦးသုမင်္ဂလ ကိုသံဃာ့မဟာနာယကအဖွဲ.ကတရားဟောခွင့် ၁ နှစ်ပိတ် ပင်လိုက်ပါတယ်။
 
 
ဆရာတော်ဦးသုမင်္ဂလ တရားဟောခွင့် ပိတ်ပင်လိုက်တာနဲ့ ပါတ်သတ်လို့ ရှင်းလင်းချက် (ရုပ်/သံ) ဆရာတော်ဦးသုမင်္ဂလ  တရားဟောခွင့် ပိတ်ပင်လိုက်တာနဲ့ ပါတ်သတ်လို့ ရှင်းလင်းချက် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 12:14 Rating: 5

22 comments:

NLD Generation said...

ဒါ ဒီမိုကရေစီ စနစ်လား?
ဒီမိုကရေစီ စနစ်ဆိုတာ ဟိုဟာ ပိတ်ပင်၊ ဒီဟာပိတ်ပင်၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ၊ အော်.... အဲ့လို့လားးးးးးးးး

NLD Generation said...

ဘုန်းဘုန်း ဦးသုမင်္ဂလ ဆိုတာ ဒကာ၊ ဒကာမ တွေအားလုံးကို တရားကိုတရားမှန် သိအောင်၊ မကောင်းတာကို မကောင်းတာမှန်သိအောင်၊ ဟောပြောနေတဲ့ ဘုန်းဘုန်း ပါ။
ဘုန်းဘုန်း ရဲ့ တရားသံ တွေကြောင့် အသိတရားတွေ ၀င်ခဲ့တာ ကိုယ်အပါအ၀င် လူထုတော်တော်များများဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကို ဒီလို ဘုန်းဘုန်းကို တရားဟောခွင့် (၁)နှစ်
တောင် ပိတ်ပင်လိုက်တယ် ဆိုတော့ ပိတ်ပင်တဲ့သူတွေက ဘယ်လိုစိတ်ထားမျိုး နဲ့ လုပ်လိုက်ကြတာ လဲ ဆိုတာ ပြန်စဉ်းစားကြပါ။။။။

မျိုးချစ်လူငယ်(မှန်တာကိုဝေဖန်သည်) said...

တတောင်းစာတွေ...ဗုဒ္ဗဘာသာ နံမည်ပျက်အကျီးတန်အောင် နောက်တခေါက်လုပ်ပြန်ပြီ။

သီဟ said...

ဒယ်အိုးဆရာတော်က ပရိယတ္တိ သင်ယူနေကြ၊ ပြန်ပို့ချပေးနေကြတဲ့ စာသင်စာချ သံဃာတော်များကို ဒကာဒကာမတွေက အထင်ကြီးစရာမရှိအောင် ဟောပြောတယ်လို့ ပရိယတ်နယ်ပယ်က သံဃာတော်များက ယူဆကြတယ်။ ပဌာန်းကျမ်းကို ဟောတာလဲ အမှားတွေ ဖြစ်နေလို့ သံဃာတော်တစ်ပါးက ပြန်ဖြေရှင်းထားတယ်။
ဆရာတော်က လောကီ ဘီအက်စီဘွဲ့ ရခဲ့ပေမယ့် ပရိယတ် မသင်ယူဘဲ တရားဟောတော့ ဘုရားမဟောတာတွေ ကိုယ့်အထင်နဲ့ ဟောတာတွေ ပါကုန်တယ်။ ဆေးကျောင်းမတက်ဖူးဘဲ ဆေးခန်းဖွင့်သလို ဖြစ်နေလို့ သံဃာတွေဖက်က ဒီအမှားတွေ မဟောသင့်ကြောင်း မိန့်ကြတာပါ။ ဓမ္မာစရိယ မအောင်ရင် တရားမဟောရလို့တောင် သံဃာတွေက ပညတ်ချင်နေတယ်ဆိုတာလဲ ဒီသဘောပါပဲ။ ဘုရားမဟောဖူးတဲ့ တရားသစ် တရားဆန်းတွေ ပေါ်လာရင်၊ ဒကာဒကာမတွေကလဲ အပြောကောင်းလို့ နားယောင်ကုန်ရင် သာသနာပျက်မှာစိုးလို့ တားနေရတာပါ။

မျိုးချစ်လူငယ်(မှန်တာကိုဝေဖန်သည်) said...

