စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့်လုပ်သားများကို
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတပေးသော အလုပ်သမားမှတ်ပုံတင်စမတ်ကတ်ဖြင့်
လာရောက်လျှောက်ထားမှသာ ဗီဇာပေးတော့မည်ဖြစ်ကြောင်း အလုပ်မားညွှန်ကြားမှု
ဦးစီးဌာနမှ ၂၁-၁၂-၂၀၁၁ ရက်က သိရသည်။
ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူအလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက် စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ "မလေးရှားသံရုံးနဲ့ ဒီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။ အောင်တိုဘာလကနေ အခုအထိ မလေးရှားကိုသွားရောက်သူ ၃၀၀၀ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရတယ်။ လူက မလေးရှားရောက်သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့။ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ်အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်" ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။
"စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်အတွက် FEC ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှ သိရသည်။
By: သစ်ထူးလွင်

စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်
Reviewed by သစ်ထူးလွင်
on
06:25
Rating:
9 comments:
သိပ်နားမလည်ဘူးဗျာ တကယ်လို့ စကာင်္ပူကို အလည်လာရင်းအလုပ်ရှာမယ်ဆိုရင်ကော အဲဒီ Smart Card မပါရင် ဒီက ဗီဇာမပေးဘူးဆိုတဲ့သဘောလား.....???
သြော် စားပေါက်ထွင်ပြန်ပဟဲ့း)
ဟဟဟ အကြံအဖန်တမျိုးပေါ့ဟ
Many gov. departments never think to help the public they always think how to rob money from the public politely.
အေး မင်းတို့တွေ ပဲ လုပ်စားကြ အဲ့ဒီ စမတ် ကဒ် က စ လုံးမှာ အလုပ် လာလုပ်နေတဲ့ တို့ မြန်မာ တွေ ကို ဘယ်လို အထောက်အကူ ပြုလဲ တကယ် အထောက်အကူ ပြု တဲ့ စနစ်တခု ဖြစ်တယ်ဆိုရင် လည်း လွတ်လပ်ပွင့်လင်းတဲ့ အစိုးရတရပ်အနေနဲ့ အားသာချက် အားနည်းချက်တွေကို ဖော်ပြနိုင်ရမယ် ။ အခု ဟာက စည်းမျဉ်းတခု ထုတ်လိုက်တိုင်း မင်းတို့အတွက်ချည်း ဖြစ်နေတယ်။ အလုပ်သမားလို့ ပြောတဲ့နေရာမှာ ဘယ် အဆင့်ထိ ပါလည်း ပညာရှင်တွေ ပါ ပါလား။ စ လုံးကို ထွက်လာဖို့ ကြိုးစားတဲ့ သူငယ်ချင်းတွေကို အကောင်းဆုံး အကြံပေးချင်တာက ကိုယ့်အားကိုယ် ကိုးပြီး ဒီရောက်မှ ကိုယ်ဘာသာ အလုပ်ရှာ အေးဂျင့်ပေးမယ့်ငွေကို ရန်ကုန်မှာ အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေးမှာ အသုံးချခဲ့ ဘွဲ့တခု ရထားမယ် အင်္ဂလိပ်စာကို ကိုယ်လိုတာပြောနိုင် သူများ ဘာပြောတယ်ဆိုတာ နားလည် နိုင်ရင် စ လုံးမှာ အဲ့လောက် အလုပ်မရှားဘူး။ကိုယ့်ဘက်ကပြင်ဆင်ခဲ့ဖို့တော့ လိုမယ်။ လာခဲ့ပါ မြန်မာတွေ ငါတို့လုပ်နိုင်တာတွေကို လုပ်ကြရအောင်။
smart card က FEC 100 တောင်လား? FEC 100 ဆိုတာ မြန်မာငွေနဲ့ ရှစ်သောင်းကျော်နော်။ နိုင်ငံခြားမသွားခင်တစစီ ပြည်တွင်းမှာတင် အရင်အနွှာခံနေရပါလား။ ရိုက်ချက်ကတော့ မိုက်တီးထက်ပြင်းဗျာ။ အဲဒါဘယ်သူ့ကုမ္မဏီနဲ့ ပေါင်းရိုက်တာလဲဗျာ။ ဗဟုသုတအနေနဲ့ သိချင်လို့ပါ။
လုပ်စားတော့ မိုးခေါင်....ခိုးစားတော့ ခွေးဟောင်....ဆိုတာလိုဖြစ်နေပြီ...။
Burmese people are already suffering and all government can think about is how to make money from poor people.
“အဓိကအကြောင်းအရင်းက တစ်ဖက်နိုင်ငံမှာ အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် အလုပ်သမားတွေဖက်က အလုပ်သမား မှတ်ပုံတင်ကတ်ပြပြီး သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့ရနိုင်အောင်အတွက်ပါ။”
အလုပ်သမားနဲ့အလုပ်ရှင်ပြဿနာတစ်ခုခုဖြစ်ရင် အလုပ်ခန့်စဉ်ကချုပ်ခဲ့တဲ့စာချုပ်ပါ
အချက်အလက်နဲ့ပဲတရားရေးဆောင်ရွက်ကြရတာပါ
အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှသက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့ရနိုင်အောင်ဆိုတဲ့
အချက်ကတော့အစိုီးရအဖွဲ့တွေရဲ့တာဝန်မယူချင်လို့ခေါင်းရှောင်တဲ့ဆင်ခြေတွေပါ
အလုပ်သမားဝန်ကြီးဌာနကတော့FEC ၁၀၀လိုချင်တာနဲ့ ဗီဇာအခက်အခဲရှိနေပြီးဖြစ်တဲ့
မြန်မာနိုင်ငံသားတွေကိုဘူးလေးရာဖရုံဆင့်ပြီး အခက်အခဲဖြစ်အောင်လုပ်ချလိုက်ပြန်ပါပြီ
တခြားနည်လမ်းနဲ့FEC ၁၀၀ကောက်ဖို့မစီစဉ်နိုင်တော့ဘူးလားခင်ဗျာ
Post a Comment