ဒီမှာမောင်သီဟရေ။။။။။။သြော်...အပြောကောင်းလို့နားထောင်တာမဟုတ်ဘူးကွ....
အဟောပြောတွေကောင်းလို့ နားယောင်တာလဲမဟုတ်ဘူးကွ။
မြန်မာလူထုကိုးကွယ်တယ်။ ဗုဒ္ဖဘာသာကိုကမ္ဘာလုံး ပြန့်ပွားချင်တယ်ဆိုရင် မင်းအနေနဲ့ဒီလိုစကားမျိုးမသုံးသင့်ဘူး။
ဆရာတော်တရားဟော်တာ မင်းကောဘယ်နှစ်ခါနားထောင်ဖူးလဲ။
လက်ချိုးလို့တောင်ရီလို့ရတယ်မှတ်လား။
ဗုဒ္ဖဘာသာလဲ မြန်မာပြည်မှာပျက်ပါပြီ။

mghtin said...

ပြည်သူတွေကြည်ညိုအားထားတဲ့ ဆရာတော်များကိုတောင်မှ ရဲရဲတင်းတင်း ပိတ်ဆို့အရေးမှုတွေလုပ်ချင်တိုင်း လုပ်နေမှတော့...ကျန်တဲ့သူ တက်မလာနဲ့တဲ့၊
သူတို့က ကလေးတွေလား၊ ခွေးတွေလားတော့မသိဘူး၊
ပေးပြီးသားမုန့်လည်း သူတို့နဲ့ဓါတ်မတည့်တဲ့အခါ...ပြန်တောင်းချင်တောင်းနေသလိုမျိုး...
ဒီမိုကရေစီလည်း ပေးမယ်ပြောပြီး...
ပေးပြီးတဲ့အခါ ပြန်တောင်းနေရင်...
ကိုယ့်လူတို့ရေ...
ခင်ဗျားတို့...ဘာတွေပဲ ဆွေးနွေးကြ...ဆွေးနွေးကြ
အားလုံးသိထားရမှာကတော့
သူတို့တွေက...လပြည့်နေ့တိုင်း...အသားစိမ်းစားရမှ ကျေနပ်မယ့်
လူတစ်ပိုင်း ၀ံပုလွေတစ်ပိုင်း ``မုဆိုးရိုင်းတွေပဲ´´...

Randy Orton said...

ဟိုသီဟဆိုတဲ့ အကောင်ကဘာလဲကွ ဏဂန်းတစ်လုံးမှ နားမလည်ပဲ ထင်ရာမြင်ရာစွတ်ပြောနေတဲ့ကောင် ...ဓမ္မာစရိယ မအောင်တာနဲ့တရားမဟောရဘူးလို့ ဘယ်မင်းပထွေးကပြောထားလဲ.........ဘုရှင်လက်ထပ်တော်မှာ စာမတက်ပဲ ရဟန်းဒါဖြစ်ပြီး ဟောပြောသင့်တဲ့ ချွတ်ထိုက်သင့်တဲ့လူတွေကို ဟောပြောခဲ့တာတွေမင်း မကြားဘူးဖူးမှလား...ဘယ်ပထွေးဆီက သံယောာင်လိုပြီး လျှော်ပြောနေတာလဲ အဲလိုပြောနေမယ်ဆိုရင် မင်းဟာ ဒယ်အိုးကို နိုင်ငံကူးလက်မှတ်မလို ဗီဇာမလိုပဲ အရောက်သွားရမှာပါ...။

Tri Asian Taste said...

သီဟရေ
ဆရာတော်ဟောတဲ့အတိုင်းမဟုတ်ဘဲ
မင်းရဲ့ ဟန်နဲ့ ဒါမှ မဟုတ်မင်းကိုးကွယ်တဲ့ ဘုန်းကြီးတွေရဲ့ ဟန်နဲ့

၁)ဥာဏ်
၂)ဘာကြောင့်တန်းဘိုးရှိတယ်
၃)ဘာကြောင့်အပြစ်ဖြစ်သလဲ
၎)သာသနာရဲ့ အနှစ်သာရကဘာလဲ
၅)ဘုရားဘာကြောင့်ရှစ်ခိုးရတယ်
၆)ဘုရားကို ဘယ်လိုရှစ်ခိုးရမယ်
ရ)ဘုရားကို ဘယ်လို ယုံကြည်သလဲ
၈)ဘုရားကိုဘယ်လောက်အထိယုံကြည်သလဲ
၉)ဘုရားကို ဘာဖြစ်လို့  ယုံကြည်ရတာလဲ

ဆိုတာတွေကို ပြန်ဖြေပေးပါ။
ဆရာတော် ဥုးသုမင်္ဂလ လို အများနားလည်အောင် ဟောပြနိုင်ရင် သာဓုခေါ်ဘို့ အရန်သင့်ပါ။ မဟုတ်ရင် ဒီလိုပြေမဲ့အစား တခြားဘာသာပြောင်းလိုက်ပါ။

လပြည့်ဝန်း said...

ဦးသုမင်္ဂလအကြောင်း ကျနော်သိသလောက်/ ကိုယ်တွေ့ ကြုံခဲ့တာလေးတွေကို ပြောပြချင်ပါတယ်။
ကျနော် လွန်ခဲ့တဲ့ ၆-နှစ်လောက်က ဦးသုမင်္ဂလနေခဲ့ဘူးတဲ့ မန္တလေးကျွဲဆည်ကန် ကားဝန်းအနီးက
မိဂါဒါဝုန်ကျောင်းတိုက်မှာ နွေရာသီ ကျောင်းပိတ်ရက်မှာ မေမေနဲ့ အတူ
သင်္ကြန်တရားစခန် ၀င်ဘူးလို့ စတင် သိခဲ့ပါတယ်။
လူချင်း မသိပါဘူး၊ သူဟောတဲ့ တရားအကြောင်း ဆက်စပ်မှု မရှိတာကို သိခဲ့တာ။
ကျနော်လည်း ဗုဒ္ဓစာပေများကို လေ့လာထားတော့ အခြေခံလောက်တော့ နားလည်တယ်။
အဲဒီမှာ ဦးသုမင်္ဂလဘယ်လို ဟောသလဲဆိုတော့ ပထမနေ့မှာ ဟောတာက...
ဘုရားရှင်ရဲ့ တခိုးတော်ဟာ ဘာမှ အသုံးချလို့ မရဘူးလို့ ဟောတယ်။
နောက်တစ်နေ့ကျတော့ ဘယ်လို ဟောပြန်သလဲဆိုတော့. . .
အရှင်ဝက္ကလိမထေရ်အကြောင်း ဟောတယ်....
အရှင်ဝက္ကလိမထေရ်ကို ဘုရားရှင်က တန်ခိုးတော်နဲ့ ကယ်ချွတ်တော် မူတာလို့ ဟောတယ်၊ ရှေ့နောက် စကား ဆန့်ကျင်နေယ်။

အဲဒီစခန်းမှာပဲ စခန်းဝင် ပရိတ်သတ်တချို့က တရားလာမေးကြတယ်...။ ကျနော်က မမျှော်လင့်ပဲ ဦးသုမင်္ဂလသီတင်းသုံးတဲ့ ကျောင်းမှာ ရောက်နေတော့ သိခဲ့ရတာ။
(ဦးသုမင်္ဂလက ကျောင်းထိုင်ဆရာတော် ဦးသုမနနဲ့ တစ်ကျောင်းတည်း သီတင်းသုံးပါတယ်။)
အဲဒီမှာ စခန်းဝင်ပရိသတ်တချို့က ဘာလာမေးလဲဆိုတော့ “ရူပါဝစရဘုံ”(ရူပဗြဟ္မာ)ဘုံမှာ “နာမ်တရား”ရှိ/ မရှိ လာမေးတာပါ။ ဦးသုမင်္ဂလက ဘယ်လို ပြန်ဖြေလိုက်သလဲ ဆိုတော့ “ရူပဗြဟ္မာဘုံ”မှာ “နာမ်တရားလုံးဝ” မရှိဘူး၊ “ရုပ်တရားချည်းပဲ” ရှိတယ်လို့ ဖြေလိုက်ပါတယ်။ လုံးဝမှားပါတယ်။
ရူပဗြဟ္မာဘုံမှာ ရုပ်တရား/နာမ်တရား ၂-မျိုးလုံး ရှိတယ်ဆိုတာ စာသင်တိုက်က ကိုရင်ငယ်လေးတို့ပင် သိတဲ့ ကိစ္စပါ။
လူဝတ်ကြောင်တို့တွင်လည်း ဒီအမေးကို အခြေခံ အဘိဓမ္မာသင်တန်းကို တက်ဘူးသူတိုင်း သိတဲ့/ ဖြေဆိုနိုင်တဲ့ အဖြေပါ။
==========================
နောက် တစ်ခုကတော့ သူငယ်ချင်းက ပြောပြလို့ သိရတဲ့ ထင်ရှားတဲ့ ဖြစ်ပျက်တစ်ခုပါ။
ဖြစ်ပျက်တာက စစ်ကိုင်းတောင်က နာမည်ကြီး သီလရှင်ကျောင်းမှာပါ၊
အဲဒီသီလရှင်ကျောင်းမှာ ဘုရားပွဲနဲ့ တွဲပြီး တရားပွဲ ကျင်းပတော့ ဦးသုမင်္ဂလကို ပင့်ပြီး တရားဟော/ တရားနာယူကြပါတယ်။
အဲဒီမှာ သူဟောလိုက်တာက တရားထူးရဖို့ ပရိယတ္တိကို သင်စရာမလိုဘူးတဲ့။
တကယ်တော့ တရားဟော/ တရားနာ/ တရားစာအုပ်များကို ဖတ်နေ လေ့လာနေကြတာသည် ပရိယတ္တိကို သင်ယူနေကြတာပါ။
စာသင်တိုက်ကြီးတွေလို ပို့ချ/သင်အံနေမှ ပရိယတ္တိကို သင်နေတာ မဟုတ်ဘူးဆိုတာ ဦးသုမင်္ဂလ သတိထားမိပုံ မရပါဘူး။
နောက်တစ်ချက် မှားပြန်တာက ဘုရားအနေကဇာတင်နေတာတွေက အပိုအလုပ်တွေတဲ့။
အဲဒီဘုရားပွဲမှာ ရန်ကုန်က ပရိယတ္တိစာသင်တိုက်းကြီး တစ်တိုက်က ပရိယတ္တိအကျော် အဘိဝံသဆရာတော်ကြီးကလည်း ရောက်ရှိနေတော့ ဆရာတော်ကြီးက ဦးသုမင်္ဂလကို ဘာမိန့်သလဲဆိုတော့ ကိုယ်တော် အဲဒီတရားတွေကို ပြန်ပြင်ဟောပါလို့ မိန့်ပါတယ်။
ဦးသုမင်္ဂလက တရားကိုလည်း ပြင်မဟောတော့ပဲ ပြန်ကြွသွားပါတော့တယ်လို့ သိရပါတယ်။
==========================
ကျနော် ကိုယ်တွေ့ ကြုံရသမျှ/ မှတ်သားမိသလောက် တင်ပြတာပါ။
==========================
ကျနော်တို့ လူဝတ်ကြောင်တွေ သတိပြုဖို့က တချို့ ပိဋကတ်စာတွေဟာ ကျနော်တို့ လက်လှမ်းမှီဖို့/ ဘုရားရှင်အာဘော်ကျ သိဖို့ / နားလည်ဖို့ ခက်တာတွေ ရှိပါတယ်။
==========================
အပေါ်က ကွန်မင့်တစ်ခုမှာ “သီဟ”ဆိုတာသည် သာသနာ့ဘောင်က ရဟန်းတော် ဘုန်းဘုန်းတစ်ပါး ဖြစ်နိုင်ပါတယ်။
သူပြောထားတဲ့ စကားတွေကို ကြည့်ပြီး ကျနော်တို့ ခန့်မှန်း သိနိုင်ပါတယ်။

ကျနော်တို့ တတွေ အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဂရမ္မာအရေးကြီးသလို
ဘုရားဟောစာတွေ လေ့လာတဲ့အခါမှာလည်း ပါဠိဂရမ္မာဆိုတာ ရှိပါတယ်။
ဂရမ္မာမနိုင်ရင် အင်္ဂလိပ်မှာပဲ ဖြစ်ဖြစ်၊ ပါဠိမှာပဲ ဖြစ်ဖြစ်၊ မြန်မာစာပေမှာပဲ ဖြစ်ဖြစ် မှားယွင်းစွာ အကောက်မှား၊ ဘာသာပြန် မှားနိုင်ပါတယ်။
အဲဒီကြောင့် အခုသတင်းထွက်နေတာက နယ်လှည့်ဓမ္မကထိကများ ဓမ္မာစရိယဘွဲ့ကို အောင်မြင်မှာ နယ်လှည့် တရားဟောခွင့်ပေးဖို့ စည်းကမ်းထုတ်မယ်လို့ သတင်းကြားနေရပါတယ်။
==========================
ဒါကြောင့် အထက်ကွန်မင့်စာပိုင်ရှင် တစ်ဦးဖြစ်တဲ့ “သီဟ”ဆိုတာသည် ဘုန်းဘုန်းတစ်ပါး ဖြစ်နိုင်တဲ့အတွက် ကျနော်တို့တတွေ ကွန်မင့်ပေးရင်း ဘယ်သူရယ်လို့ ဒိဋ္ဌမမြင်ရပဲ အလွယ်တကူ မပစ်မှားမိကြဖို့ သတိထားသင့်တယ်လို့ ထင်ပါတယ် ခင်ဗျာ. . .။
==========================

tun tunalbany said...

ဆရာတော်ဘုရား
တပည့်တော်အနေနဲ့ ဆရာတော်ကို အမျိုးကောင်သားများက တရားဟောခွင့် ပိတ်ပင်လိုက်တာကြားရလို့ စိတ်မကောင်းမဖြစ်မိပါဘုရား။
ဒါပေမဲ့ မြန်မာပြည်မှ ဟုတ်ရဲ့ လားလို့ စိတ်စနိုးစနောင့်တော့ ဖြစ်မိပါတယ်
ဘုရား၊ ဆရာတော် ကျန်းမာရေးအတွက် အနားယူလိုက်ရတယ်လို့ ပဲ
(ယောနိသောမနသိကာယ)ဖြစ်မိပါတယ်ဘုရား။
ဆရာတော်ဟောကြားတဲ့ တရားထဲကလိုပါပဲ။ တရားတလုံးရဲ့ 
တန်းဖိုး တရားတပွဲရဲ့ တန်းဖိုး ဘယ်လောက်အရေးကြီးတယ်ဆိုတာ တပည့်တော် နားလည်သလို တရားတပွဲကို ပိတ်ပင်တဲ့ အကုသိုလ်ကို လည်း(ဇနိတံပါကံဇနေတိ)ဆိုသလိုပါပဲ အမျိုးကောင်းသားတွေ တူသော
အကျိုးပေးပါလိမ့်မယ်ဘုရား၊
ဆရာတော်ကျန်းမာပါစေ
ရိုသေစွာဖြင့်
တပည့်တော် ထွန်းထွန်း (USA)

Hla Hla Yin said...

I support with the above statement; the dharma lecturer should be the monk who passed dharmaaccriya exam, now it is clearer the person was introducing his own ideas and damaging Buddhism by using his popularity. Thanks for the sangha Maha Nayarka sayadaw gyi myar for making necessary action. palms together and deep bows x 3

soe moe said...

ဘုန်းကြီးများ အနေ နဲ. နာမည်ကြီး ဆရာတော်များကို တရားပွဲပိတ် ခြင်းကို မပြုလုပ်ခင်.. ရဟန်းတော်များ အဖွဲ.အနေဖြင်. ဆိုဆုံးမခြင်း ကို အနည်းဆုံး (၃) ကြိမ်မျှ ပြုလုပ် သင်.သည် ဟု အကြံပြုလိုပါသည်။

အညတရ said...

ဆရာတော် ဥူးသုမင်္ဂလတရားတော်တွေကို နှစ်သက်ပါတယ်ဘုရားအရှင်ဘုရား ဟောသောတရားများသည် အချို့ အချက်အလက်များသည် တိကျမှုမရှိသော တရားတော်များ(ဓမ္မကိုမယုံကြည့်၍မဟုတ် အဌကထာဆရာများကို အလုံးစုံယုံကြည်ရန်မဖြစ်နိုင်၍)ကို ဟောပြောနေရသည့်အတွက် ချွတ်ချော်တိမ်းပါးနိုင်သည်ကိုနာလည်းပါသည်ဘုရားအမှားသိလျှင်အမှန်ပြင်လို့ရပါသည်ဘုရား သို့သော် အရှင်ဘုရား၏ ကိုယ်ကျင့်တရားနှင့် ဗုဒ္ဓ၏ အနှစ်သာရ များ ကို တပည့်တော် ၂၀၀၁ လောက်တွင်စတင်လေ့လာရင်း ဆရာတော်၏တရားများကိုနာယူလိုက်သောအခါ တပည့်တော်သိထားသော အသိတရားများသည် ပွင်လင်းလာပါသည်ဘုရား အဓမ္မ၀ါဒီတွေဟာ လိုရင်းကိုမဆိုလိုပဲ လိုရာဆွဲ၍ သာသနာဖျက်နေကြပါသည်ဘုရား အရှင်ဘုရားဟောသောတရားများကိုနှစ်သက်မြတ်နိုးပါသည်ဘုရား အပြစ်ဆိုချင်လို့ လိုရာဆွဲ၍ ပုံကြီးချဲသူများသည် အဓမ္မ၀ါဒီများဖြစ်ကြပါသည်ဘုရား အရှင်ဘုရားကဲ့သို့သောဆရာတော်တွေသည် သာသနာတော်အဆက်ဆက်တွင် အားကြိးသူ အဓမ္မ၀ါဒီတွေကြောင့်ကျရှုံးသောလည်း အခုထက်တိုင်တပည့်တော်တို့ကြည်ညိုလေးစားလျှက်ပါဘုရား အရှင်ဘုရားအတွက်စိတ်မကောင်းခြင်းထက် သာသနာနှင့်လူမျိုးအတွက် ရင်လေးရပါသည်ဘုရား...မြန်မာတွေအလွယ်ကြိုက်အချောက်ကြိုက် ယောင်ဝါးလိုက်နေကြတာတွေဟာ တကယ်တော့ အုပ်ချုပ်သူအစိုးရကြောင့် တာဝန်မသိ ၀တ္တရားမသိ ဖြစ်သလိုထား ဖြစ်သလိုနေရာကနေ စိတ်ဓါတ်တွေပျက်ခဲ့ပါပြီဘုရား အရှင်ဘုရားတို့လို မာမာမတ်မတ်ရပ်ပြီးတော့ လူမျိုးအတွက်သာသနာအတွက် မလုပ်ရင် ဒီလိုပဲ ယောင်ဝါးနဲ့ပြီပါလိမ့်မယ်ဘုရား ယခုကွန်မန့်တွင်ဆန့်ကျင်တက်ရေးသူတွေ မိမိဘယ်လောက်တတ်မြောက်ပါစေ မိမိဘေးမှာ ဘယ်လောက် ဘာသာရဲ့အနှစ်သာရကိုသိသလဲ မေးကြည့်ပါ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ သာသနာတော်မှာတကယ်ကြိုးစားအားထုတ်နေသောအရှင်မြတ်များရှိပါသည် ထိုထိုသော သံဃာတော်အရှင်သူမြတ်များကို ဦးခိုက်လျှက် (အညတရ)

မျိုးချစ်လူငယ်(မှန်တာကိုဝေဖန်သည်) said...

သီဟနဲ့ လပြည့်ဝန်း ရေ.........
ဘာသာမတူရင်လည်း ပွဲလန်တုန်းဖျာမခင်းစမ်းပါနဲ့ဗျာ။
မြန်မာနိုင်ငံရဲ့ ၈၀% ကျော်ဟာ ဗုဒ္ခဘာသာဝင်တွေပဲ။
တရားဟောတာပဲမှန်တာဟောမှာပေါ့၊ ဗုဒ္ခဘာသာနိုင်ငံမှာ ဗုဒ္ခဘာသာ အဖွဲ့အစည်းလုပ်တာပဲ(အသင်းဖွဲ့စည်းခြင်း) ဘာပါမစ်တင်နေရမှာလဲ။ ဘယ်သူ့ကြောက်နေရမှာလဲ။ အာဏာကို ကောင်းတဲ့ခေါင်းဆောင်က ရရင် နိုင်ငံဖွံ့ဖြိုးတာပဲ။ မကောင်းရင်တော့ နိုင်ငံလည်း မြောင်းထဲရောက်မှာပဲ။ အသိစိတ်ရှိတဲ့လူတွေကတော့ကန့်ကွက်မှာပဲ။ ကိုယ်နဲ့မဆိုင်ဘူးဖြစ်ချင်ရာဖြစ်ဆိုတဲ့သူတွေကလည်း မသိလိုက်မသိဘာသာနေနေကြတာပဲ။
ဘာသာရေးကို အာဏာနဲ့လဲချင်နေတဲ့သူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ ခေါင်းစဉ်တပ်နေကြတာပဲ။
ဒီလိုနဲ့ နိုင်ငံ ဘယ်တော့ကောင်းစားတော့မှာလဲ။

soe moe said...

စကားဆိုတာ ပြောပါများရင် အမှား ပါတတ်ကြတာ အားလုံးလက်ခံနိုင်လိမ်.မည် ထင်ပါသည်။ သို.ပါ၍
အားကြီးသူများက..သာသနာဝန်ထမ်းများကို သဘောထားကြီးစွာ ဆက်ဆံသင်.ပါသည်။
အပြစ်ဆိုချင်လို့ လိုရာဆွဲ၍ ပုံကြီးမချဲ.သင်.ပါ။

မိုးချစ်သူ said...

ညီမကတော့ တရားနဲ့ပတ်သတ်လို့ အငြင်းအခုံမပြုလုပ်လိုပါဘူး။။ တရားဆိုတာ ဘုရားရှင်မပေါ်ခင်ကတည်းက သူ့ဘာသူရှိနေတာလို့ သိခဲ့ရပါတယ်။ ဘုရားရှင်ကလဲ တရားဆိုတာကိုရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့လိုပဲ ကိုယ်တိုင်ကြုံတွေ့နေတဲ့ခေတ်အနေအထားနဲ့ လူနေမှုပေါ်မှာလိုက်ပြီး တရားသဘော(သဘောတရား) တွေကို လူအများနားလည်အောင် တက်မြောက်တဲ့ပုဂ္ဂိုလ်တွေက သွန်သင်ပြတယ် ဟောကြားကြတယ်။ သင်္ချာလိုပုံသေနည်းနဲ့ တရားကိုတွက်ချက်လို့ရတာမဟုတ်လို့ တရားဟောပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး ဟောပြောပုံခြင်းလဲတူညီမှုမရှိဘူးလို့ထင်ပါတယ်။ ပြီးတော့ ဘာဘွှဲရမှာ ညာဘွှဲရမှာ ဘယ်တရားကိုဟောရမယ်ဆိုတာလဲ တကယ်တော့ ပညဏ်ချက်တွေလို့ထင်ပါတယ်။ ဘွှဲ့တံဆိပ်တွေရမှာ တရားဟောရမည်ဆိုပါက ဘုရားရှင်ကို အဘယ်သူဘွှဲ့တံဆိပ်ပေးအပ်ခဲ့သနည်း။
နောက်ဆုံးအနေနှင့် တရားအမျိုးအစားများကို ခွဲမည်ဆိုတာပါ ရေတွက်မရအောင်များပြားလှသည်။ တရားကျင့်စဉ်များလဲ မတူညီကြပေ။ ဒါ့ကြောင့် မိုးကုတ်၊ မဟာစည်၊ ဖားအောက် အမျိုးအစားကွဲပြားကြပေသည်။ ဘယ်တရားကတော့မှန်သည် မှားသည်မှာ မိမိအသိညဏ်စင် မှီသလောက်နှင့်သာ သက်ဆိုင်သည်ဟု ထင်မြင်ယူဆမိပါသည်။ ညီမအသက်အရွယ်နဲ့ ညဏ်မှီသလောက် တွေးကြည့်တဲ့ အယူအဆကို ဆွေးနွေးကြည့်တာပါ။ ကျေးဇူးတင်ပါတယ်။။။။

Burmese ပိတောက်မြေ said...

သိဟ နဲ့ လပြည့် ၀န်းက ဘာကောင်တွေဘဲဖြစ်ဖြစ်ကွါ ငရဲကြီးလဲ
တရားပွဲပိတ်တဲ့ကောင်တွေထက်တော့ သာမှာဘဲ မင်းတို့ ရဲ့  မီဒီယာ
ကို မီဒီယာနဲ့ တုံ့ ပြနမယ်ဆိုတဲ့ ကျော်ဆန်းရဲ့  ဦးနှေက်လောက်နဲ့ တော့
လူတွေကြားထဲ ခွေးတိုးပေါက်ကနေ တိုးတိုးပြီး ဟောင်မနေနဲ့ လို့ ငါပြော
လိုက်မယ် ဒီမှာဖတ်နေတဲ့လူတွေ မင်းတို့ မိုင်းမိပြီးငြိမ်နေမယ်လို့ ထင်နေတာလာ စစ်ခွေးတွေနဲ့ ပေါင်းတဲ့
ဘုန်းကြီးလဲ ဒယ်အိုးသွားမှာဘဲ ကိုယ့်ကျင့်တရားဆိုတာ ဘယ်သူမှ မသိပေမယ့် ကိုယ့်သောက်ကျင့်တော့ကိုယ် သိကြမှာပါ အဲဒီသောက်ကျင့်ရဲ့ မကောင်းတဲ့အရိပ်တွေဟာ မင်းတို့ လို ကောင်တွေ ရဲ့ နောက်မှာ အမြဲတမ်းကပ်နေတယ်ဆိုတာ မင်းတို့ ကိုယ်တိုင်သိပါတယ်
မင်းတို့ ရဲ့ အမြင်လေးတွေရှိရင်လည်း ဒီအဖွဲ့ ထဲကနေ လာရှင်းပြပါ
အဆဲတော့မခံရအောင် သတိ ထားကြနော် http://www.facebook.com/groups/308385639189876/

Wunna Thaw said...

ပြောလိုက်ကြတာ ကြောက်ဖို့တောင်ကောင်းတယ်
သူလည်း သူ့အမြင် ရေးတာပေါ့
Anti ရှိ ရင် Pro လဲရှိမှာပေါ့
နားလည်လိုက်ပါ
အဲဒါ blog တို့ tweet တို့ ရဲ့ သဘောပဲလေ...

ဖိုးသားလေး said...

ဦးစွာပထမ ဆရာတော် ကျန်းမာပါစေ၊ ချမ်းသာပါစေ
ဆရာတော်အား ဝေဖန်ပုတ်ခတ်ခဲ့သူများ ကိုယ့်ကိုကိုယ် ပြန်ပြီး ဆုံးမသင့်ပါသည်။ ဆရာတော်ကြောင့် မှားယွင်းသောသောလမ်းမှ သာလွန်မြင့်မြတ်သောလမ်းသို့ရောက်သွားသူများမှာ အလွန်ပင်များလှပါသည်။
ဆရာတော်မှာ အမှန်ကိုပြောဖို့၊ လုပ်ဖို့ ခက်နေသော ကျွန်ပ်တို့နိုင်ငံတွင် အမှန်တာရားကိုရဲတင်းစွာထုတ်ဖော်ဖို့၊ ကောင်းမှုကို ရဲတင်းစွာလုပ်ဆောင်ဖို့ ကိုပြတ်သားစွာအားပေးထောက်ခံခဲ့သူဖြစ်ပါသည်။
အချောင်စား၊ သူတောင်းစားများအဖို့တော့ ဆရာတော်၏ မြင်ြ့မတ်သာလွန်သော တရားတော်များကိုနာယူဖို့ အင်မတန် ခက်ခဲလှပါသည်။
ဆရာတော်ကဲ့သို့သောသာသနာ့အာဇာနည်တပါးကို ယခုကဲ့သို့ဖြစ်ရခြင်းသည် မြန်မာပြည်သူများအတွက် အလွန်စိတ်မကောင်းစွာ ဖြစ်ရပါသည်၊၊ မြန်မာပြည်သူများ လွတ်လမ်းပိတ်သွားပါပြီ။ မြန်မာပြည်ကြီးဒုက္ခ ကြီးကျယ်စွာ ရောက်တော့မည်ကိုမြင်ယောင်နေမိပါသည်။

Myinn Moe said...

ကျွန်တော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဆရာတော်ဘုရားဟောတော်မူခဲ့တဲ့တရားတော်တွေဟာ လူတစ်ယောက်အား လမ်းကောင်းလမ်းမှန် ရောက်အောင် ဘ၀ကူးကောင်းအောင် ရည်ရွယ်ပြီးဟောခဲ့တာတွေချည်းပါပဲ။ ခက်တာက ကျွန်တော်တို့ဘာသာစကားနဲ့ နိုင်ငံရေးပဲ။ ဗမာစကားMeaning တွေကများတော့ တရားကို မာန်ပါပါနဲ့ ဟောတတ်တဲ့ ဆရာတော်ဟောကြားတဲ့ တရားတွေဟာ နိုင်ငံရေးနဲ့ ညိုညိုနေတယ်...အခုအချိန်မှာ ကျွန်တော်တို့ ဘယ်သူ့ ဘယ်သူမှ အပြစ်တင်မနေတော့ပဲ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူမှု.ရေးနယ်ပယ်အသီးသီးမှာ ကိုယ့်ဘက်ကတတ်နိုင်သလောက်ကူညီဖေးမ သံသရာအတွက်တရားဘ၀နာပွားများကြရင်း နတ်လူသာဓုခေါ်မည့် အလုပ်တွေ လုပ်ကြရင် မကောင်းဘူးလားဗျာ.....

Anonymous said...

တစ်နေ့မနက်စောစောအိပ်ယာမှလန့်နိုးလာသည်။စောစောစီးစီး ဘယ်အိမ်ကရန်တွေဖြစ်နေပါလိမ့်။ အသေအချာနားစွင့်ကြည့်သောအခါဘေးအိမ်မှဦးသုမင်္ဂလတရားဖွင့်နေတာ
ဖြစ်ကြောင်းသိလိုက်ရသည်။
သြော်--တရားဆိုတာဒီလိုဟောရတာလား?
လက်ရှိအစိုးရကိုမကောင်းမြင်ဝါဒပြောခြင်းကိုတရားဟောသည်ဟုခေါ်ပါ
သလား?

Anonymous said...

ရုတ်တရက်အိပ်နေရာမှလန့်နိုးလာသည်။မနက်စောစောဘယ်အိမ်
ကများရန်တွေဖြစ်နေပါလိမ့်။သေသေချာချာနားစွင့်ကြည့်တော့မှ-
သြော်--ဘေးအိမ်ကဦးသုမင်္ဂလတရားခွေဖွင့်နေတာပါလားဟုသိလိုက်ရသည်။လက်ရှိအစိုးရကိုမကောင်းပြောခြင်း။ရင့်ရင့်သီးသီးပြောဆို
ခြင်းသည်တရားဟောသည်ဟုခေါ်ပါသလား။

Powered by Blogger.